ပင်မစာမျက်နှာ
ကျွန်ုပ်တို့အကြောင်း
my
العربية - عربي
English - إنجليزي
español - إسباني
português - برتغالي
Kiswahili - سواحيلي
Français - فرنسي
Русский - روسي
اردو - أردو
italiano - إيطالي
Türkçe - تركي
አማርኛ - أمهري
ไทย - تايلندي
සිංහල - سنهالي
Wikang Tagalog - فلبيني تجالوج
Tiếng Việt - فيتنامي
नेपाली - نيبالي
Hausa - هوسا
Wollof - ولوف
বাংলা - بنغالي
ئۇيغۇرچە - أيغوري
অসমীয়া - آسامي
فارسی - فارسي
فارسی دری - دري
azərbaycanca - أذري
Ўзбек - أوزبكي
Deutsch - ألماني
Shqip - ألباني
فلبيني مرناو - فلبيني مرناو
български - بلغاري
ဗမာ - بورمي
bosanski - بوسني
polski - بولندي
தமிழ் - تاميلي
татар теле - تتاري
română - روماني
svenska - سويدي
Soomaali - صومالي
тоҷикӣ - طاجيكي
Pulaar - فولاني
कश्मीरी - كشميري
bahasa Melayu - ملايو
മലയാളം - مليالم
magyar - هنجاري مجري
हिन्दी - هندي
Èdè Yorùbá - يوربا
ελληνικά - يوناني
қазақ тілі - كازاخي
中文 - صيني
Bahasa Indonesia - إندونيسي
پښتو - بشتو
Luganda - لوغندي
తెలుగు - تلقو
日本語 - ياباني
ትግርኛ - تجريني
Кыргызча - قرغيزي
Kurdî - كردي
Nederlands - هولندي
čeština - تشيكي
українська - أوكراني
suomi - فنلندي
Norwegian - نرويجي
ქართული - جورجي
ދިވެހި - ديفهي
Türkmençe - تركماني
afaan oromoo - أورومو
ភាសាខ្មែរ - خميرية
ಕನ್ನಡ - كنادي
lietuvių - ليتواني
bamanankan - بامبارا
Soninke - سوننكي
Malagasy - ملاغاشي
Sängö - سانجو
Српски - صربي
Afaraf - عفري
Kinyarwanda - كينيارواندا
Bi zimanê Kurdî - كردي كرمنجي
Akan - أكاني
Chichewa - شيشيوا
ગુજરાતી - غوجاراتية
Mõõré - موري
créole - كريولي
ပင်မစာမျက်နှာ
ကျွန်ုပ်တို့အကြောင်း
Contact Us
အမ္မရ်ဗင်န်အာမိရ်က အနတ်စ်ဗင်န်မာလိက်(ရဿွိယလ္လာဟုအန်ဟု)ထံမှ ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်တိုင်းအတွက်(ဝုဿွူရှိလျက်...
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဝုဿွူမပျက်လျှင်လည်း ဖရ်ဿ်ွဆွလာသ်တိုင်းအတွက် ဝုဿွူပြုလုပ်လေ့ရှိသည်။ ထိုသို့ပြုရခြင်းမှာ အကျိုးကုသိုလ်နှင့်...
အိဗ်နုအဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ပြောပြသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဝုဿွူပြုလုပ်ရာ၌(အစိတ်အပိုင်းများကို) တစ်ကြိမ်စီ(ဆေး...
အိဗ်နုအဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဝုဿွူလုပ်ရာ၌ အစိတ်အပိုင်းတိုင်းကို တစ်ကြိမ်စီဆေးကြောတေ...
အွတ်စ်မာန်ဗင်န် အဖ္ဖာန်(ရဿွိယလ္လာဟုအန်ဟု) သူကောင်းပြုထားသည့်ကျွန် ဟုမ်ရာန်က ဆင့်ပြန်ခဲ့သည်။ သူသည် အွတ်စ်မာန်(ရဿွိယလ္လာဟုအန်ဟု)အား ဝုဿူပြုရန်ရေတောင်းသည...
အွတ်စ်မာန်(ရဿွိယလ္လာဟုအန်ဟု)သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ဝုဿူပြုနည်းအား ပိုမိုရှင်းလင်းစေရန်အတွက် လက်တွေ့နည်းလမ်းဖြင့် သင်ကြားပေးခဲ့...
အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ (မစ္စဝါက်) တံပူစားခြင်းသ...
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ကျွန်တော်တို့အား မိန့်ကြားတော်မူခဲ့သည်မှာ အရာက်အပင်(သွားတိုက်တံလုပ်သည့်အပင်)၏ ကိုင်းနှင့် ၎င်းကဲ့သို့အလားတူ...
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်။ မွတ်စ်လင်မ်တိုင်းအပေါ်...
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ‘မွတ်စ်လင်မ်တိုင်းအပေါ်၌ တစ်ပတ်လျှင်တစ်ရက် ရေချိုးရန်တာဝန်ရှိသည်’ဟု မိန့်ကြားတော်မူခဲ့သ...
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်တိုင်းအတွက်(ဝုဿွူရှိလျက်နှင့်) ဝုဿွူ(ထပ်မံ)ပြုလုပ်တော်မူ၏။...
အမ္မရ်ဗင်န်အာမိရ်က အနတ်စ်ဗင်န်မာလိက်(ရဿွိယလ္လာဟုအန်ဟု)ထံမှ ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်တိုင်းအတွက်(ဝုဿွူရှိလျက်နှင့်) ဝုဿွူ(ထပ်မံ)ပြုလုပ်တော်မူ၏။ အမ္မရ်ဗင်န်အာမိရ်က အနတ်စ်(ရဿွိယလ္လာဟုအန်ဟု)အား အသင်တို့မည်သို့ပြုလုပ်ကြသနည်းဟု မေးမြန်းခဲ့ရာ အနတ်စ်(ရဿွိယလ္လာဟုအန်ဟု)က ပြောသည်မှာ ကျွန်တော်တို့ထဲမှ တစ်ဦးယောက်သည် ဝုဿွူမပျက်မချင်း ဝုဿွူတစ်ခုဖြင့်သာ လုံလောက်သွားပေသည်။
Hadeeth details
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဝုဿွူပြုလုပ်ရာ၌(အစိတ်အပိုင်းများကို) တစ်ကြိမ်စီ(ဆေးကြောတော်မူသည်)။...
အိဗ်နုအဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ပြောပြသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဝုဿွူပြုလုပ်ရာ၌(အစိတ်အပိုင်းများကို) တစ်ကြိမ်စီ(ဆေးကြောတော်မူသည်)။
Hadeeth details
အကြင်သူသည် ငါကိုယ်တော်၏ ဤဝုဿူပြုနည်းအတိုင်း ဝုဿူပြုလုပ်ပြီး ဆွလာသ်နှစ်ရကအသ်ဆောက်တည်မည်။ ယင်းနှစ်ရကအသ်ထဲတွင် စိတ်ထဲမှစကားပြောခြင်း(ဟိုဒီတွေးခြင်း)မပြုလျှင် ထိုသူယခင်က ကျူးလွန်ခဲ့သော အပြစ်များ ခွင့်လွှတ်ခြင်းခံရမည် ဖြစ်သည်။...
အွတ်စ်မာန်ဗင်န် အဖ္ဖာန်(ရဿွိယလ္လာဟုအန်ဟု) သူကောင်းပြုထားသည့်ကျွန် ဟုမ်ရာန်က ဆင့်ပြန်ခဲ့သည်။ သူသည် အွတ်စ်မာန်(ရဿွိယလ္လာဟုအန်ဟု)အား ဝုဿူပြုရန်ရေတောင်းသည်ကို တွေ့ခဲ့သည်။ ၎င်းနောက် အွတ်စ်မာန်(ရဿွိယလ္လာဟုအန်ဟု)သည် အိုးထဲမှရေကို လက်ဖဝါးနှစ်ဖက်ပေါ် လောင်း၍ သုံးကြိမ် ဆေးကြောခဲ့သည်။ထို့နောက် မိမိညာလက်ကို အိုးထဲထည့်ပြီး ရေယူကာ ပလုတ်ကျင်းသည် ၎င်းနောက် နှာခေါင်းတွင်းရေရှူသွင်းပြီး ညှစ်ထုတ်ကာ သန့်စင်မှုပြုလုပ်သည်။ တဖန် မိမိမျက်နှာကို သုံးကြိမ်ဆေးကြောသည်။ ပြီးနောက် လက်နှစ်ဖက်ကို တံတောင်ဆစ် အပါအဝင် သုံးကြိမ်ဆေးကြောသည်။ ထို့နောက် ဦးခေါင်းကို မစဟ်ပြုပွတ်သပ်သည်။ ပြီးနောက် မိမိ၏ခြေထောက်နှစ်ဖက်ကို ခြေမျက်စိအပါအဝင် သုံးကြိမ်ဆေးကြောသည်။ ထို့နောက် ပြောကြားသည်မှာ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကျွန်ုပ်၏ ဤဝုဿူအတိုင်း ဝုဿူပြုတော်မူသည်ကို ကျွန်တော်မြင်တွေ့ခဲ့သည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်။ အကြင်သူသည် ငါကိုယ်တော်၏ ဤဝုဿူပြုနည်းအတိုင်း ဝုဿူပြုလုပ်ပြီး ဆွလာသ်နှစ်ရကအသ်ဆောက်တည်မည်။ ယင်းနှစ်ရကအသ်ထဲတွင် စိတ်ထဲမှစကားပြောခြင်း(ဟိုဒီတွေးခြင်း)မပြုလျှင် ထိုသူယခင်က ကျူးလွန်ခဲ့သော အပြစ်များ ခွင့်လွှတ်ခြင်းခံရမည် ဖြစ်သည်။
Hadeeth details
(မစ္စဝါက်) တံပူစားခြင်းသည် ခံတွင်းကို သန့်ရှင်းစင်ကြယ်စေပြီး အလ္လာဟ်အရှင်မြတ် ကျေနပ်နှစ်သက်မှုကိုရရှိစေသည်။...
အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ (မစ္စဝါက်) တံပူစားခြင်းသည် ခံတွင်းကို သန့်ရှင်းစင်ကြယ်စေပြီး အလ္လာဟ်အရှင်မြတ် ကျေနပ်နှစ်သက်မှုကိုရရှိစေသည်။
Hadeeth details
မွတ်စ်လင်မ်တိုင်းအပေါ်၌ တစ်ပတ်လျှင်တစ်ရက် ရေချိုးရန်တာဝန်ရှိသည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်။ မွတ်စ်လင်မ်တိုင်းအပေါ် ၌ တစ်ပတ်လျှင်တစ်ရက် မိမိ၏ဦးခေါင်းနှင့် ခန္ဓာကိုယ်ကိုဆေးကြောကာ ရေချိုးရန်တာဝန်ရှိသည်။
Hadeeth details
အရာငါးခုသည် လူသား၏ သဘာဝအနက်မှဖြစ်သည်။ (၁)ခသ်နဟ် လိင်အရေပြား လှီးဖြတ်ခြင်း၊ (၂)ချက်အောက်မွေးရိတ်ခြင်း၊ (၃)နှုတ်ခမ်းမွေးညှပ်ခြင်း၊ (၄)လက်သည်း၊ခြေသည်းညှပ်ခြင်း၊ (၅)ချိုင်းမွေးနုတ်ခြင်း။...
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ အရာငါးခုသည် လူသား၏ သဘာဝအနက်မှဖြစ်သည်။ (၁)ခသ်နဟ် လိင်အရေပြား လှီးဖြတ်ခြင်း၊ (၂)ချက်အောက်မွေးရိတ်ခြင်း၊ (၃)နှုတ်ခမ်းမွေးညှပ်ခြင်း၊ (၄)လက်သည်း၊ခြေသည်းညှပ်ခြင်း၊ (၅)ချိုင်းမွေးနုတ်ခြင်း။
Hadeeth details
အကယ်၍ အသင်တို့အနက်မှတစ်ဦးတစ်ယောက်သည် မိမိ၏ဝမ်းဗိုက်ထဲ၌ တစ်စုံတစ်ရာခံစားရပြီး လေလည်လိုက်ခြင်းရှိ၊ မရှိသံသယဖြစ်ပါက အသံမကြားသ၍ သို့မဟုတ် အနံ့မရသ၍ ဗလီဝတ်ကျောင်းတော်မှ လုံးဝမထွက်သွားရပေ။...
အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။အကယ်၍ အသင်တို့အနက်မှတစ်ဦးတစ်ယောက်သည် မိမိ၏ဝမ်းဗိုက်ထဲ၌ တစ်စုံတစ်ရာခံစားရပြီး လေလည်လိုက်ခြင်းရှိ၊ မရှိ သံသယဖြစ်ပါက အသံမကြားသ၍ သို့မဟုတ် အနံ့မရသ၍ ဗလီဝတ်ကျောင်းတော်မှ လုံးဝမထွက်သွားရပေ။
Hadeeth details
အသင်တို့အနက်မှ တစ်ဦးတစ်ယောက်သည် မုအဇ္ဇင်န်က "အလ္လာဟုအက္ကဗရ်၊ အလ္လာဟုအက္ကဗရ်"ဆိုသည့်အခါ အလ္လာဟုအက္ကဗရ်၊ အလ္လာဟုအက္ကဗရ်ဟုဆိုမည်။...
အုမရ် ဗင်န် ခသ်သွားဗ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အသင်တို့အနက်မှ တစ်ဦးတစ်ယောက်သည် မုအဇ္ဇင်န်က "အလ္လာဟုအက္ကဗရ်၊ အလ္လာဟုအက္ကဗရ်"ဆိုသည့်အခါ အလ္လာဟုအက္ကဗရ်၊ အလ္လာဟုအက္ကဗရ်ဟုဆိုမည်။ တဖန် "အရှ်ဟဒု အလ္လာအိလာဟ အိလ္လလ္လာဟ်"ဆိုသည့်အခါ အရှ်ဟဒု အလ္လာအိလာဟ အိလ္လလ္လာဟ်ဟုဆိုမည်။ တဖန် "အရှ်ဟဒု အန္န မုဟမ္မဒရ် ရစူလွလ္လာဟ်" ဆိုသည့်အခါ အရှ်ဟဒု အန္န မုဟမ္မဒရ် ရစူလွလ္လာဟ်ဟုဆိုမည်။ တဖန် "ဟိုင်းယ္ယာအလဆ်ဆွလာဟ်"ဆိုသည့်အခါ လာဟောင်းလ ဝလာကုဝ်ဝသ အိလ္လာဗိလ္လာဟ်ဟုဆိုမည်။ တဖန် "ဟိုင်းယ္ယာအလလ် ဖလာဟ်"ဆိုသည့်အခါ လာဟောင်းလ ဝလာကုဝ်ဝသ အိလ္လာဗိလ္လာဟ်ဟုဆိုမည်။ တဖန် "အလ္လာဟုအက္ကဗရ်၊ အလ္လာဟုအက္ကဗရ်" ဆိုသည့်အခါအလ္လာဟုအက္ကဗရ်၊ အလ္လာဟုအက္ကဗရ်ဟုဆိုမည်။ တဖန် "လာအိလာဟ အိလ္လလ္လာဟ်" ဆိုသည့်အခါ မိမိ၏ နှလုံးသားအတွင်းမှ လာအိလာဟ အိလ္လလ္လာဟ်ဟုဆိုမည်ဆိုလျှင် ဂျန္နသ်သုခဘုံသို့ကို ဝင်ရောက်ရမည်ဖြစ်သည်။
Hadeeth details
သင်တို့သည် မုအဇ္ဇင်န်၏အဇာန်သံကိုကြားသည့်အခါ ၎င်းဆိုသည့်အတိုင်း လိုက်ဆိုကြပါ။ ထို့နောက် ငါကိုယ်တော်အပေါ်သို့ ဆွလာသ်ပို့သကြပါ။...
အဗ်ဒုလ္လာဟ်ဗင်န် အမ်ရ်ဗင်န်အာဆ်ွ(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ ၎င်းသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်မှာ သင်တို့သည် မုအဇ္ဇင်န်၏အဇာန်သံကိုကြားသည့်အခါ ၎င်းဆိုသည့်အတိုင်း လိုက်ဆိုကြပါ။ ထို့နောက် ငါကိုယ်တော်အပေါ်သို့ ဆွလာသ်ပို့သကြပါ။ အကြင်မည်သူမဆို ငါကိုယ်တော်အပေါ်သို့ ဆွလာသ်တစ်ကြိမ်ပို့သပါက အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အပေါ်၌ ရဟ်မသ် ကရုဏာတော် ဆယ်ကြိမ် ချီးမြှင့်တော်မူမည်ဖြစ်သည်။ ထို့နောက် သင်တို့သည် ငါကိုယ်တော်အတွက် အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှ ဝစီလဟ် တောင်ခံပေးကြပါ။ အမှန်တကယ်ပင် ယင်းသည် ဂျန္နသ်သုခဘုံ၏ အဆင့်အတန်းတစ်ခုဖြစ်သည်။ ထိုအဆင့်အတန်းအား အလ္လာဟ်အရှင်မြတ်၏ကျေးကျွန်တစ်ဦးအား ချီးမြှင့်မည်ဖြစ်၍ ၎င်းအားချီးမြှင့်ခံရသူသည် ငါကိုယ်တော်ပင်ဖြစ်မည်ဟု မျှော်လင့်သည်။ သို့ဖြစ်၍ အကြင်မည်သူမဆို ငါကိုယ်တော်အတွက် ဝစီလဟ် (မကာမုမဟ်မူဒ်) တောင်းခံပေးပါက ထိုသူ့အတွက် ရှဖာအဟ် ကြားဝင်အသနားခံပေးခြင်း ဝါဂျိဗ်ဖြစ်သည်။
Hadeeth details
အသင်ဆွလာသ်အတွက် အဇာန်ဖိတ်ခေါ်သံကို ကြားပါသလားဟု မေးမြန်းတော်မူသည်။ ၎င်းက ဟုတ်ကဲ့ (ကြားပါသည်)ဟု ဖြေကြားခဲ့ရာ ကိုယ်တော်ကသင် အဖြေပေးပါဟု မိန့်ကြားတော်မူသည်။...
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ မျက်မမြင်ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ ရောက်ရှိလာပြီး အို အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် အမှန်တကယ်ပင် ကျွန်တော်မျိုးအား ဗလီသို့ခေါ်ဆောင်သွားမည့်သူ တစ်ဦးမျှမရှိပါဟု လျှောက်ထားခဲ့သည်။ ထို့ကြောင့် သူသည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ သူ၏အိမ်၌ပင် ဆွလာသ်ဆောက်တည်ရန် ခွင့်ပြုချက်တောင်းခံခဲ့ရာ ကိုယ်တော်က သူ့အားခွင့်ပြုတော်မူခဲ့သည်။ ထိုသူလှည့်ပြန်နေစဉ် ကိုယ်တော်က သူ့အားခေါ်တော်မူ၍ အသင်ဆွလာသ်အတွက် အဇာန်ဖိတ်ခေါ်သံကို ကြားပါသလားဟု မေးမြန်းတော်မူသည်။ ၎င်းက ဟုတ်ကဲ့ (ကြားပါသည်)ဟု ဖြေကြားခဲ့ရာ ကိုယ်တော်ကသင် အဖြေပေးပါဟု မိန့်ကြားတော်မူသည်။
Hadeeth details
အကယ်၍ ကြီးလေးသော အပြစ်အကုသိုလ်များကို ရှောင်ကြဉ်ပါက ဆွလာသ်ငါးကြိမ်သည်လည်းကောင်း၊ ဂျုမုအဟ်တစ်ကြိမ်မှ နောက်ဂျုမုအဟ်သည်လည်းကောင်း၊ ရမဿွာန်တစ်လမှ နောက်ရမဿွာန်သည်လည်းကောင်း ယင်းတို့၏ စပ်ကြား၌ရှိသော အကုသိုလ်များအား ပလပ်စေမည်ဖြစ်သည်။...
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အကယ်၍ ကြီးလေးသော အပြစ်အကုသိုလ်များကို ရှောင်ကြဉ်ပါက ဆွလာသ်ငါးကြိမ်သည်လည်းကောင်း၊ ဂျုမုအဟ်တစ်ကြိမ်မှ နောက်ဂျုမုအဟ်သည်လည်းကောင်း၊ ရမဿွာန်တစ်လမှ နောက်ရမဿွာန်သည်လည်းကောင်း ယင်းတို့၏ စပ်ကြား၌ရှိသော အကုသိုလ်များအား ပလပ်စေမည်ဖြစ်သည်။
Hadeeth details
အလ္လာဟ်အရှင်မြတ်က အမိန့်ရှိတော်မူသည် ငါအရှင်မြတ်သည် (ဆွလာသ်) စူရဟ် ဖာသိဟဟ်အား ငါအရှင်မြတ်နှင့် ငါအရှင်မြတ်၏ကျွန်ကြား၌ တစ်ဝက်စီခွဲထားတော်မူပြီး ငါအရှင်မြတ်၏ကျွန်သည် သူတောင်းခံသည့်အရာကို ရရှိမည်ဖြစ်သည်။...
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ အလ္လာဟ်အရှင်မြတ်က အမိန့်ရှိတော်မူသည် ငါအရှင်မြတ်သည် (ဆွလာသ်) စူရဟ် ဖာသိဟဟ်အား ငါအရှင်မြတ်နှင့် ငါအရှင်မြတ်၏ကျွန်ကြား၌ တစ်ဝက်စီခွဲထားတော်မူပြီး ငါအရှင်မြတ်၏ကျွန်သည် သူတောင်းခံသည့်အရာကို ရရှိမည်ဖြစ်သည်။ ငါအရှင်မြတ်၏ကျွန်က {الْحَمْدُ لِلهِ رَبِّ الْعَالَمِينَ} “ချီးမွမ်းခြင်းဟူသမျှသည် စကြာဝဠာအပေါင်းတို့ကို ပြုစုပျိုးထောင်တော်မူသော အလ္လာဟ်အရှင်မြတ်အဖို့သာဖြစ်တော်မူပါသည်”ဟု ရွတ်ဆိုသောအခါ အလ္လာဟ်အရှင်မြတ်က ငါအရှင်၏ကျွန်သည် ငါအရှင်မြတ်အား ချီးမွမ်းနေသည်ဟု အမိန့်ရှိတော်မူ၏။ ၎င်းနောက် ကျွန်က {الرَّحْمَنِ الرَّحِيمِ} “အရှင်မြတ်သည်မပြတ်မစဲ သနားကြင်နာညှာတာတော်မူသော၊ အနန္တကရုဏာတော်ရှင်ဖြစ်တော်မူပေသည်”ဟု ရွတ်ဆိုသောအခါ အလ္လာဟ်အရှင်မြတ်က ငါအရှင်၏ကျွန်သည် ငါအရှင်မြတ်အား ချီးကျူးထောမနာပြုနေပေသည်ဟု အမိန့်ရှိတော်မူ၏။ ၎င်းကျွန်က {مَالِكِ يَوْمِ الدِّينِ} “ထိုအရှင်မြတ်သည် (ကောင်းကျိုး၊ ဆိုးကျိုး) အစားပေးတော်မူမည့်နေ့ကို အစိုးရတော်မူသောအရှင် ဖြစ်တော်မူပါသည်”ဟု ရွတ်ဆိုသောအခါ အရှင်မြတ်က ငါအရှင်၏ကျွန်သည် ငါအရှင်မြတ်၏ ကြီးကဲထွတ်မြတ်မှုကို ရွတ်ဆိုနေပေသည်ဟု အမိန့်ရှိတော်မူ၏။ တစ်ခါတစ်ရံတွင် ငါအရှင်၏ကျွန်သည် သူ၏အရေးကိစ္စများကို ငါအရှင်မြတ်ထံ လွှဲအပ်တော်မူလိုက်၏ဟု မိန့်ကြားတော်မူသည်။ ၎င်းကျွန်က {إِيَّاكَ نَعْبُدُ وَإِيَّاكَ نَسْتَعِينُ} “ကျွန်တော်မျိုးတို့သည် အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ်ပါ၏။ ထို့ပြင်ကျွန်တော်မျိုးတို့သည် အရှင်မြတ်ထံတော်မှသာ ကူညီစောင်မမှု တောင်းခံပါ၏”ဟု ရွတ်ဆိုသောအခါ အရှင်မြတ်က ဤသည်ငါအရှင်မြတ်နှင့် ငါအရှင့်ကျွန်၏ကြား (တစ်ဝက်စီ)ဖြစ်ပေသည် ငါအရှင်မြတ်၏ကျွန်သည် သူတောင်းခံသည့်အရာကို ရရှိမည်ဖြစ်သည်ဟု အမိန့်ရှိတော်မူ၏။ ထိုအခါကျွန်က {اهْدِنَا الصِّرَاطَ الْمُسْتَقِيمَ، صِرَاطَ الَّذِينَ أَنْعَمْتَ عَلَيْهِمْ غَيْرِ الْمَغْضُوبِ عَلَيْهِمْ وَلا الضَّالِّينَ} “ကျွန်တော်မျိုးတို့အား ဖြောင့်မတ်မှန်ကန်သောလမ်းကို ညွှန်ကြား ပြသတော်မူပါ။ အကြင်သူတို့အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်သည် ကျေးဇူးပြုတော်မူခဲ့ပါသည်။ (ထိုသူမွန်သူမြတ်တို့၏ တရားလမ်းကိုညွှန်ကြားပြသတော်မူပါ။) (ထိုသူမွန်သူမြတ်တို့သည်)အမျက်တော်စူးရှခြင်းခံရသူများလည်းမဟုတ်၊ လမ်းမှားသူများလည်းမဟုတ်ကြပါ”ဟု ရွတ်ဆိုသောအခါ အရှင်မြတ်က ဤအပိုဒ်များသည် ငါအရှင်မြတ်၏ကျွန်အတွက် သက်သက်သာဖြစ်သည်။ ငါအရှင်မြတ်၏ကျွန်တောင်းဆိုသည့်အရာကို ငါအရှင်ချီးမြှင့်တော်မူပြီဟု အမိန့်ရှိတော်မူသည်။
Hadeeth details
‹
1
2
3
4
5
6
7
8
9
10
...
16
17
›
Share
Use the QR code to easily share the message of Islam with others
Copy Link
copied!
ကျွန်ုပ်တို့နှင့် ဆက်သွယ်ရန်
×
အမည်
အီးမေးလ်
စာသားမက်ဆေ့ခ်ျ
ကျွန်ုပ်တို့နှင့် ဆက်သွယ်ရန်
×
ကျွန်ုပ်တို့ကို ဆက်သွယ်သည့်အတွက် ကျေးဇူးတင်ပါတယ်။ အင်န်ရှာအလ္လာဟ်၊ သင့်စာကို ကြည့်ရှုစစ်ဆေးလိုက်ပါမည်။
Share