အိဗ်နုမတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ပုဂ္ဂိုလ်တစ်ဦးက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးတို့ အမိုက်ခေတ်တွင် ကျူးလွန်ခဲ့...
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အစ္စလာမ်သာသနာတော်အတွင်းသို့ဝင်ရောက်ခြင်း၏ မွန်မြတ်မှုကို ရှင်းပြတော်မူသည်။ မည်သူမဆို အစ္စလာမ်သာသနာတော်ကို...
အိဗ်နုအဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ မုရှ်ရိက်အချို့သည် လူသတ်မှုကို အမြောက်အများကျူးလွန်ခဲ့ကြသည်။ ဇိနာအမှုကိုလည်း အမြောက်အများကျူးလွန်ခဲ...
လူသတ်မှုနှင့် ‘ဇိနာ’ကာမေသုမိစ္ဆာစာရအမှုကို အမြောက်အမြားကျူးလွန်ခဲ့ကြသော မုရှ်ရိက်အချို့သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ လာရောက်ခဲ့ကြသည...
ဟကီးမ်ဗင်န် ဟိဇာမ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်က အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးသည် ဂျာဟိလိယဟ် အမိုက်ခေတ်တွင် အိဗာ...
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူခဲ့သည်မှာ ကာဖိရ်တစ်ဦးသည် အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ခဲ့ပါက ၎င်းသူအစ္စလာမ်သာသနာကို လက်မခံမီ...
အနတ်စ်ဗင်န်မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ ဧကန်အမှန်ပင် အလ...
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မုအ်မင်များအပေါ် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးပြုမှုနှင့် ကာဖိရ်များအပေါ် အလ္လာဟ်အရှင်မြတ်၏ တရားမျှတမှုတို့ကိ...
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော၊ ကြီးကျယ်မြင့်မြ...
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏အရှင်မြတ် ထံတော်မှတစ်ဆင့် ဆင့်ပြန်ပြောကြားသည်။ ကျေးကျွန်တစ်ဦးသည် အပြစ်အကုသိုလ်ကျူးလွန်ပြီးနောက် အို...

အိဗ်နုမတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ပုဂ္ဂိုလ်တစ်ဦးက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးတို့ အမိုက်ခေတ်တွင် ကျူးလွန်ခဲ့သော အပြစ်များနှင့်ပတ်သက်၍ အရေးယူခြင်းခံရမည်လောဟု မေးမြန်းလျှောက်ထားခဲ့သည်။ ကိုယ်တော်က အမိန့်ရှိသည်မှာ -အကြင်သူသည် အစ္စလာမ်သာသနာတော်၌ (စွဲမြဲစွာ တည်ရှိပြီး)ကောင်းမွန်စွာ လိုက်နာကျင့်သုံးခဲ့လျှင် အမိုက်ခေတ်တွင် ထိုသူ ပြုလုပ်ခဲ့သော ပြစ်မှုများအတွက် အရေးယူခြင်းခံရမည်မဟုတ်ပေ။ အကြင်သူသည် အစ္စလာမ်ကိုလက်ခံပြီး(ဘာသာပျက်ကာ) မကောင်းမှုကျူးလွန်ခဲ့လျှင် ထိုသူ အစ္စလာမ်လက်မခံမီနှင့် အစ္စလာမ်လက်ခံပြီးနောက် ကျူးလွန်သမျှ အပြစ်တို့ကို အရေးယူခြင်းခံရမည်။

အိဗ်နုအဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ မုရှ်ရိက်အချို့သည် လူသတ်မှုကို အမြောက်အများကျူးလွန်ခဲ့ကြသည်။ ဇိနာအမှုကိုလည်း အမြောက်အများကျူးလွန်ခဲ့ကြသည်။ ထို့နောက် ၎င်းတို့သည် တမန်တော် မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံလာရောက်၍ အသင်အမိန့်ရှိနေသောအရာနှင့် အသင်ဖိတ်ခေါ်နေသောအရာသည် အလွန်ပင်ကောင်းမွန်ပေသည်။ ကျွန်တော်တို့ ယခင်ကကျူးလွန်ခဲ့သောအပြစ်များအား ပလပ်သွားစေမည့်အရာကို အသင်ပြောပြလျှင် ကောင်းလေစွဟု လျှောက်ထားခဲ့ကြသည်။ ထိုအခါ ဤအာယသ်တော်ကျရောက်လာခဲ့သည်။ (၎င်းပြင် အကြင်သူများပင်။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်(တွဲဖက်၍)အခြားကိုးကွယ်ရာ တစ်စုံတစ်ရာကိုမျှ ဟစ်ခေါ်တသ(ကိုးကွယ်ဆည်းကပ်)ကြသည်မဟုတ်ပေ။ ၎င်းပြင် ထိုသူများသည် အလ္လာဟ်အရှင်မြတ်က ‘ဟရာမ်’ ဟူ၍ တားမြစ်ထားတော်မူသော အသက်ဇီဝိန်ကိုလည်း တရားသဖြင့်မှတစ်ပါး သတ်ဖြတ်ခြင်း မပြုကြပေ။ ထိုမှတစ်ပါး ၎င်းတို့သည် ကာမေသုမိစ္ဆာစာရကိုလည်း ကျူးလွန်းကြသည်မဟုတ်ပေ။) ကုရ်အာန် (၂၅:၆၈) ၎င်းနောက် ဤအာယသ်တော်လည်း ကျရောက်လာခဲ့သည်။ ((အို-နဗီတမန်တော်) အသင်သည်(ငါအရှင်မြတ်၏ကိုယ်စား) ပြောကြားပါလေ။ အို-မိမိတို့ အပေါ်၌ အလွန်အမင်း လွန်ကျူးခဲ့ကြကုန်သော ငါအရှင်မြတ်၏ ကျွန်အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ မျှော်လင့်ချက် မကင်းမဲ့ကြကုန်လင့်။) ကုရ်အာန် (၃၉:၅၃)

ဟကီးမ်ဗင်န် ဟိဇာမ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်က အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးသည် ဂျာဟိလိယဟ် အမိုက်ခေတ်တွင် အိဗာဒသ် ကိုးကွယ်ဆည်းကပ်မှု၏ ရည်ရွယ်ချက်ဖြင့် ဆွဒကဟ်အလှူဒါနပြုခြင်း၊ ကျေးကျွန်ကို သူကောင်းပြုခြင်းနှင့် ဆွေမျိုးဆက်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ထိုကိစ္စများအတွက် အကျိုးတစ်စုံတစ်ရာရနိုင်ပါသလားဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဖြေကြားတော်မူသည်မှာ အသင်အလျင်ကပြုခဲ့သည့် ကောင်းမှုများဖြင့် သင်အစ္စလာမ်သာသနာဝင် ဖြစ်လာခြင်းဖြစ်သည်။

အနတ်စ်ဗင်န်မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူ၏ မည်သည့်ကုသိုလ်ကောင်းမှုကိုမျှ မတရားပြုတော်မူမည်မဟုတ်ပေ။ ၎င်းသည် ထိုကောင်းမှုကြောင့် လောက၌ ကောင်းကျိုးချီးမြှင့်ခြင်းခံရပြီး နောင်တမလွန် အာခိရသ်တွင်လည်း အစားပြန်လည်ရရှိမည်ဖြစ်သည်။ ကာဖိရ် သွေဖည်ငြင်းပယ်သူသည် အလ္လာဟ်အရှင်မြတ်အတွက် ၎င်းဆောင်ရွက်ခဲ့သည့် ကောင်းမှုများကြောင့် လောက၌ပင် ကျွေးမွေးခြင်းခံရပြီး နောင်တမလွန် အာခိရသ်သို့ရောက်သည့်အခါ ၎င်းအတွက် အစားပြန်လည်ရရှိမည့် မည်သည့်ကောင်းမှုမျှ ရှိလိမ့်မည်မဟုတ်ပေ။

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော၊ ကြီးကျယ်မြင့်မြတ်တော်မူသော မိမိ၏အရှင်မြတ်ထံတော်မှတစ်ဆင့် ဆင့်ပြန်ပြောကြားခဲ့သည်။ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ « ကျွန်တစ်ဦးသည် အပြစ်အကုသိုလ်တစ်ခုကို ကျူးလွန်ခဲ့ပြီးနောက် ၎င်းက အို - အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ အပြစ်ကို ခွင့်လွှတ်တော်မူပါဟု တောင်းခံခဲ့သည်။ ထိုအခါ မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော ကြီးကျယ်မြင့်မြတ်တော်မူသော အရှင်မြတ်က မိန့်ကြားတော်မူသည်မှာ ငါအရှင်မြတ်၏ကျွန်သည် အပြစ်ကျူးလွန်ခဲ့ပြီးနောက် ၎င်းထံတွင် အပြစ်အကုသိုလ်တို့ကို ခွင့်လွှတ်တော်မူသောအရှင်၊ ပြစ်မှုတို့ကို အရေးယူတော်မူသောအရှင် ရှိကြောင်းသိရှိခဲ့သည်။ ၎င်းနောက် ထိုသူသည် အပြစ်ကို ပြန်လည်ကျူးလွန်ခဲ့သည်။ ထို့နောက် ၎င်းက အို - အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ အပြစ်ကို ခွင့်လွှတ်တော်မူပါဟု တောင်းခံခဲ့သည်။ ထိုအခါ မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော ကြီးကျယ်မြင့်မြတ်တော်မူသော အရှင်မြတ်က မိန့်ကြားတော်မူသည်မှာ ငါအရှင်မြတ်၏ကျွန်သည် အပြစ်ကျူးလွန်ခဲ့ပြီးနောက် ၎င်းထံတွင် အပြစ်အကုသိုလ်တို့ကို ခွင့်လွှတ်တော်မူသောအရှင်၊ ပြစ်မှုတို့ကို အရေးယူတော်မူသောအရှင် ရှိကြောင်းသိရှိခဲ့သည်။ ၎င်းနောက် ထိုသူသည် အပြစ်ကို ပြန်လည်ကျူးလွန်ခဲ့သည်။ ထို့နောက် ၎င်းက အို - အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ အပြစ်ကို ခွင့်လွှတ်တော်မူပါဟု တောင်းခံခဲ့သည်။ ထိုအခါ မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော ကြီးကျယ်မြင့်မြတ်တော်မူသော အရှင်မြတ်က မိန့်ကြားတော်မူသည်မှာ ငါအရှင်မြတ်၏ကျွန်သည် အပြစ်ကျူးလွန်ခဲ့ပြီးနောက် ၎င်းထံတွင် အပြစ်အကုသိုလ်တို့ကို ခွင့်လွှတ်တော်မူသောအရှင်၊ ပြစ်မှုတို့ကို အရေးယူတော်မူသောအရှင် ရှိကြောင်းသိရှိခဲ့သည်။ ငါအရှင်မြတ်သည် ငါ၏ကျွန်ကို ခွင့်လွှတ်တော်မူလိုက်ပြီဖြစ်၏။ ထို့ကြောင့် သင်သည် မိမိအလိုရှိရာကို လုပ်နိုင်ပြီဖြစ်သည်။»

အလီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်ုပ်သည် ဤကဲ့သို့သောသူဖြစ်သည်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ ဟဒီးဆ်တော်တစ်ပုဒ်အားကြားနာရသောအခါ ထိုဟဒီးဆ်တော်မှ အကျိုးခံစားနိုင်ရန်အလို့ငှာ အလ္လာဟ်အရှင်မြတ်သည်မိမိအလိုရှိသည့်အတိုင်း ကျွန်ုပ်အားအကျိုးဖြစ်ထွန်းစေတော်မူ၏။ ကိုယ်တော်၏ ဆွဟာဗဟ်များအနက်မှ တစ်ဦးတစ်ယောက်သည် ကျွန်ုပ်အားဟဒီးဆ်တော်တစ်ပုဒ်ဆင့်ပြန်ပါက ကျွန်ုပ်သည် ၎င်းအားကျိန်ဆိုစေသည်။ အကယ်၍ ၎င်းကကျွန်ုပ်အားကျိန်ဆိုပြလျှင် သူ့အားကျွန်ုပ်ထောက်ခံသည်။ အမှန်တကယ်ပင် အဗူဗက်ရ်(ရဿွိယလ္လာဟုအန်ဟု)သည် ကျွန်ုပ်အား ဟဒီးဆ်တော်တစ်ပုဒ် ဆင့်ပြန်ခဲ့သည်။ အဗူဗက်ရ်(ရဿွိယလ္လာဟုအန်ဟု)သည် အမှန်ကိုပင် ပြောကြားခဲ့သည်။ ၎င်းကပြောသည်မှာ ကျွန်ုပ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်တော်မူသည်ကို ကြားသိခဲ့ရသည်။ “လူတစ်ဦးသည် အပြစ်အကုသိုလ်တစ်ခု ကျူးလွန်ပြီးနောက်(ဝူဿွူရေ)သန့်စင်မှုပြုလုပ်မည်။ ထို့နောက် ဆွလာသ်ဆောက်တည်မည်။ ၎င်းနောက်အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် အပြစ်မှ ခွင့်လွှတ်ချမ်းသာခွင့် တောင်းခံပါက အလ္လာဟ်အရှင်မြတ်သည် ၎င်းအားမုချခွင့်လွှတ်တော်မူမည်ဖြစ်သည်။” ထို့နောက် ကိုယ်တော်သည် ဤအာယသ်တော်အား ရွတ်ဖတ်တော်မူခဲ့သည်။ (ထို့ပြင်တဝ ယင်းသူတော်စင်များသည် ညစ်ညမ်းသော ကိစ္စတရပ်ရပ်ကို ပြုလုပ်မိကြသည် ဖြစ်စေ၊ မိမိတို့ကိုယ်ကို နှိပ်စက်ညှင်းပန်းမိကြသည်ဖြစ်စေ (ပြုမိလျှင်ပြုမိခြင်း) အလ္လာဟ်အရှင်မြတ်အား အောက်မေ့ တသ သတိရကြကုန်၏။ ထို့နောက် မိမိတို့အပြစ်များမှ ချမ်းသာရန်အလို့ငှါ(အလ္လာဟ်အရှင်မြတ် အထံတော်၌) အသနားခံ တောင်းပန်ကြကုန်၏။) ကုရ်အာန် (၃:၁၃၅)

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသော မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော ကြီးကျယ်မြင့်မြတ်တော်မူသော အရှင်မြတ်သည် ည၏နောက် ဆုံး သုံးပုံတစ်ပုံအချိန်တွင် မိုးကောင်းကင်အောက်ဆုံးထပ်သို့ ညစဉ် ဆင်းသက်တော်မူပြီး မိန့်ကြားတော်မူသည်မှာ - ငါအရှင်မြတ်ထံ တောင်းဆုပြုမည့်သူ ရှိသလော။ ငါအရှင်မြတ်သည် သူ(၏တောင်းဆု)ကို လက်ခံတော်မူမည်။ ငါအရှင်မြတ်ထံ တောင်းခံမည့်သူရှိသလော။ ငါအရှင်မြတ်သည် သူ့အား ချီးမြှင့်တော်မူမည်။ ငါအရှင်မြတ်ထံ လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံမည့်သူရှိသလော။ ငါအရှင်မြတ်သည် သူ့အား လွတ်ငြိမ်းချမ်းသာခွင့် ချီးမြှင့်တော်မူမည်။

နုအ်မာန် ဗင်န်ဗရှီးရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ (နုအ်မာန်သည် သူ၏ လက်ချောင်းနှစ်ချောင်းဖြင့် မိမိနားနှစ်ဖက်သို့ ညွှန်ပြခဲ့သည်။) « ဧကန်အမှန်ပင် ဟလာလ်(တရားတော်က ခွင့်ပြုထားသည့်အရာ)သည် ထင်ရှားပြီး၊ ဟရာမ်(တရားတော်က တားမြစ်ထားသည့်) အရာသည်လည်း ထင်ရှားသည်။ ထိုနှစ်ခုအကြား၌ သံသယဖြစ်ဖွယ် ကိစ္စရပ်များရှိပြီး ၎င်းတို့ကို များစွာသောလူတို့မသိကြပေ။ ထို့ကြောင့် မည်သူမဆို သံသယဖြစ်ဖွယ် ကိစ္စရပ်များကို ရှောင်ကြဉ်မည်ဆိုပါက မိမိ၏သာသနာနှင့် သိက္ခာကို ထိန်းသိမ်းလိုက်ခြင်းပင်ဖြစ်သည်။ အကြင်သူသည် သံသယဖြစ်ဖွယ် ကိစ္စရပ်များတွင် ကျရောက်သွားပါက ထိုသူသည် ဟရာမ် သို့ကျရောက်သွားမည်ဖြစ်သည်။ (ထိုသူ၏ပမာသည်)၊ တားမြစ်ထားသော စားကျက်အနီးတွင် မိမိသိုး၊ဆိတ်တို့ကို ကျောင်းသည့် (ဆိတ်)ကျောင်းသားကဲ့သို့ဖြစ်ပြီး ၎င်းသည် ထို(တားမြစ်ထားသောစားကျက်)ထဲသို့ ကျရောက်ရန် နီးကပ်သွားပြီဖြစ်သည်။ သတိပြုကြလေကုန်။ အမှန်တကယ် ဘုရင်တိုင်းတွင် (ကိုယ်ပိုင်) သီးသန့်တားမြစ် နယ်နိမိတ် ရှိကြလေသည်။ သတိပြုကြလေကုန်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်၏ တားမြစ်နယ်နိမိတ်သည် အရှင်မြတ်တားမြစ်ထားသည့် (ဟရာမ်) အရာများပင်ဖြစ်သည်။ သတိပြုကြလေကုန်။ အမှန်တကယ်ပင် ခန္ဓာကိုယ်တွင် အသားတုံးတစ်တုံးရှိသည်။ ထိုအသားတုံး မှန်ကန်ကောင်းမွန်လျှင် ခန္ဓာကိုယ်တစ်ခုလုံး မှန်ကန်ကောင်းမွန်နေမည်ဖြစ်သည်။ ထိုအသားတုံး ပျက်စီးလျှင် ကိုယ်ခန္ဓာတစ်ခုလုံး ပျက်စီးသွားမည်ဖြစ်သည်။ သတိပြုကြလေကုန်။ ထိုအရာသည် နှလုံးသားပင်ဖြစ်သည်။»

အိဗ်နုအဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တစ်နေ့ ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ နောက်တွင် လိုက်ပါစီးနင်းခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ « အို - ကောင်လေး ငါကိုယ်တော် သင့်အား အချို့သောစကားရပ်များကို သင်ကြားပေးတော်မူမည်။ သင်အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို(လိုက်နာပြီး) ထိန်းသိမ်းပါလေ။ အရှင်မြတ်သည် သင့်အား ထိန်းသိမ်းစောင့်ရှောက်တော်မူမည်။ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကို(လိုက်နာပြီး) ထိန်းသိမ်းပါလေ။ အလ္လာဟ်အရှင်မြတ်သည် သင့်အရှေ့မှ ကူညီတော်မူလိမ့်မည်။ သင်တောင်းခံမည်ဆိုပါက အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာ တောင်းခံပါ။ သင်အကူအညီတောင်းမည် ဆိုပါကလည်း အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာ အကူအညီတောင်းခံပါ။ အသင်ကောင်းစွာ မှတ်သားပါလေ။ အကယ်၍ လူသားထုတစ်ရပ်လုံးက သင့်အား တစ်စုံတစ်ရာ အကျိုးပြုရန် စုရုံးခဲ့ကြလျှင်လည်း အလ္လာဟ်အရှင်မြတ်က သင့်အတွက် သတ်မှတ်ထားသောအရာမှအပ အခြားမည်သည့်အကျိုးကိုမျှ ပြုနိုင်ကြမည် မဟုတ်ပေ။ အကယ်၍ လူသားထုတစ်ရပ်လုံး သင့်အား တစ်စုံတစ်ရာ ဆိုးကျိုးပြုရန် စုရုံးခဲ့ကြလျှင်လည်း အလ္လာဟ်အရှင်မြတ်က သင့်အတွက် သတ်မှတ်ထားသောအရာမှအပ အခြားမည်သည့်ဆိုးကျိုးကိုမျှ ပေးနိုင်ကြမည် မဟုတ်ပေ။ (သက္ကဒီရ်အား ရေးမှတ်သည့်) ကလောင်တံများလည်း မယူခြင်းခံလိုက်ရပြီး (ရေးမှတ်ထားသည့်) မှတ်တမ်းများလည်း ခြောက်သွေ့သွားပြီဖြစ်သည်။

အဗူအမ်ရ် (အဗူအမ်ရဟ် ဟုလည်းပြောကြသည်) စွဖ်ယာန်ဗင်န် အဗ္ဗဒုလ္လာဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ၎င်းကပြောပြခဲ့သည်မှာ ကျွန်တော်က အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးသည် ကိုယ်တော်အပြင် အခြားမည်သူ့ထံမှ မေးမြန်းရန်မလိုအောင် အစ္စလာမ်နှင့်ပတ်သက်သည့် စကားတစ်ရပ် ကျွန်တော်မျိုးအား မိန့်ကြားတော်မူပါဟု လျှောက်ထားခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ ကျွန်တော်မျိုး အလ္လာဟ်အရှင်မြတ်အား အီမာန်သက်ဝင်ယုံကြည်ပါသည်ဟု သင်ပြောကြားပါ။ ၎င်းနောက် ကြံ့ခိုင်စွာရပ်တည်ပါ။

အွတ်စ်မာန်ဗင်န်အဖ္ဖာန် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အကြင်သူသည် ဝုဿွူရေသန့်စင်ခြင်းအား ကောင်းမွန် ပြည့်စုံအောင်ပြုလုပ်မည်ဆိုလျှင် သူ၏ခန္ဓာကိုယ်မှ အကုသိုလ်များ ကင်းစင်သွားမည်ဖြစ်ပြီး လက်သည်းအောက်ရှိ အကုသိုလ်များပါ ကင်းစင်သွားမည်ဖြစ်သည်။

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်ကြားတော်မူသည်။ ဟဒတ်စ် (ဝူဿွူပျက်ခြင်း)ဖြစ်သွားလျင် ဝူဿွူပြန်မလုပ်မချင်း အသင်တို့အနက် တစ်ဦးတစ်ယောက်၏ဆွလာသ်ကို အလ္လာဟ်အရှင်မြတ် လက်ခံတော်မူမည် မဟုတ်ပေ။