- အားလုံးအတွက် ကောင်းကျိုးလိုလားရန် အမိန့်ပေးထားသည်။
- သာသနာတော်၌ ကောင်းကျိုးလိုလား၍ ဆိုဆုံးမခြင်း၏ အဆင့်အတန်းသည် ကြီးကျယ်လှသည်။
- သာသနာထဲတွင် အကီဒဟ်ယုံကြည်ချက်များ၊ အပြောအဆိုများ၊ ကျင့်ဆောင်မှုများ ပါဝင်သည်။
- “နဆွီဟဟ်” ဆုံးမခြင်း၌ ဆုံးမခံရသူနှင့် ပတ်သက်၍ စိတ်ထဲမှ လိမ်လည်လှည့်ဖြားမှု မပါရှိရပါ။ ၎င်းအတွက် ကောင်းကျိုးကိုသာ လိုလားရမည်။
- အကြောင်းအရာတစ်ခုကို အကျဉ်းချုပ်တင်ပြပြီးနောက် ထိုအကြောင်းအရာအား အကျယ်တဝင့် ရှင်းလင်းတင်ပြခြင်းသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ကောင်းမွန်လှသည့် သင်ကြားမှုပုံစံဖြစ်သည်။
- တမန်တော်မြတ်သည် “နဆွီဟဟ်”ကောင်းကျိုးလိုလားခြင်းအကြောင်းကို အလ္လာဟ်အရှင်မြတ်အတွက်ဟူ၍အစပြုကာ ထို့နောက် ကုရ်အာန်ကျမ်းတော်မြတ်အတွက်၊ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အတွက်၊ ထို့နောက် မွတ်စ်လင်မ်ခေါင်းဆောင်များအတွက်၊ ထို့နောက် အများမွတ်စ်လင်မ်အတွက်ဟူ၍ အစဉ်လိုက် မိန့်တော်မူသည့်အတိုင်း ဦးစွာပထမ အရေးကြီးဆုံးအကြောင်းအရာဖြင့်စတင်ကာ ၎င်းနောက်တွင် ဒုတိယအရေးကြီးဆုံးအကြောင်းအရာ စသည်ဖြင့် တစ်ဆင့်ပြီးတစ်ဆင့်တင်ပြရမည်။