- ကာဖိရ်များ၊ အပြစ်ကျူးလွန်သူများအား အတုခိုးခြင်းကို သတိပေးတားမြစ်ထားသည်။
- သူတော်ကောင်းတို့ကို အတုခိုးရန်နှင့် ၎င်းတို့အတိုင်းလျှောက်လှမ်းရန် တိုက်တွန်းထားသည်။
- အပြင်ပိုင်းဆိုင်ရာ ကိစ္စများကို အတုခိုးခြင်းဖြင့် စိတ်တွင်း၌ ချစ်ခင်မှုကို ပေါ်ပေါက်စေသည်။
- လူတစ်ဦးအနေဖြင့် မိမိအတုခိုးသည့် အတိုင်းအတာနှင့် အမျိုးအစားပေါ်မူတည်၍ အပြစ်ထိုက်မည်ဖြစ်သည်။
- ဤတားမြစ်ချက်သည် ကာဖိရ် သွေဖည်ငြင်းပယ်သူများ၏ ဘာသာရေးနှင့် ၎င်းတို့နှင့်သာ သီးသန့်သက်ဆိုင်သည့် ဓလေ့ထုံးတမ်းများအား တုပဆောင်ရွက်ခြင်းနှင့်သာ သက်ဆိုင်သည်။ ထိုကိစ္စများနှင့် မသက်ဆိုင်သည့် စက်မှုလက်မှုအတတ်ပညာများကို သင်ယူခြင်းနှင့် အခြားအလားတူကိစ္စများသည် တားမြစ်ချက်ထဲတွင် မပါဝင်ပါ။