- ကျေးကျွန်များအပေါ် တွင်ရှိသည့် အလ္လာဟ်အရှင်မြတ်၏ ကြီးကျယ်လှသည့် ကရုဏာတော်တစ်ရပ်မှာ လူတစ်ဦးသည် မည်သို့ပင် အပြစ်ကျူးလွန်သည်ဖြစ်စေ၊ မည်သို့ပင်ပြုလုပ်မိသည်ဖြစ်စေ၊ အမှားဝန်ချတောင်းပန်မှုပြုကာ အလ္လာဟ်အရှင်မြတ်ထံပြန်လှည့်ပါက အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အားခွင့်လွှတ်တော်မူမည်ဖြစ်သည်။
- အလ္လာဟ်အရှင်မြတ်ကို အီမာန်သက်ဝင်ယုံကြည်သူမုအ်မင်န်သည် မိမိအရှင်မြတ်၏ ခွင့်လွှတ်မှုကို မျှော်လင့်ချက်ထားပြီး အရှင်မြတ်၏အပြစ်ဒဏ်ကို ကြောက်ရွံ့သည့်အတွက် သောင်ဝ်ဗဟ် အမှားဝန်ချတောင်းပန်မှုကို အလျင် အမြန်ပြုလုပ်ကာ အပြစ်အကုသိုလ်များကို ဆက်လက်ကျူးလွန်ခြင်းမပြုပေ။
- စစ်မှန်သည့်သောင်ဝ်ဗဟ် အမှားဝန်ချတောင်းပန်ခြင်း၏ စည်းကမ်းချက်များမှာ- (၁) အပြစ်အကုသိုလ်အား စွန့်လွှတ်ရမည်။ (၂) အပြစ်ကျူးလွန်ခဲ့သည့်အပေါ်နောင်တရရမည်။ (၃) အပြစ်ထပ်မံကျူးလွန်ခြင်းမပြုရန် ဆုံးဖြတ် ချက်ချရမည်။ အကယ်၍ လူတို့၏ ဥစ္စာပစ္စည်း၊ ဂုဏ်သိက္ခာ၊ အသက် စသည်တို့ကို မတရားပြုထားသည့်အတွက် သောင်ဝ်ဗဟ် အမှားဝန်ခံခြင်းဖြစ်ပါက စတုတ္ထမြောက် စည်းကမ်းချက်တစ်ခု ထပ်တိုးသွားမည်ဖြစ်သည်။ ၎င်းမှာ ရပိုင်ခွင့်ရှိသူထံမှ ခွင့်လွှတ်မှုတောင်းခံခြင်း သို့မဟုတ် ၎င်း၏ ရပိုင်ခွင့်ကို ပြန်လည်ပေးအပ်ခြင်းဖြစ်သည်။
- အလ္လာဟ်အရှင်မြတ်ကိုသိခြင်း၏ အရေးပါမှုကိုဖော်ပြထားသည်။ အရှင်မြတ်သည် လူတစ်ဦးကို မိမိ၏သာသာနာရေးကိစ္စရပ်များကို သိနားလည်
- စေသောကြောင့် သူသည်အမှားလုပ်မိတိုင်း သောင်ဝ်ဗဟ်အမှားဝန်ချတောင်း
- ပန်မှုပြုကာ မျှော်လင့်ချက်ကင်းမဲ့ခြင်း၊ အပြစ်ဆက်လက်ကျူးလွန်ခြင်းမျိုး မပြုလုပ်တော့ပေ။