- အိပ်ရာမှ နိုးထလာသူမဟုတ်ပါက ဝုဿူအစပြုရာတွင် ရေအိုးထဲသို့ လက်မထည့်မီ လက်နှစ်ဖက်အား ဆေးကြောခြင်း မွတ်စ်သဟဗ် ဖြစ်သည်။ အကယ်၍ ညအိပ်ရာမှ နိုးထလာသူဖြစ်လျှင် လက်နှစ်ဖက်အား ဆေးကြောရန် ဝါဂျစ်ဗ်တာဝန်ဖြစ်သည်။
- ဆရာအနေဖြင့် တပည့်များ နားလည်သဘောပါက်ပြီး၊ ပညာကို ကျွမ်းကျင်စွာ တတ်မြောက်နိုင်မည့် နည်းလမ်းများကို ရွေးချယ်သင်ကြားသင့်သည်။ လက်တွေ့သင်ကြားပေးခြင်းသည် ထိုနည်းလမ်းများအနက်မှ တစ်ခုဖြစ်သည်။
- ဆွလာသ်ဝတ်ပြုသူသည် လောကီအတွေးများကို စိတ်ထဲမှ ထုတ်ပစ်ရမည်။ နှလုံးသားမှ စိတ်ပါဝင်စားမှုရှိမှသာ ဆွလာသ်ပြည့်စုံမည်ဖြစ်သည်။ ထိုသို့မဖယ်ရှားပစ်ပါက ထိုအတွေးများမှ လွတ်ကင်းနိုင်မည် မဟုတ်ပါ။ ထိုကြောင့် ထိုအတွေးများအမြဲမရှိအောင် ကြိုးစားဖယ်ရှားရန် ဆွလာသ်ဝတ်ပြုသူအပေါ်၌ တာဝန်ရှိသည်။
- ဝုဿူပြုရာတွင် ညာဘက်ဖြင့် အစပြုခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။
- ပလုတ်ကျင်းခြင်းနှင့် နှာခေါင်းတွင်းရေရှူသွင်းပြီး ညှစ်ထုတ်ကာ သန့်စင်မှုပြုခြင်းတို့အား အစဉ်အလိုက်ပြုလုပ်ရန် ပြဌာန်းထားသည်။
- မျက်နှာ၊ လက်နှစ်ဖက်၊ ခြေထောက်နှစ်ဖက်အား သုံးကြိမ်ဆေးကြောခြင်း မွတ်စ်သဟဗ်ဖြစ်ပြီး၊ တစ်ကြိမ်ဆေးကြောခြင်း ဖရ်ဿွ်ဖြစ်သည်။
- ကိစ္စရပ်နှစ်ခုစလုံးအား တစ်ဆက်တည်းပြုလုပ်မှသာ ယခင်က ကျူးလွန်ခဲ့သည့် အပြစ်အကုသိုလ်များကို အလ္လာဟ်အရှင်မြတ်က ခွင့်လွှတ်တော်မူမည်ဖြစ်သည်။ ၎င်းတို့မှာ ဟဒီးဆ်တော်တွင် ဖော်ပြထားသည့် နည်းလမ်းအတိုင်း ဝုဿူပြုခြင်း၊ ဆွလာသ်နှစ်ရကအသ် ဆောက်တည်ခြင်း ဖြစ်သည်။
- ဝုဿူပြုရမည့် အစိတ်အပိုင်းတိုင်းတွင် အတိုင်းအတာသတ်မှတ်ချက်ရှိသည်။ မျက်နှာ၏ အတိုင်းအတာမှာ ဦးခေါင်းတွင် ဆံပင်ပေါက်သည့်နေရာ နဖူးဆံစမှ မုတ်ဆိတ်မွေးအောက်ဘက် မေးစေ့အောက်အထိ၊ တဖက်နားရင်းမှ တဖက်နားရင်အထိ ဖြစ်သည်။ လက်၏အတိုင်းအတာမှာ လက်ချောင်းများ၏ ထိပ်ဖျားမှ (လက်ဖျံနှင့် လက်မောင်းကြား ပိုင်းခြားထားသည့်နေရာ) တံတောင်ဆစ်အထိဖြစ်သည်။ ဦးခေါင်း၏ အတိုင်းအတာမှာ ဦးခေါင်းတွင် ဆံပင်ပေါက်သည့်နေရာ ဦးခေါင်းအစမှ လည်ဂုတ်အစပ်အထိဖြစ်သည်။ နားနှစ်ဖက်ကို မစဟ်ပြု ပွတ်သပ်ခြင်းသည် ဦးခေါင်းတွင် ပါဝင်သည်။ ခြေထောက်၏ အတိုင်းအတာမှာ ခြေထောက်နှင့် ခြေသလုံးကို ပိုင်းခြားထားသည့်နေရာဖြစ်သည့် ခြေမျက်စိအပါအဝင် ခြေတစ်ခုလုံးဖြစ်သည်။