- ဆွဟာဗဟ်(ရဿွိယလ္လာဟုအန်ဟုမ်)တို့သည် အစ္စလာမ်လက်မခံမီက ကျူးလွန်ခဲ့သော မကောင်းမှုများနှင့်ပတ်သက်၍ အလွန်စိုးရိမ်စိတ်ရှိကြသည်။
- အစ္စလာမ်သာသနာပေါ်တွင် စွဲမြဲစွာရပ်တည်ရန် တိုက်တွန်းထားသည်။
- အစ္စလာမ်သာသနာကို လက်ခံခြင်း၏ မွန်မြတ်ကိုဖော်ပြထားသည်။ အစ္စလာမ်သာသနာသည် အစ္စလာမ်လက်မခံမီက အပြစ်အကုသိုလ်များကို ပယ်ဖျက်ပေးသည်။
- အစ္စလာမ်ကို လက်ခံပြီးနောက် ဘာသာပျက်သွားသူနှင့် မုနာဖိက် အရေခြုံမွတ်စ်လင်မ်တို့သည် အစ္စလာမ်လက်မခံမီနှင့် လက်ခံပြီးနောက် ကျူးလွန်ခဲ့သည့် အပြစ်များအတွက် အရေးယူခြင်းခံရမည်။