- အကွယ်တွင်ဖြစ်လာမည့်အကြောင်းအရာများနှင့် ပတ်သက်၍ ကြိုတင်သတင်းပေးထားခြင်းသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ (မုအ်ဂျိဇဟ်)အံ့ဖွယ်ရာများအနက်မှ ဖြစ်သည်။
- မကောင်းမှုအား တတ်စွမ်းနိုင်သမျှ ဆန့်ကျင်ခြင်းသည် (ဝါဂျိဗ်)အရေးကြီးတာဝန်ဖြစ်ခြင်းကြောင်း ဤဟဒီးဆ်တော်တွင် အထောက်အထားပါရှိသည်။ အုပ်ချုပ်သူခေါင်းဆောင်များသည် ဆွလာသ်ဆောက်တည်ခြင်းကို မစွန့်လွှတ်သေးသမျှ ၎င်းတို့၏ လက်အောက်မှ ခွဲထွက်ပိုင်ခွင့်မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဆွလာသ်သည် အစ္စလာမ်နှင့် ကုဖ်ရ်ကြား ခြားနားပေးသောအရာပင်ဖြစ်သည်။
- မကောင်းမှုအား ပြောင်းလဲခြင်းနှင့် အုပ်ချုပ်သူအား ဖယ်ရှားရာတွင် ချိန်ဆရမည့်အရာသည် (ရှရီအဟ်) တရားဥပဒေသာလျှင်ဖြစ်ပြီး စိတ်အလိုဆန္ဒ သို့မဟုတ် အမိန့်ဖီဆန်ခြင်း သို့မဟုတ် လူမျိုးရေးခွဲခြားခြင်းများမဟုတ်ပေ။
- ဖိနှိပ်သူများနှင့် ပူးပေါင်းပါဝင်ခြင်း၊ ၎င်းတို့အား ရိုင်းပင်းကူညီခြင်း၊ ၎င်းတို့နှင့်တွေ့ဆုံသည့်အခါ မျက်နှာလိုမျက်နှာရလုပ်ခြင်းနှင့် တရားဝင်လိုအပ်ချက်မရှိဘဲ ၎င်းတို့နှင့်အတူထိုင်ခြင်းတို့ မပြုပိုင်ပေ။
- အကယ်၍ အာဏာပိုင်များက (ရှရီအဟ်)တရားဥပဒေနှင့် ဆန့်ကျင်သည့် တရားသစ်တီထွင်ဖန်တီးလျှင် ပြည်သူများအနေဖြင့် ထိုကိစ္စအပေါ် ၎င်းတို့အား သဘောတူလက်ခံခြင်း မပြုပိုင်ပေ။
- ဆူပူအုံကြွရန်လှုံ့ဆော်ခြင်း၊ စိတ်ဝမ်းကွဲအောင်ပြုလုပ်ခြင်းတို့အား သတိပေးတားမြစ်ထားသည်။ ထိုသို့ပြုခြင်းအား ကောင်းသည်ဟု သတ်မှတ်ခြင်းသည် အပြစ်ကျူးလွန်သော အာဏာပိုင်များ၏ မကောင်းမှုနှင့် ၎င်းတို့ပေးသည့် ဒုက္ခအပေါ် သည်းခံခြင်းထက်ပို၍ မနှစ်မြို့ဖွယ်ဖြစ်သည်။
- ဆွလာသ်သည် အစ္စလာမ့်မဏ္ဍိုင်ဖြစ်ပြီး ကုဖ်ရ်နှင့် အစ္စလာမ်ကြား ခြားနားပေးသောအရာဖြစ်သည်။
- ဆွလာသ်ကို စွန့်လွှတ်ခြင်းသည် (ကုဖ်ရ်) သွေဖည်ငြင်းပယ်ခြင်းဖြစ်ကြောင်း ဤဟဒီးဆ်တော်တွင် အထောက်ထားပါရှိသည်။ ၎င်းမှာ အုပ်ချုပ်သူအာဏာပိုင်တို့သည် အလ္လာဟ်အရှင်မြတ်ဘက်တော်မှ အထောက်အထားဖြင့် ပေါ်လွင်ထင်ရှားသည့် ကုဖ်ရ်သွေဖည်ငြင်းပယ်မှုကို ကျူးလွန်ကြောင်း ကျွန်တော်တို့တွေ့မြင်မှသာ ၎င်းတို့အား တော်လှန်တိုက်ခိုက်ခွင့်ရှိသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလာမ်)က ထိုအာဏာပိုင်တို့ ဆွလာသ်ဆောက်တည်ခြင်းမပြုတော့လျှင် ကျွန်တော်တို့အား ၎င်းတို့ကို တိုက်ခိုက်ရန်ခွင့်ပြုလိုက်ခြင်းသည် ဆွလာသ်စွန့်လွှတ်မှုသည် အလ္လာဟ်အရှင်မြတ်ထံတော်မှ အထောက်အထားဖြင့် ပေါ်လွင်ထင်ရှားသည့် ကုဖ်ရ်သွေဖည်ငြင်းပယ်မှုဖြစ်ကြောင်း ညွှန်ပြနေသည်။