- အစ္စလာမ်သာသနာသည် သန့်ရှင်းစင်ကြယ်မှု၊ အမွှေးအကြိုင်သုတ်လိမ်းမှုတို့ကို အလေးထားသည်။
- ဤဟဒီးဆ်တော်သည် သောကြာနေ့ရေချိုးခြင်း ဝါဂျိဗ် တာဝန်ဖြစ်သည်ဟု အဆိုပြုကြသူများ၏ အထောက်အထားများအနက်မှ တစ်ခုဖြစ်သည်။ သို့သော် သောကြာနေ့တွင် ဆွလာသ်အတွက် ရေချိုးခြင်းသည် လေးနက်သည့် မွတ်စ်သဟဗ်ဖြစ်ပြီး စွန့်လွှတ်သူအတွက် အပြစ်ထိုက်လောက်သည့် ဝါဂျိဗ်တာဝန်မဟုတ်ကြောင်း ညွှန်ပြနေသည့် အခြားဟဒီးဆ်တော်များလည်းရှိသည်။
- ဦးခေါင်းသည် ခန္ဓာကိုယ်တွင် ပါဝင်ပြီးဖြစ်သော်လည်း ၎င်းအား အလေးထားရန်အတွက် ထပ်မံတင်ပြထားခြင်းဖြစ်သည်။