- နောင်တမလွန်၌ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ရှဖာအသ် ကြားဝင်အသနားခံပေးခြင်းကို အတည်ပြုဖော်ပြထားသည်။ ယင်းကြားဝင်အသနားခံပေးမှုသည် သောင်ဟီးဒ် သစ္စာဝါဒီများအတွက်သာ ဖြစ်သည်။
- တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ရှဖာအသ်သည် သောင်ဟီးဒ်သစ္စာဝါဒီများအနက်မှ ဂျဟန္နမ်ငရဲသို့ ကျရောက်မည့်သူများကို ဂျဟန္နမ်သို့ မကျရောက်စေရန်နှင့် ဂျဟန္နမ်ငရဲသို့ ကျရောက်သွားသူများကို ဂျဟန္နမ်မှ ထွက်ခွင့်ရစေရန်အတွက် အလ္လာဟ်အရှင်မြတ်ထံ ကြားဝင်သနားခံပေးခြင်းဖြစ်သည်။
- ကလိမဟ်တော်ကို အလ္လာဟ်အရှင်မြတ် ကျေနပ်နှစ်သက်ရန်အတွက်သာ ရည်ရွယ်(ရွတ်ဆို)ခြင်း၏ မွန်မြတ်မှုနှင့် ယင်း၏အကျိုးကျေးဇူးကြီးမားပုံကို တင်ပြထားသည်။
- သောင်ဟီးဒ်သစ္စာတရား၏ ကလိမဟ်တော်ကို အကောင်အထည်ဖေါ်ခြင်းဟူသည် ကလိမဟ်၏ အဓိပ္ပါယ်ကို သိနားလည်ပြီး ၎င်း၏တောင်းဆိုမှုများအတိုင်း လိုက်နာကျင့်သုံးခြင်းဖြစ်သည်။
- အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)၏ ထွတ်မြတ်မှုနှင့် ပညာအတွက် သူ၏စိတ်ဓာတ်ပြင်းပြမှုကိုတင်ပြသည်။