- ဝုဿွူနှင့် ဝုဿွူ၏ စွန္နသ်တော်များ၊ မွတ်စ်သဟဗ်များကို အလေးအနက်ထား သင်ယူရန်နှင့် ၎င်းတို့ကို လိုက်နာကျင့်သုံးရန် တိုက်တွန်းထားသည်။
- ဝုဿွူ၏ မွန်မြတ်မှုကို ဖော်ပြထားသည်။ ဝုဿွူသည်အကုသိုလ်အသေးများကို ပယ်ဖျက်ပေးသည်။ အပြစ်အကုသိုလ်အကြီးများကိုမူ သောင်ဗဟ် အမှားဝန်ခံမှုပြုရန် လိုအပ်ပေသည်။
- အပြစ်အကုသိုလ်များ ကင်းစင်ရန်အတွက် စည်းကမ်းချက်တစ်ခုမှာ မည်သည့်လစ်ဟင်းမှုမှမရှိစေပဲ ဝုဿွူကို တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က သင်ကြားပြသခဲ့သည့်အတိုင်း ကောင်းမွန်ကျနစွာ ပြုလုပ်ခြင်းဖြစ်သည်။
- ဤဟဒီးဆ်တော်၌ တင်ပြထားသော အပြစ်အကုသိုလ်များ ပယ်ဖျက်ပေးခြင်းသည် ကြီးလေးသော အပြစ်အကုသိုလ်များမှ ရှောင်ကြဉ်ခြင်း၊ ၎င်းတို့အတွက် သောင်ဗဟ်ပြုခြင်းဟူသောအချက်ဖြင့် ကန့်သတ်ထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - (အို- ‘မုအ်မင်န်’ သင်ဝင်ယုံကြည်သူအပေါင်းတို့၊ အကယ်၍ အသင်တို့သည် မိမိတို့အား မြစ်တားပြီးဖြစ်သော၊ ကြီးလေးသော ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်၍နေကြပါမူ၊ ငါအရှင်မြတ်သည် အသင်တို့၏ (သေးငယ်သော) မကောင်းမှုဒုစရိုက်တို့ကို အသင်တို့မှ ကျေအေးစေတော်မူမည်။) ကုရ်အာန် ( ၄း ၃၁ )