ပင်မစာမျက်နှာ
ကျွန်ုပ်တို့အကြောင်း
my
العربية - عربي
English - إنجليزي
español - إسباني
português - برتغالي
Kiswahili - سواحيلي
Français - فرنسي
Русский - روسي
اردو - أردو
italiano - إيطالي
Türkçe - تركي
አማርኛ - أمهري
ไทย - تايلندي
සිංහල - سنهالي
Wikang Tagalog - فلبيني تجالوج
Tiếng Việt - فيتنامي
नेपाली - نيبالي
Hausa - هوسا
Wollof - ولوف
বাংলা - بنغالي
ئۇيغۇرچە - أيغوري
অসমীয়া - آسامي
فارسی - فارسي
فارسی دری - دري
azərbaycanca - أذري
Ўзбек - أوزبكي
Deutsch - ألماني
Shqip - ألباني
فلبيني مرناو - فلبيني مرناو
български - بلغاري
ဗမာ - بورمي
bosanski - بوسني
polski - بولندي
தமிழ் - تاميلي
татар теле - تتاري
română - روماني
svenska - سويدي
нохчийн мотт - شيشاني
Soomaali - صومالي
тоҷикӣ - طاجيكي
Pulaar - فولاني
कश्मीरी - كشميري
한국어 - كوري
македонски - مقدوني
bahasa Melayu - ملايو
മലയാളം - مليالم
magyar - هنجاري مجري
हिन्दी - هندي
Èdè Yorùbá - يوربا
ελληνικά - يوناني
қазақ тілі - كازاخي
עברית - عبري
中文 - صيني
Bahasa Indonesia - إندونيسي
dansk - دنماركي
پښتو - بشتو
أنكو - أنكو
Luganda - لوغندي
తెలుగు - تلقو
日本語 - ياباني
ትግርኛ - تجريني
Кыргызча - قرغيزي
Kurdî - كردي
Nederlands - هولندي
čeština - تشيكي
українська - أوكراني
eesti - إستوني
suomi - فنلندي
Адыгэбзэ - شركسي
Norwegian - نرويجي
ქართული - جورجي
tamashaq - طارقي
ދިވެހި - ديفهي
slovenčina - سلوفاكي
Türkmençe - تركماني
башҡорт теле - بلوشي
afaan oromoo - أورومو
ភាសាខ្មែរ - خميرية
ಕನ್ನಡ - كنادي
Bassa - الباسا
Lingala - لينغالا
lietuvių - ليتواني
bamanankan - بامبارا
Soninke - سوننكي
Malagasy - ملاغاشي
Mandinka - مندنكا
Sängö - سانجو
Српски - صربي
Afaraf - عفري
Kinyarwanda - كينيارواندا
Jóola - جوالا
Bi zimanê Kurdî - كردي كرمنجي
Akan - أكاني
Chichewa - شيشيوا
ગુજરાતી - غوجاراتية
Mõõré - موري
créole - كريولي
ພາສາລາວ - لاو
ပင်မစာမျက်နှာ
ကျွန်ုပ်တို့အကြောင်း
Contact Us
အုမရ် ဗင်န် ခသ်သွားဗ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူခဲ့သည်။ ဧကန်အမှန်ပင် အမလ်လုပ်ဆောင်ချ...
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ ဧကန်အမှန် လုပ်ဆောင်ချက်အားလုံးသည် ရည်စူးချက်အပေါ်တွင် အခြေခံသည်။ ဤအမိန့်သည် ခဝပ်ကိုးကွယ...
အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ မည်သူမဆို ကျွန်ုပ်တို့၏...
ရှရီအဟ် တရားလမ်းစဉ်၏ မည်သည့်ရှုထောင့်နှင့်မျှ ကိုက်ညီမှုမရှိသော လုပ်ရပ် သို့မဟုတ် အပြောဆိုများ တနည်းအားဖြင့် ရှရီအဟ် တရားလမ်းစဉ်၏ အထောက်ထားများနှင့် စ...
အုမရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တစ်ရက်တွင်ကျွန်တော်တို့သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ၌ ထိုင်နေကြစဉ် လွန...
အုမရ်(ရဿွိယလ္လာဟုအန်ဟု)ကပြောပြသည်မှာ ဂျိဗ်ရီးလ်(အလိုင်းဟိစ္စလာမ်)သည် ဆွဟာဗဟ်များထံ လူစိမ်းတစ်ဦးအသွင်ဖြင့် ထွက်ပေါ်လာသည်။ ၎င်း၏သွင်ပြင်မှာ သူ၏အဝတ်အစား...
အဗူအဗ်ဒုရ်ရဟ်မာန် အဗ်ဒုလ္လာဟ် ဗင်န် အုမရ် ဗင်န် ခသ်သွာဗ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန...
အဗ်ဒုလ္လာဟ်ဗင်န်အုမရ်ဗင်န်ခသ်သွာဗ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်မှာ-(အစ္စလာမ်သာသနာသ...
မုအာဇ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် မြည်းပေါ်တွင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏နောက်မှ လိုက်ပါစီးနင်းခဲ့သည်။ ထိုမြည်း...
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ အရှင်မြတ်၏ကျေးကျွန်များအပေါ်တွင်ရှိသည့် ဝတ္တရားနှင့် ကျေးကျွန်များနှင့် ပတ်...
ဧကန်အမှန်ပင် အမလ်လုပ်ဆောင်ချက်များသည် ရည်စူးချက်များအပေါ်တွင် မူတည်သည်။ လူတိုင်းသည် မိမိရည်စူးခဲ့သည့် အရာကိုသာရရှိမည်ဖြစ်သည်။...
အုမရ် ဗင်န် ခသ်သွားဗ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူခဲ့သည်။ ဧကန်အမှန်ပင် အမလ်လုပ်ဆောင်ချက်များသည် ရည်စူးချက်အပေါ်တွင် မူတည်သည်။ လူတိုင်းသည် မိမိရည်စူးခဲ့သည့် အရာကိုသာရရှိမည်ဖြစ်သည်။ ထို့ကြောင့် အကြင်သူ၏ ဟိဂျ်ရသ် နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်အတွက်ဖြစ်ခဲ့လျှင် ထိုသူ၏ဟိဂျ်ရသ် နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်အတွက် ဖြစ်မည်။ ထို့ပြင် အကြင်သူ၏ ဟိဂျ်ရသ် နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းသည် လောကီ (အကျိုး)ရရှိရန်အတွက် သို့မဟုတ် အမျိုးသမီးတစ်ဦးအား ထိမ်းမြားရန်အတွက် ဖြစ်ခဲ့မည်ဆိုလျှင် ထိုသူ၏ ဟိဂ်ျရသ် နေရပ် စွန့်ခွာရွှေ့ပြောင်းခြင်းသည် ၎င်းသူစွန့်ခွာရွှေ့ပြောင်းခဲ့သည့် အရာအတွက်ပင် ဖြစ်လိမ့်မည်။ ဗုခါရီ၏ စာသားတွင်« ဧကန်အမှန်ပင် အမလ်လုပ်ဆောင်ချက်များသည် ရည်စူးချက်များအပေါ်တွင် မူတည်သည်။ လူတိုင်းသည် မိမိရည်စူးခဲ့သည့် အရာကိုသာရရှိမည်ဖြစ်သည်။»
Hadeeth details
အကြင်သူသည် မည်သည့်အမလ်ကောင်းမှုကိုမဆို ပြုလုပ်ရာ၌ ငါတမန်တော်၏ အမိန့်မပါရှိခဲ့လျှင် ထိုအရာသည် ပယ်ဖျက်ခြင်းခံရမည်ဖြစ်သည်။...
အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ မည်သူမဆို ကျွန်ုပ်တို့၏ ဤသာသနာတော်၌ မပါရှိသည့်အရာကို တီထွင်ဖန်တီးခဲ့လျှင် ထိုအရာသည် ပယ်ချခြင်းခံရမည်ဖြစ်သည်။ အခြားဆင့်ပြန်ချက် တစ်ရပ်တွင် လာရှိသည်မှာ- အကြင်သူသည် မည်သည့်အမလ်ကောင်းမှုကိုမဆို ပြုလုပ်ရာ၌ ငါတမန်တော်၏ အမိန့်မပါရှိခဲ့လျှင် ထိုအရာသည် ပယ်ဖျက်ခြင်းခံရမည်ဖြစ်သည်။
Hadeeth details
အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သည့်အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်ဖြစ်ကြောင်း သက်သေခံခြင်း၊ ဆွလာသ်ဆောက်တည်ခြင်း၊ ဇကာသ်ပေးခြင်း၊ ရမဿွာန်လတွင် ဆွိယာမ်ဥပုသ်စောင့်ထိန်းခြင်းနှင့် (မက္ကဟ်မြို့သ...
အုမရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တစ်ရက်တွင်ကျွန်တော်တို့သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ၌ ထိုင်နေကြစဉ် လွန်စွာဖြူဖွေးသည့်အဝတ်အစားများ ဝတ်ဆင်ထားပြီး အလွန်မည်းနက်သော ဆံပင်ရှိသည့်ပုဂ္ဂိုလ်တစ်ဦး ကျွန်တော်တို့ရှေ့၌ ရုတ်တရက် ရောက်ရှိလာခဲ့သည်။ ထိုသူ၌ ခရီးထွက်လာသည့်လက္ခဏာ မတွေ့ရသလို ကျွန်တော်တို့ထဲတွင် သူ့ကိုသိသူ တစ်ဦးမျှလည်းမရှိပေ။ နောက်ဆုံးတွင် သူသည် တမန်တော်မြတ် ထံလာ၍ သူ၏ဒူးနှစ်ဖက်အား ကိုယ်တော်၏ဒူးနှစ်ဖက်နှင့်ထိကာ ကိုယ်တော်၏ပေါင်နှစ်ဖက်ပေါ်တွင် သူ၏လက်နှစ်ဖက်ကိုတင်၍ ထိုင်လိုက်ပါသည်။ ထို့နောက် သူက အို မုဟမ္မဒ်၊ ကျွန်ုပ်ကို အစ္စလာမ်နှင့်ပတ်သက်၍ ပြောပြပါဟု လျှောက်ထားလိုက်ပါသည်။ ထိုအခါ တမန်တော်မြတ်က အစ္စလာမ်ဟူသည် «အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သည့်အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်ဖြစ်ကြောင်း သက်သေခံခြင်း၊ ဆွလာသ်ဆောက်တည်ခြင်း၊ ဇကာသ်ပေးခြင်း၊ ရမဿွာန်လတွင် ဆွိယာမ်ဥပုသ်စောင့်ထိန်းခြင်းနှင့် (မက္ကဟ်မြို့သို့) သွားရောက်နိုင်စွမ်းရှိသူအတွက် ကအ်ဗဟ်ကျောင်းတော်သို့ သွားရောက် ဟဂျ် ပြုခြင်းတို့ဖြစ်သည်ဟု မိန့်ကြားတော်မူသည်။» ထိုအခါ ထိုသူက သင်ပြောတာ မှန်ပါသည်ဟုလျှောက်ထားခဲ့ရာ သူကိုယ်တိုင်က တမန်တော်မြတ်ကို မေးမြန်းလျှောက်ထားခဲ့ပြီးနောက် သူကိုယ်တိုင်ပင် မှန်ကန်ကြောင်းထောက်ခံသဖြင့် သူ့ကို ကျွန်တော်တို့ အံ့ဩခဲ့ကြရပါသည်။ ထို့နောက် ထိုသူက ကျွန်ုပ်ကို အီမာန်နှင့်ပတ်သက်၍ ပြောပြပါဟုလျှောက်ထားရာ တမန်တော်မြတ်က «အီမာန်ဟူသည် သင့်အနေဖြင့် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ကောင်းကင်တမန်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ကျမ်းဂန်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်များကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ သက္ကဒီရ် အရှင်မြတ်၏ အကောင်းအဆိုးသတ်မှတ်ချက်ကိုလည်းကောင်း သက်ဝင်ယုံကြည်ခြင်းဖြစ်သည်ဟု မိန့်တော်မူသည်။» ထိုအခါ ထိုသူက သင်ပြောတာ မှန်ပါသည်ဟုလျှောက်ထားလိုက်ပါသည်။ ထို့နောက် ထိုသူက ကျွန်ုပ်ကို အိဟ်စာန်နှင့်ပတ်သက်၍ ပြောပြတော်မူပါဟုလျှောက်ထားရာ တမန်တော်မြတ်က «အသင်သည် အလ္လာဟ်အရှင်မြတ်ကို မြင်နေရသကဲ့သို့ အရှင်မြတ်ကို ခဝပ်ကိုးကွယ်ပါ။ အကယ်၍ အသင်သည် အလ္လာဟ်အရှင်မြတ်ကို မမြင်မတွေ့နိုင်လျှင်လည်း အရှင်မြတ်က အသင့်ကိုမြင်တော်မူသည်(ဟုမှတ်ယူ၍ ခဝပ်ကိုးကွယ်ပါ)ဟု မိန့်တော်မူသည်။» ထိုသူက ကျွန်ုပ်ကို ကိယာမတ် ပြန်လည်ရှင်ပြန်ထမည့်နေ့နှင့်ပတ်သက်၍ ပြောပြတော်မူပါဟု လျှောက်ထားရာ တမန်တော်မြတ်က ထိုအကြောင်းအရာနှင့်ပတ်သက်၍ အမေးခံရသူသည် မေးမြန်းသူထက် ပိုမသိနိုင်ပါဟု မိန့်တော်မူသည်။ ထိုသူက သို့ဖြစ်လျှင် ထို(ကိယာမသ်)၏ ရှေ့ပြေးနိမိတ်လက္ခဏာများကို ပြောပြတော်မူပါဟု လျှောက်ထားရာ တမန်တော်မြတ်က ကျွန်မသည် မိမိ၏သခင်မကို မွေဖွားလိမ့်မည်။ ခြေဗလာအဝတ်အစားမဲ့ဆင်းရဲသားဆိတ်ကျောင်းသားတို့သည် မြင့်မားသည့်အဆောက်အဦးများ ဆောက်လုပ်ကြသည်ကို အသင်မြင်တွေ့ရလိမ့်မည်ဟု မိန့်တော်မူသည်။ ထို့နောက် ထိုပုဂ္ဂိုလ်သည် ထွက်ခွာသွားခဲ့ပါသည်။ အချိန်ခဏကြာပြီးနောက် တမန်တော်မြတ်က အို - အုမရ်၊ မေးမြန်းလျှောက်ထားသူကို အသင်သိပါသလားဟု မိန့်တော်မူရာကျွန်တော်က အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ရစူလ်တမန်တော်သာ အသိဆုံးဖြစ်ပါသည် ဟုလျှောက်ထားလိုက်ပါသည်။ တမန်တော်မြတ်က စင်စစ်၊ ထိုသူသည် ဂျိဗ်ရီးလ် ဖြစ်သည်။ သူသည် အသင်တို့အား အသင်တို့၏သာသနာကိုသင်ကြားပေးရန် အသင်တို့ထံ ရောက်လာခဲ့ခြင်းဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့ပါသည်။
Hadeeth details
အစ္စလာမ်သာသနာသည် မဏ္ဍိုင်ကြီး ငါးခုအပေါ်တွင် ဆောက်တည်ထားသည်။
အဗူအဗ်ဒုရ်ရဟ်မာန် အဗ်ဒုလ္လာဟ် ဗင်န် အုမရ် ဗင်န် ခသ်သွာဗ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ အစ္စလာမ်သာသနာသည် မဏ္ဍိုင်ကြီး ငါးခုအပေါ်တွင် ဆောက်တည်ထားသည်။ (၁)အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းကိုခံထိုက်တော်မူသော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်း သက်သေခံခြင်း၊ (၂)ဆွလာသ်ဆောက်တည်ခြင်း၊ (၃)ဇကာသ် ပေးဆောင်ခြင်း၊ (၄)ဟဂ်ျပြုခြင်း၊ (၅)ရမဿွာန်လ၏ ဆွိယာမ် ဥပုသ်စောင့်ထိန်းခြင်းတို့ဖြစ်သည်။
Hadeeth details
ဧကန်မုချ အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ ကျေးကျွန်များအပေါ်တွင်ရှိသည့်ဝတ္တရားမှာ ထိုအရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ရန်နှင့် အရှင်မြတ်နှင့်အတူ မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်မှု မပြုရန်ဖြစ်သည်။ ကျေးကျွန်များနှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အပေါ်တွင်...
မုအာဇ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် မြည်းပေါ်တွင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏နောက်မှ လိုက်ပါစီးနင်းခဲ့သည်။ ထိုမြည်း၏နာမည်မှာ အုဖွိုင်းရ် ဖြစ်သည်။ ကိုယ်တော်က အို-မုအာဇ် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ အရှင်မြတ်၏ကျေးကျွန်များအပေါ်တွင်ရှိသည့်ဝတ္တရားနှင့် ကျေးကျွန်များနှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အပေါ်တွင်ရှိသည့်ဝတ္တရားကို သင်သိပါသလားဟု မေးတော်မူသည်။ ကျွန်တော်က အလ္လာဟ်အရှင်မြတ်နှင့် အရှင့်ရစူလ်တမန်တော်သာ အသိဆုံးဖြစ်ပါသည်ဟု ဖြေကြားခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်တော်မူသည်မှာ- ဧကန်မုချ အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ ကျေးကျွန်များအပေါ်တွင်ရှိသည့်ဝတ္တရားမှာ ထိုအရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ရန်နှင့် အရှင်မြတ်နှင့်အတူ မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်မှု မပြုရန်ဖြစ်သည်။ ကျေးကျွန်များနှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အပေါ်တွင်ရှိသည့် ဝတ္တရားမှာ အရှင်မြတ်နှင့်အတူ မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်မှု မပြုသူအား အဇာဗ်ပြစ်ဒဏ်မပေးရန်ဖြစ်သည်။ ထိုအခါ ကျွန်တော်က အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ဤသတင်းကို လူတို့အား ကျွန်တော်မျိုး ပြောပြရမည်လောဟု လျှောက်ထားမေးမြန်းခဲ့သည်။ ကိုယ်တော်က ၎င်းတို့အား မပြောပြလေနှင့် ပြောပြလိုက်လျှင် ထိုအပေါ်တွင်သာ မှီခိုအားထားပြီး(အမလ်ကျင့်ဆောင်မှု မပြုဘဲ) နေကြလိမ့်မည်ဟု မိန့်ကြားခဲ့သည်။
Hadeeth details
မည်သည့် ကျေးကျွန်မဆို အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ အစေတော်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်း စိတ်နှလုံးသားထဲမှ မှန်ကန်စွာ သက်သေခံခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အပေါ် ငရဲမ...
အနတ်စ်ဗင်န် မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူ မုအာဇ်သည် အစီးအနင်းပေါ်၌ ကိုယ်တော်၏ နောက်တွင်လိုက်ပါခဲ့သည်။ ကိုယ်တော်က အို-မုအာဇ်ဗင်န်ဂျဗလ် ဟုခေါ်လိုက်ရာ ၎င်းက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးအသင့်ရှိပါသည်။ အမိန့်နာခံရန် အသင့်ရှိပါသည်ဟု ဖြေကြားခဲ့သည်။ ကိုယ်တော်က အို-မုအာဇ် ဟုခေါ်လိုက်ရာ ၎င်းက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးအသင့်ရှိပါသည်။ အမိန့်နာခံရန် အသင့်ရှိပါသည်ဟု ဖြေကြားခဲ့သည်။ ထိုသို့ သုံးကြိမ်ခေါ်တော်မူပြီးနောက် ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ- မည်သည့် ကျေးကျွန်မဆို အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ အစေတော်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်း စိတ်နှလုံးသားထဲမှ မှန်ကန်စွာ သက်သေခံခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အပေါ် ငရဲမီးကို ဟရာမ်အဖြစ်သတ်မှတ်တော်မူမည်ဖြစ်သည်။ ထိုအခါ ၎င်းက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် လူတို့ဝမ်းမြောက်ပျော်ရွှင်ကြစေရန်အတွက် ဤသတင်းကို ကျွန်တော်မျိုး ပြောပြရမည်လောဟု လျှောက်ထားမေးမြန်းခဲ့သည်။ ကိုယ်တော်က ပြောပြလိုက်လျှင် ၎င်းတို့သည် ထိုအပေါ်တွင်သာ မှီခိုအားထားပြီး(အမလ်ကျင့်ဆောင်မှုမပြုဘဲ) နေကြလိမ့်မည်ဟု မိန့်ကြားခဲ့သည်။ထို့ကြောင့် မုအာဇ်သည် ကွယ်လွန်ခါနီးအချိန်၌ (အသိပညာကို ဖုံးကွယ်ထားသည့်) အပြစ်ဖြစ်မည်ကို စိုးရိမ်သဖြင့် ထိုအကြောင်းကို ပြောပြခဲ့သည်။
Hadeeth details
အကြင်သူသည် ကလိမဟ်တော် “လာအိလာဟ အိလ္လလ္လာဟ်”အား ရွတ်ဆိုပြီး အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခံရသော အရာများကို ငြင်းပယ်ခဲ့ပါက ၎င်း၏ ပစ္စည်းဥစ္စာနှင့် အသက်သွေးတို့သည် (အခြားသူတစ်ဦးအတွက်) ဟရာမ်ဖြစ်သွားချေပြီ။ ၎င်းအား စာရင်းစစ်ဆေးခြင်းသည် အလ္လာ...
သွာရိက် ဗင်န် အရှီးမ် အလ်အရှ်ဂျအီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ အကြင်သူသည် ကလိမဟ်တော် “လာအိလာဟ အိလ္လလ္လာဟ်”အား ရွတ်ဆိုပြီး အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခံရသော အရာများကို ငြင်းပယ်ခဲ့ပါက ၎င်း၏ ပစ္စည်းဥစ္စာနှင့် အသက်သွေးတို့သည် (အခြားသူတစ်ဦးအတွက်) ဟရာမ်ဖြစ်သွားချေပြီ။ ၎င်းအား စာရင်းစစ်ဆေးခြင်းသည် အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်ပေသည်။
Hadeeth details
မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို ယှဉ်တွဲကိုးကွယ်ခြင်းမပြုပဲ သေဆုံးခဲ့ပါက ဂျန္နသ် သုခဘုံသို့ဝင်ရောက်ရမည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို ယှဉ်တွဲကိုးကွယ်၍ သေဆုံးခဲ့ပါက ဂျဟန္နမ်ငရဲဘုံသို့ဝင် ရောက်ရမည်။...
ဂျာဗိရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ လာရောက်၍ အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဂျန္နသ်နှင့် ဂျဟန္နမ်) ဝါဂျိဗ် ထိုက်စေမည့် အချက်နှစ်ချက်မှာ အဘယ်အရာပါနည်းဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ- မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို ယှဉ်တွဲကိုးကွယ်ခြင်းမပြုပဲ သေဆုံးခဲ့ပါက ဂျန္နသ် သုခဘုံသို့ဝင်ရောက်ရမည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို ယှဉ်တွဲကိုးကွယ်၍ သေဆုံးခဲ့ပါက ဂျဟန္နမ်ငရဲဘုံသို့ဝင် ရောက်ရမည်။
Hadeeth details
အကြင်သူသည် အလ္လာဟ်အရှင်မြတ်မှအပ အခြားတစ်စုံတစ်ရာကို ဟစ်ခေါ်ဆုတောင်း၍ သေဆုံးခဲ့လျှင် ထိုသူသည် ဂျဟန္နမ်ငရဲသို့ လားရမည်။...
အဗ်ဒုလ္လာဟ်ဗင်န်မတ်စ်အူးဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်မှအပ အခြားတစ်စုံတစ်ရာကို ဟစ်ခေါ်ဆုတောင်း၍ သေဆုံးခဲ့လျှင် ထိုသူသည် ဂျဟန္နမ်ငရဲသို့ လားရမည်။
Hadeeth details
ဧကန်အမှန်အသင်သည် ကျမ်းရထားသူများထံ သွားရောက်နေသည်ဖြစ်ရာ အသင်သည် သူတို့ထံရောက်ရှိလျှင် ၎င်းတို့အား အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သောအရှင်မရှိကြောင်းနှင့် ဧကန်အမှန် ငါကိုယ်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်း...
အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မုအာဇ်(ရဿွိယလ္လာဟုအန်ဟု)အား ယီမင်နိုင်ငံသို့စေလွှတ်သည့်အခါ မှာကြားတော်မူသည်မှာ- ဧကန်အမှန်အသင်သည် ကျမ်းရထားသူများထံ သွားရောက်နေသည်ဖြစ်ရာ အသင်သည် သူတို့ထံရောက်ရှိလျှင် ၎င်းတို့အား အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သောအရှင်မရှိကြောင်းနှင့် ဧကန်အမှန် ငါကိုယ်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံရန် ပထမဦးဆုံးဖိတ်ခေါ်ပါလေ။ ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့က သင့်အားလက်ခံခဲ့သော် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အပေါ်ဝယ် နေ့နှင့်ညတွင် ဆွလာသ်ငါးကြိမ် ဖရဿ်ွတာဝန်အဖြစ် သတ်မှတ်ထားကြောင်း အသိပေးပါ။ ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့က သင့်အားလက်ခံခဲ့သော် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အပေါ်တွင် သူတို့၏ဥစ္စာပစ္စည်းများထဲမှ ဇကာသ်ပေးလှူခြင်းအား ဖရဿ်ွတာဝန်အဖြစ် သတ်မှတ်ကြောင်း အသိပေးပါ။ ယင်းဇကာသ်ကို ၎င်းတို့ထဲရှိကြွယ်ဝချမ်းသာသူများထံမှ ယူဆောင်၍ သူတို့၏ဆင်းရဲသားများကိုခွဲဝေပေးကမ်းရမည်။ ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့က သင့်အားလက်ခံခဲ့သော် အသင်သည် ဇကာသ် ကောက်ယူရာတွင် ၎င်းတို့၏အကောင်းဆုံးဥစ္စာပစ္စည်းများကို ကောက်ယူခြင်းမှ ရှောင်ကြဉ်ပါ။ ၎င်းနောက် အသင်သည် မတရားဖိနှိပ်ညှဉ်းပန်းခြင်းခံရသူ၏ မကောင်းဆုတောင်းခြင်းခံရမှု (ကျိန်ဆဲမှု)ကို ရှောင်ကြဉ်ပါ။ အဘယ်ကြောင့်ဆိုသော် ယင်းတိုင်ကြားမှုနှင့် အလ္လာဟ်အရှင်မြတ်၏ကြားတွင် အကာကွယ်မရှိပေ။
Hadeeth details
ကိယာမသ် တရားစီရင်မည့်နေ့၌ ငါကိုယ်တော်၏ ရှဖာအသ် ကြားဝင်အသနားခံပေးမှုဖြင့် နဖူးစာအကောင်းဆုံးဖြစ်မည့်သူမှာ မိမိနှလုံးသားတွင်း၌ အရှင်မြတ်အတွက်သာရည်စူး၍ (လာအိလာဟအိလ္လလ္လာဟ်)ကို ရွတ်ဆိုခဲ့သူဖြစ်သည်။...
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည် အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကိယာမသ် တရားစီရင်မည့်နေ့၌ ကိုယ်တော်၏ ရှဖာအသ် ကြားဝင်အသနားခံပေးမှုဖြင့် နဖူးစာအကောင်းဆုံးဖြစ်မည့်သူမှာ မည်သူပါနည်း ဟုမေးလျှောက်ခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လာမ်)က မိန့်ကြားတော်မူသည်။ အိုအဗူဟုရိုင်ရဟ် ဟဒီးဆ်နှင့် ပတ်သက်လျှင် သင်၏စိတ်ပြင်းပြမှုကို ငါကိုယ်တော်မြင်တွေ့ရသည့်အတွက် ဤကဲ့သို့ဟဒီးဆ်မျိုးကို သင့်အလျင် ငါကိုယ်တော်အား မည်သူမျှ မေးမြန်းလိမ့်မည် မဟုတ်ဟု ထင်ထားသည်။ ကိယာမသ် တရားစီရင်မည့်နေ့၌ ငါကိုယ်တော်၏ ရှဖာအသ် ကြားဝင်အသနားခံပေးမှုဖြင့် နဖူးစာအကောင်းဆုံးဖြစ်မည့်သူမှာ မိမိနှလုံးသားတွင်း၌ အရှင်မြတ်အတွက်သာရည်စူး၍ (လာအိလာဟအိလ္လလ္လာဟ်)ကို ရွတ်ဆိုခဲ့သူဖြစ်သည်။
Hadeeth details
အီမာန် သက်ဝင်ယုံကြည်မှု၌ အကိုင်းအလက် (အစိတ်အပိုင်း) ခုနစ်ဆယ်ကျော် သို့မဟုတ် ခြောက်ဆယ်ကျော် ရှိသည်။ ၎င်းတို့အနက် အမြင့်မြတ်ဆုံးမှာ “လာအိလာဟ အိလ္လလ္လာဟ်”ရွတ်ဆိုခြင်းဖြစ်ပြီး အနိမ့်ဆုံးမှာ လမ်းပေါ်မှ ဒုက္ခဖြစ်စေမည့် အရာကို ဖယ်ရှားပေးခြင်းဖြစ်သ...
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အီမာန် သက်ဝင်ယုံကြည်မှု၌ အကိုင်းအလက် (အစိတ်အပိုင်း) ခုနစ်ဆယ်ကျော် သို့မဟုတ် ခြောက်ဆယ်ကျော် ရှိသည်။ ၎င်းတို့အနက် အမြင့်မြတ်ဆုံးမှာ “လာအိလာဟ အိလ္လလ္လာဟ်”ရွတ်ဆိုခြင်းဖြစ်ပြီး အနိမ့်ဆုံးမှာ လမ်းပေါ်မှ ဒုက္ခဖြစ်စေမည့် အရာကို ဖယ်ရှားပေးခြင်းဖြစ်သည်။ အရှက်တရားသည် အီမာန်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
Hadeeth details
‹
1
2
3
4
5
6
7
8
9
10
...
16
17
›
Share
Use the QR code to easily share the message of Islam with others
Copy Link
copied!
ကျွန်ုပ်တို့နှင့် ဆက်သွယ်ရန်
×
အမည်
အီးမေးလ်
စာသားမက်ဆေ့ခ်ျ
ကျွန်ုပ်တို့နှင့် ဆက်သွယ်ရန်
×
ကျွန်ုပ်တို့ကို ဆက်သွယ်သည့်အတွက် ကျေးဇူးတင်ပါတယ်။ အင်န်ရှာအလ္လာဟ်၊ သင့်စာကို ကြည့်ရှုစစ်ဆေးလိုက်ပါမည်။
Share