ပင်မစာမျက်နှာ
ကျွန်ုပ်တို့အကြောင်း
my
العربية - عربي
English - إنجليزي
español - إسباني
português - برتغالي
Kiswahili - سواحيلي
Français - فرنسي
Русский - روسي
اردو - أردو
italiano - إيطالي
Türkçe - تركي
አማርኛ - أمهري
ไทย - تايلندي
සිංහල - سنهالي
Wikang Tagalog - فلبيني تجالوج
Tiếng Việt - فيتنامي
नेपाली - نيبالي
Hausa - هوسا
Wollof - ولوف
বাংলা - بنغالي
ئۇيغۇرچە - أيغوري
অসমীয়া - آسامي
فارسی - فارسي
فارسی دری - دري
azərbaycanca - أذري
Ўзбек - أوزبكي
Deutsch - ألماني
Shqip - ألباني
فلبيني مرناو - فلبيني مرناو
български - بلغاري
ဗမာ - بورمي
bosanski - بوسني
polski - بولندي
தமிழ் - تاميلي
татар теле - تتاري
română - روماني
svenska - سويدي
нохчийн мотт - شيشاني
Soomaali - صومالي
тоҷикӣ - طاجيكي
Pulaar - فولاني
कश्मीरी - كشميري
한국어 - كوري
македонски - مقدوني
bahasa Melayu - ملايو
മലയാളം - مليالم
magyar - هنجاري مجري
हिन्दी - هندي
Èdè Yorùbá - يوربا
ελληνικά - يوناني
қазақ тілі - كازاخي
עברית - عبري
中文 - صيني
Bahasa Indonesia - إندونيسي
dansk - دنماركي
پښتو - بشتو
أنكو - أنكو
Luganda - لوغندي
తెలుగు - تلقو
日本語 - ياباني
ትግርኛ - تجريني
Кыргызча - قرغيزي
Kurdî - كردي
Nederlands - هولندي
čeština - تشيكي
українська - أوكراني
eesti - إستوني
suomi - فنلندي
Адыгэбзэ - شركسي
Norwegian - نرويجي
ქართული - جورجي
tamashaq - طارقي
ދިވެހި - ديفهي
slovenčina - سلوفاكي
Türkmençe - تركماني
башҡорт теле - بلوشي
afaan oromoo - أورومو
ភាសាខ្មែរ - خميرية
ಕನ್ನಡ - كنادي
Bassa - الباسا
Lingala - لينغالا
lietuvių - ليتواني
bamanankan - بامبارا
Soninke - سوننكي
Malagasy - ملاغاشي
Mandinka - مندنكا
Sängö - سانجو
Српски - صربي
Afaraf - عفري
Kinyarwanda - كينيارواندا
Jóola - جوالا
Bi zimanê Kurdî - كردي كرمنجي
Akan - أكاني
Chichewa - شيشيوا
ગુજરાતી - غوجاراتية
Mõõré - موري
créole - كريولي
ພາສາລາວ - لاو
ပင်မစာမျက်နှာ
ကျွန်ုပ်တို့အကြောင်း
Contact Us
အွမ်မုစလမဟ် ဟင်ဒ်ဗင်န်သိ အဗီအုမိုင်ယဟ် ဟုဇိုင်းဖဟ်(ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အမှ...
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က အသိပေးမိန့်ကြားခဲ့သည်မှာ မကြာမီပင် အုပ်ချုပ်ရေးအာဏာပိုင်များက ကျွန်ုပ်တို့အပေါ်တွင် ခေါင်းဆောင်များကို ခန့်အ...
အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ ဤအိမ်တော်၌ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကျွန်မကြားခဲ့သည်။ «အို အလ္လာဟ်အ...
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မွတ်စ်လင်မ်တို့၏ အရေးကိစ္စများကို တာဝန်ယူထားသူများနှင့်ပတ်သက်၍ ၎င်းတို့၏ တာဝန်ယူမှုသည် သေးငယ်သည့်ကိစ္စဖြစ...
သမီမ် အဒ္ဒါရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ သာသနာဟူသည် “ကောင်းကျိုးလိုလားခြင်းဖြစ်...
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ ဧကန်အမှန်ပင် သာသနာသည် ပေါ့လျော့ခြင်း၊ လိမ်လည်လှည့်ဖြားခြင်းတို့မပါဘဲ အလ္လာဟ်အရှင်မြတ် တ...
အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဤအာယသ်တော်ကို ဖတ်ရွတ်တော်မူခဲ့သည်။ (ထိုအလ္...
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဤအယာသ်တော်ကိုဖတ်ရွတ်တော်မူခဲ့၏။ (ထိုအလ္လာဟ်အရှင်မြတ်သည် အသင့်အပေါ်ဝယ် ကျမ်းမြတ်ကုရ်အာန်ကို ထုတ်ပြန်ပို့ချ...
အဗူစအီးဒ် ခွဒ်ရီး (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်ကို ကြားသိခဲ့ရသည်။ အသင်တို...
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် (အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ရစူလ်တမန်တော်တို့က တားမြစ်ထားသည့်) မကောင်းမှုများအား တတ်စွမ်းနိုင်သမျှ တ...
အမှန်ပင် အသင်တို့အပေါ်ဝယ် ခေါင်းဆောင်အချို့အား ခန့်အပ်ခြင်းခံရလိမ့်မည်။ အသင်တို့သည် ၎င်းတို့၏ လုပ်ရပ်အချို့ကို လက်ခံကြပြီး အချို့ကို ငြင်းပယ်ကြလိမ့်မည်။ အကြင်သူသည် (၎င်းတို့၏ မကောင်းသောလုပ်ရပ်များကို) မုန်းတီးပါက အပြစ်ကင်းစင်သူဖြစ်သည်။ အကြင...
အွမ်မုစလမဟ် ဟင်ဒ်ဗင်န်သိ အဗီအုမိုင်ယဟ် ဟုဇိုင်းဖဟ်(ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အမှန်ပင် အသင်တို့အပေါ်ဝယ် ခေါင်းဆောင်အချို့အား ခန့်အပ်ခြင်းခံရလိမ့်မည်။ အသင်တို့သည် ၎င်းတို့၏ လုပ်ရပ်အချို့ကို လက်ခံကြပြီး အချို့ကို ငြင်းပယ်ကြလိမ့်မည်။ အကြင်သူသည် (၎င်းတို့၏ မကောင်းသောလုပ်ရပ်များကို) မုန်းတီးပါက အပြစ်ကင်းစင်သူဖြစ်သည်။ အကြင်သူသည် (ထိုမကောင်းသောလုပ်ရပ်အား) ငြင်းပယ်ပါက ငြိမ်းချမ်းသူဖြစ်သည်။ သို့သော် အကြင်သူသည် ယင်းမကောင်းသောလုပ်ရပ်များကို ကျေနပ်နှစ်သက်ပြီး ၎င်းတို့နောက်သို့လိုက်ပါက ၎င်းတို့ကဲ့သို့ပင် (ပျက်စီးသွားမည်)ဖြစ်သည်။ သာဝကကြီးများက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်ုပ်တို့သည် ၎င်းတို့အား စစ်တိုက်ရမည်မဟုတ်လောဟု လျှောက်ထားမေးမြန်းခဲ့ရာ ကိုယ်တော်က မိန့်တော်မူသည်မှာ ၎င်းတို့သည် အသင်တို့ထဲတွင် ဆွလာသ်ဆောက်တည်နေသရွေ့ ၎င်းတို့အား စစ်မတိုက်ကြလေနှင့်။
Hadeeth details
အို အလ္လာဟ်အရှင်မြတ် အကြင်သူသည် ကျွန်တော့်အွမ္မသ်၏ အရေးကိစ္စတစ်စုံတစ်ရာကို တာဝန်ယူထားပြီး ၎င်းတို့အပေါ် ခက်ခဲအောင်ပြုလုပ်ခဲ့လျှင် ထိုသူ့ကိုလည်း ခက်ခဲစေတော်မူပါ။ အကြင်သူသည် ကျွန်တော့်အွမ္မသ်၏ အရေးကိစ္စတစ်စုံတစ်ရာကို တာဝန်ယူထားပြီး ၎င်းတို့အပ...
အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ ဤအိမ်တော်၌ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကျွန်မကြားခဲ့သည်။ «အို အလ္လာဟ်အရှင်မြတ် အကြင်သူသည် ကျွန်တော့်အွမ္မသ်၏ အရေးကိစ္စတစ်စုံတစ်ရာကို တာဝန်ယူထားပြီး ၎င်းတို့အပေါ် ခက်ခဲအောင်ပြုလုပ်ခဲ့လျှင် ထိုသူ့ကိုလည်း ခက်ခဲစေတော်မူပါ။ အကြင်သူသည် ကျွန်တော့်အွမ္မသ်၏ အရေးကိစ္စတစ်စုံတစ်ရာကို တာဝန်ယူထားပြီး ၎င်းတို့အပေါ် လွယ်ကူအောင်ပြုလုပ်ခဲ့လျှင် ထိုသူ့ကိုလည်း လွယ်ကူစေတော်မူပါ။»
Hadeeth details
သာသနာဟူသည် “ကောင်းကျိုးလိုလားခြင်းဖြစ်သည်”
သမီမ် အဒ္ဒါရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ သာသနာဟူသည် “ကောင်းကျိုးလိုလားခြင်းဖြစ်သည်” ကျွန်တော်တို့က မည်သူ့အတွက်ပါနည်းဟု မေးလျှောက်ခဲ့ကြရာ ကိုယ်တော်က “အလ္လာဟ်အရှင်မြတ်အတွက်၊ အရှင်မြတ်၏ ကျမ်းဂန်အတွက်၊ အရှင်မြတ်၏ ရစူလ်တမန်တော်အတွက်၊ မွတ်စ်လင်မ်ခေါင်းဆောင်များအတွက်နှင့် အများမွတ်စ်လင်မ်တို့အတွက်ဖြစ်သည်”ဟု ဖြေကြားတော်မူခဲ့သည်
Hadeeth details
“အသင်မအနေဖြင့်ဆင်တူယိုးမှား အာယသ်တော်များနောက်ကို လိုက်နေကြသည့်သူများကို တွေ့ရှိပါက (မှတ်ယူပါ) ထိုသူများကို အလ္လာဟ်အရှင်မြတ်က (စိတ်နှလုံးတွင် သွေဖည်ယိမ်းယိုင်မှုရှိသောသူများဟု ကျမ်းမြတ်ကုရ်အာန်၌) အမည်ပေးထားသူများဖြစ်သည့်အတွက် အသင်တို့ ၎င်းတ...
အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဤအာယသ်တော်ကို ဖတ်ရွတ်တော်မူခဲ့သည်။ (ထိုအလ္လာဟ်အရှင်မြတ်သည် အသင့်အပေါ်ဝယ် ကျမ်းမြတ်ကုရ်အာန်ကို ထုတ်ပြန်ပို့ချတော်မူသော အရှင်မြတ်ပင်တည်း။ထိုကျမ်းမြတ်အနက် မပြောင်းမလွဲပေါ်လွင်ထင်ရှားပြတ်သား၍ အနက်အဓိပ္ပါယ် တစ်မျိုးတစ်စားတည်းထွက်သော အာယသ်တော်များလည်းရှိပေ၏။ ယင်းအာယသ်တော်များသည်သာလျှင် ကုရ်အာန်ကျမ်းမြတ်၏ မူလအရင်းခံ အခြေအမြစ်ဖြစ်လေသည်။ ထို့ပြင်တစ်ဝ အခြားအာယသ်တော်များမှာမူကား အဓိပ္ပါယ်ပြားသော၊ ဆင်တူယိုးမှားဖြစ်သော အာယသ်တော်များလည်းရှိ၏။ သို့ရာတွင် မည်သို့ပင်ဖြစ်စေ စိတ်နှလုံးတွင် သွေဖည်ယိမ်းယိုင်မှုရှိသော သူတို့မူကား (လူခပင်းတို့အား သာသနာရေးတွင်) လမ်းမှားစေလို၍လည်းကောင်း၊ ထိုအာယတ်တော်များ၏ အဓိပ္ပါယ်များကို အမှားကောက်လို၍လည်းကောင်း၊ ယင်းဆင်တူယိုးမှား အာယသ်တော်များကိုပင် လိုက်နာလိုက်စားကြကုန်၏။ အမှန်စင်စစ် ယင်းအဓိပ္ပါယ်ပြားသော ဆင်တူယိုးမှားဖြစ်သော အာယသ်တော်များ၏ မှန်ကန်သော အနက်အဓိပ္ပါယ်အလိုသဘောကိုမူကား အလ္လာဟ်အရှင်မြတ်မှတစ်ပါး မည်သူမျှမသိချေ။ သို့ရာတွင် ပညာအရာ၌ ကျွမ်းကျင်လိမ္မာ ရင့်သန်သော ပါရဂူများကမူ (ကုရ်အာန်ကျမ်းလာ မုဟ်ကမာသ်၊ မုသရှာဗိဟာသ်၊ အာယသ်တော်များ) အားလုံးတို့သည် ကျွန်ုပ်တို့အား မွေးမြူတော်မူသော အရှင်မြတ်အထံတော်မှပင် (ကျရောက်လာသော အာယတ်တော်များ) ဖြစ်ပေရာ ကျွန်ုပ်တို့သည် ယင်းအဓိပ္ပါယ်ပြားသော၊ ဆင်တူယိုးမှားဖြစ်သော အာယသ်တော်များကိုလည်း (ခြွင်းချက်မရှိ လုံးဝ) ယုံကြည်ကြပါသည်ဟုပြောဆိုကြကုန်၏။ အမှန်သော်ကား ပညာဉာဏ်ရှိသူတို့မှအပ အခြားသူများ တရားလမ်းမှန်မရနိုင်ချေ။) (ကုရ်အာန်- ၃:၇) အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ပြောကြားခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ “အသင်မအနေဖြင့်ဆင်တူယိုးမှား အာယသ်တော်များနောက်ကို လိုက်နေကြသည့်သူများကို တွေ့ရှိပါက (မှတ်ယူပါ) ထိုသူများကို အလ္လာဟ်အရှင်မြတ်က (စိတ်နှလုံးတွင် သွေဖည်ယိမ်းယိုင်မှုရှိသောသူများဟု ကျမ်းမြတ်ကုရ်အာန်၌) အမည်ပေးထားသူများဖြစ်သည့်အတွက် အသင်တို့ ၎င်းတို့ကိုရှောင်ကြဉ်ပါ။”
Hadeeth details
အသင်တို့အနက် တစ်ဦးတစ်ယောက်သည် မကောင်းမှုတစ်ခုခုကို မြင်တွေ့ခဲ့ပါက ၎င်းအား မိမိလက်ဖြင့် တားမြစ်ပါ။ အကယ်၍ ထိုသို့မပြုလုပ်နိုင်လျှင် မိမိ၏နှုတ်လျှာဖြင့် တားမြစ်ပါ။ အကယ်၍ ထိုသို့မပြုလုပ်နိုင်လျှင် မိမိ၏စိတ်နှလုံးသားအတွင်းမှ ထိုအရာကိုမကောင်းမှုဟ...
အဗူစအီးဒ် ခွဒ်ရီး (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်ကို ကြားသိခဲ့ရသည်။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည် မကောင်းမှုတစ်ခုခုကို မြင်တွေ့ခဲ့ပါက ၎င်းအား မိမိလက်ဖြင့် တားမြစ်ပါ။ အကယ်၍ ထိုသို့မပြုလုပ်နိုင်လျှင် မိမိ၏နှုတ်လျှာဖြင့် တားမြစ်ပါ။ အကယ်၍ ထိုသို့မပြုလုပ်နိုင်လျှင် မိမိ၏စိတ်နှလုံးသားအတွင်းမှ ထိုအရာကိုမကောင်းမှုဟုမှတ်ယူပါ။ ဤသည် အီမာန်ယုံကြည်မှု၏ အနိမ့်ဆုံးအဆင့်ဖြစ်သည်။
Hadeeth details
ကောင်းမှုအား ညွှန်ပြပေးသူသည် ထိုကောင်းမှုအား ပြုလုပ်သူကဲ့သို့ပင် အကျိုးကုသိုလ် ရရှိမည်ဖြစ်သည်...
အဗူမတ်စ်အူးဒ် အလ်အန်ဆွာရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ လူတစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ လာရောက်၍ ကျွန်တော်မျိုး၏ အစီးအနင်းမှာ သေဆုံးသွားသဖြင့် ခရီးမသွားနိုင်ပါ သို့ဖြစ်၍ ကျွန်တော်မျိုးအား စီးနင်းစရာ ပေးတော်မူပါဟု လျှောက်ထားခဲ့သည်။ ကိုယ်တော်က ငါကိုယ်တော်၌မရှိပါဟု ပြောကြားခဲ့သည်။ ထိုအခါ ပုဂ္ဂိုလ်တစ်ဦးက အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုး သူ့ကို စီးနင်းစရာပေးမည့်သူထံ ညွှန်ပြလိုက်ပါမည်ဟု လျှောက်ထားခဲ့သည်။ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ကောင်းမှုအား ညွှန်ပြပေးသူသည် ထိုကောင်းမှုအား ပြုလုပ်သူကဲ့သို့ပင် အကျိုးကုသိုလ် ရရှိမည်ဖြစ်သည်။
Hadeeth details
အကြင်သူသည် လူအုပ်စုတစ်စုဖြင့် တူဆင်အောင်ပြုလုပ်ခဲ့လျှင် ၎င်းသည် ထိုအုပ်စုအနက်မှပင်ဖြစ်သည်။...
အစ်ဗ်နုအုမရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အကြင်သူသည် လူအုပ်စုတစ်စုဖြင့် တူဆင်အောင်ပြုလုပ်ခဲ့လျှင် ၎င်းသည် ထိုအုပ်စုအနက်မှပင်ဖြစ်သည်။
Hadeeth details
အကြင်အရှင်မြတ်၏ လက်တော်တွင် မုဟမ္မဒ်၏ ဝိညာဥ်ရှိသည်။ ထိုအရှင်မြတ်ကိုတိုင်တည်၍ပြောမည်။ ဤအွမ္မသ်အနက်မှ ဂျူးဖြစ်စေ၊ ခရစ်ယာန်ဖြစ်စေ ငါကိုယ်တော်ကို ကြားသိပြီးနောက် ငါကိုယ်တော်နှင့်အတူ ချပေးခြင်းခံရသောအရာကိုမယုံကြည်ဘဲ သေဆုံးခဲ့သော် ထိုသူသည် ငရဲသား...
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံမှ ဆင့်ပြန်ခဲ့သည်။ အကြင်အရှင်မြတ်၏ လက်တော်တွင် မုဟမ္မဒ်၏ ဝိညာဥ်ရှိသည်။ ထိုအရှင်မြတ်ကို တိုင်တည်၍ ပြောမည်။ ဤအွမ္မသ်အနက်မှ ဂျူးဖြစ်စေ၊ ခရစ်ယာန်ဖြစ်စေ ငါကိုယ်တော်ကို ကြားသိပြီးနောက် ငါကိုယ်တော်နှင့်အတူ ချပေးခြင်းခံရသောအရာကို မယုံကြည်ဘဲ သေဆုံးခဲ့သော် ထိုသူသည် ငရဲသားများ အနက်မှပင်ဖြစ်သည်။
Hadeeth details
အစွန်းရောက်သူများ ပျက်စီးပါစေ
အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အစွန်းရောက်သူများ ပျက်စီးပါစေဟု သုံးကြိမ်တိုင်တိုင် မိန့်တော်မူခဲ့သည်။
Hadeeth details
ယဟူဒီ(ဂျူး)များသည် အလ္လာဟ်အရှင်မြတ်၏အမျက်တော်ရှခြင်းခံရသူများဖြစ်ပြီး နဆ်ွရာနီ(ခရစ်ယာန်)များသည် လမ်းလွဲနေသူများဖြစ်ကြသည်။...
အဒီဗင်န်ဟာသင်မ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်တော်မူသည်။ ယဟူဒီ(ဂျူး)များသည် အလ္လာဟ်အရှင်မြတ်၏အမျက်တော်ရှခြင်းခံရသူများဖြစ်ပြီး နဆ်ွရာနီ(ခရစ်ယာန်)များသည် လမ်းလွဲနေသူများဖြစ်ကြသည်။
Hadeeth details
အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေပထဝီအား မဖန်ဆင်းမီအလျင်နှစ်ပေါင်းငါးသောင်းကပင် အဖန်ဆင်းခံများ၏သက္ကဒီရ်သတ်မှတ်ချက်များကို ရေးဆွဲတော်မူခဲ့သည်။...
အဗ်ဒုလ္လာဟ်ဗင်န် အမ်ရ် ဗင်န်အာဆ်ွ (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားခဲ့သည်။ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေပထဝီအား မဖန်ဆင်းမီအလျင်နှစ်ပေါင်းငါးသောင်းကပင် အဖန်ဆင်းခံများ၏သက္ကဒီရ်သတ်မှတ်ချက်များကို ရေးဆွဲတော်မူခဲ့သည်။ ကိုယ်တော်က မိန့်တော်မူသည်မှာ- အရှင်မြတ်၏(အရ်ရှ်)ပလ္လင်တော်သည် ရေပေါ်၌ရှိတော်မူ၏။
Hadeeth details
၎င်းကပြောသည်မှာ ကျွန်တော်တို့အား အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။ ထိုတမန်တော်သည် မှန်ကန်သူ၊ မှန်ကန်သည်ဟုထောက်ခံခြင်းခံရသူဖြစ်သည်။ ကိုယ်တော်ကမိန့်ကြားတော်မူသည်။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည...
အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ၎င်းကပြောသည်မှာ ကျွန်တော်တို့အား အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။ ထိုတမန်တော်သည် မှန်ကန်သူ၊ မှန်ကန်သည်ဟုထောက်ခံခြင်းခံရသူဖြစ်သည်။ ကိုယ်တော်ကမိန့်ကြားတော်မူသည်။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည်မိခင်၏ဝမ်းဗိုက်ထဲ၌ ပေါင်းစည်းခံရပြီးနောက် စတင်သန္ဓေတည်သည့်အခါတွင်‘နုသ်ဖဟ်’ကလလရည်ကြည်အဖြစ်ရက် ပေါင်း(၄၀)ကြာမြင့်သည်။ ထို့နောက်သွေးခဲအဖြစ် အလားတူကာလ(ရက်ပေါင်း လေးဆယ်)ရှိနေသည်။ထို့နောက် အသားတုံးအဖြစ် အလားတူကာလ (ရက်ပေါင်း လေးဆယ်)ရှိနေသည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ကောင်းကင်တမန်တစ်ပါးကို စေလွှတ်တော်မူပြီး အချက်(၄)ချက်ကို (ရေးမှတ်ရန်)အမိန့်ပေးခဲ့သည်။ ထို့ကြောင့် ကောင်းကင်တမန်က ထိုသူ၏ရိက္ခာ၊ ထိုသူ၏သက်တမ်း၊ ထိုသူ၏ကျင့်ဆောင်မှုနှင့် ထိုသူသည်လူဆိုးဖြစ်မည် သို့မဟုတ် လူကောင်းဖြစ်မည် စသည်တို့ကိုရေးမှတ်လိုက်သည်။ ထို့နောက် ကောင်းကင်တမန်သည် ၎င်းထဲသို့ဝိညာဉ်မှုတ်သွင်းလိုက်သည်။ သို့ဖြစ်၍ အသင်တို့အနက် ပုဂ္ဂိုလ်တစ်ဦးသည် ဂျန္နသ်သုခဘုံသားတို့၏ (ကောင်းမြတ်သည့်) လုပ်ရပ်များကို ဆောင်ရွက်ရင်း ၎င်းနှင့် သုခဘုံ၏အကြား တစ်တောင်မျှသာလိုတော့သည်။ သို့သော် ၎င်းအပေါ်ရေးမှတ်ထားသည့် သက္ကဒီရ် သတ်မှတ်ချက်သည် ရှေ့ကိုရောက်ပြီးဖြစ်သောကြောင့် ၎င်းသည်ငရဲဘုံသားတို့၏ လုပ်ရပ်အား လုပ်ဆောင်လိုက်သည်။ ထို့ကြောင့် ၎င်းသည် ငရဲဘုံသို့ဝင်ရောက်ရသည်။ ထို့အပြင်ပုဂ္ဂိုလ်တစ်ဦးသည် ငရဲဘုံသားတို့၏ (မကောင်းသည့်) လုပ်ရပ်များအား လုပ်ဆောင်ကာ ၎င်းနှင့်ငရဲဘုံကြား၌ တစ်တောင်မျှသာလိုတော့သည်။ ထိုအချိန် သက္ကဒီရ် သတ်မှတ်ချက်သည် ရှေ့ကိုရောက်ပြီးဖြစ်သည့်အတွက် ၎င်းသည်သုခဘုံသားတို့၏ အမလ်ကောင်းမှုကို ဆောင်ရွက်လိုက်ပြီး ဂျန္နသ်သုခဘုံကို ဝင်ရောက်ရသည်။
Hadeeth details
‹
1
2
3
4
5
6
7
8
9
10
...
16
17
›
Share
Use the QR code to easily share the message of Islam with others
Copy Link
copied!
ကျွန်ုပ်တို့နှင့် ဆက်သွယ်ရန်
×
အမည်
အီးမေးလ်
စာသားမက်ဆေ့ခ်ျ
ကျွန်ုပ်တို့နှင့် ဆက်သွယ်ရန်
×
ကျွန်ုပ်တို့ကို ဆက်သွယ်သည့်အတွက် ကျေးဇူးတင်ပါတယ်။ အင်န်ရှာအလ္လာဟ်၊ သင့်စာကို ကြည့်ရှုစစ်ဆေးလိုက်ပါမည်။
Share