- ဆွလာသ်၏ အဆင့်အတန်းကြီးကျယ်မှုကို တင်ပြထားပြီး ဧကန်အမှန်ပင်အလ္လာဟ်အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်မှုပါရှိသော ဆွလာသ်ကိုသာ လက်ခံတော်မူမည်ဖြစ်မည်။
- မသန့်ဖြစ်နေသောသူ၏ ဆွလာသ်သည် မသန့်အကြီး (ရေချိုးရန်တာဝန်ထိုက်သည့်မသန့်ရှင်းမှု)နှင့် မသန့်အသေး ( ဝူဿွူပြုရန် တာဝန်ထိုက်သည့် မသန့်ရှင်းမှု) တို့မှကင်းစင်မှသာလျှင် ၎င်း၏ ဆွလာသ်သည် လက်ခံခြင်း ခံရမည်ဖြစ်သည်။
- မသန့်ဖြစ်ခြင်းသည် ဝူဿွူကိုပျက်စေသည်။ အကယ်၍ ဆွလာသ်အတွင်း၌ မသန့်ဖြစ်ခဲ့လျှင် ဆွလာသ်ကိုပါ ပျက်စေသည်။
- ဤနေရာတွင် “လက်ခံခြင်းခံရမည်မဟုတ်”၏ အလိုသဘောမှာ ဆွလာသ်အထမမြောက်ခြင်းနှင့် အကျိုးကုသိုလ် မရရှိခြင်းကို ဆိုလိုသည်။
- ဤဟဒီးဆ်တော်မှ သိရှိရသည်မှာ အချို့ ဆွလာသ်သည် လက်ခံသဘောတူခြင်းခံရပြီး အချို့ဆွလာသ်သည် လက်ခံသဘောတူခြင်း မခံရပေ။ သို့ရှိရာ (ရှရီအဟ်)သာသနာ့ပြဌာန်းချက်နှင့် ကိုက်ညီသော ဆွလာသ်သည် လက်ခံခြင်းခံရပြီး (ရှရီအဟ်)သာသနာ့ပြဌာန်းချက်နှင့် မကိုက်ညီသော ဆွလာသ်သည် လက်ခံခြင်းမခံရပေ။ အခြားခဝပ်ကိုးကွယ်မှုတိုင်းသည်လည်း ဤကဲ့သို့ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူထားသည်မှာ အကြင်သူသည် မည်သည့်အမလ်ကောင်းမှုကိုမဆို ပြုလုပ်ရာတွင် ငါတမန်တော်၏ အမိန့်မပါရှိခဲ့လျှင် ထိုအရာသည် ပယ်ဖျက်ခြင်းခံရမည်ဖြစ်သည်။
- ဝူဿွူမရှိသောသူ၏ ဆွလာသ်သည် ဝူဿွူ မပြုမခြင်းပိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့ ဆွလာသ်မျိုးကို အလ္လာဟ်အရှင်မြတ် လက်မခံသည့်အတွက်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်လက်ခံကဗူလ်ပြုခြင်းမရှိသော အရာနှင့် အရှင်မြတ်ထံသို့ ချဉ်းကပ်ကိုးကွယ်ခြင်းသည် ထိုအရှင်မြတ်အား စိန်ခေါ်မှုပြုခြင်းနှင့် လှောင်ပြောင်ခြင်း တစ်မျိုးသာဖြစ်သည်။
- အကယ်၍ လူတစ်ဦးသည် ဆွလာသ်တစ်ကြိမ်ဆောက်တည်ရန် ဝူဿွူကိုယ်လက်သန့်စင်မှုပြုလုပ်ခဲ့သည်။ ၎င်းနောက် နောက်ထပ် ဆွလာသ်ဆောက်တည်ရန် အချိန်ကျရောက်လာပါက ထိုသူသည် ဝုဿွူရှိနေလျှင် နောက်တစ်ကြိမ် ဝူဿွူ ပြုလုပ်ရန် တာဝန်မရှိပေ။
- ဝူဿွူ မရှိသောသူသည် မေ့လျော့၍ ဖရဿ်ွဆွလာသ်ကိုဖြစ်စေ၊ နဖ်လ်ဆွလာသ်ကိုဖြစ်စေ ဂျနာဇဟ်ဆွလာသ်ကိုဖြစ်စေ ဆောက်တည်ခဲ့လျှင် လက်ခံခြင်းခံရမည် မဟုတ်ပေ။ ဝူဿွူပြု၍ ဆောက်တည်မှသာ လက်ခံခြင်းခံရမည်။ ထို့အတူ ရေချိုးရန် တာဝန်ထိုက်နေသူသည် ရေမချိုးမီ ဆွလာသ်ဆောက်တည်ခဲ့လျှင် လက်ခံခြင်းခံရမည် မဟုတ်ပေ။ အကယ်၍ မေ့လျော့၍ ဆောက်တည်ခဲ့လျှင်လည်း ထိုဆွလာသ်ကို ပြန်လည်ဆောက်တည်ရန် တာဝန်ရှိသည်။