ပင်မစာမျက်နှာ
ကျွန်ုပ်တို့အကြောင်း
my
العربية - عربي
English - إنجليزي
español - إسباني
português - برتغالي
Kiswahili - سواحيلي
Français - فرنسي
Русский - روسي
اردو - أردو
italiano - إيطالي
Türkçe - تركي
አማርኛ - أمهري
ไทย - تايلندي
සිංහල - سنهالي
Wikang Tagalog - فلبيني تجالوج
Tiếng Việt - فيتنامي
नेपाली - نيبالي
Hausa - هوسا
Wollof - ولوف
বাংলা - بنغالي
ئۇيغۇرچە - أيغوري
অসমীয়া - آسامي
فارسی - فارسي
فارسی دری - دري
azərbaycanca - أذري
Ўзбек - أوزبكي
Deutsch - ألماني
Shqip - ألباني
فلبيني مرناو - فلبيني مرناو
български - بلغاري
ဗမာ - بورمي
bosanski - بوسني
polski - بولندي
தமிழ் - تاميلي
татар теле - تتاري
română - روماني
svenska - سويدي
нохчийн мотт - شيشاني
Soomaali - صومالي
тоҷикӣ - طاجيكي
Pulaar - فولاني
कश्मीरी - كشميري
한국어 - كوري
македонски - مقدوني
bahasa Melayu - ملايو
മലയാളം - مليالم
magyar - هنجاري مجري
हिन्दी - هندي
Èdè Yorùbá - يوربا
ελληνικά - يوناني
қазақ тілі - كازاخي
עברית - عبري
中文 - صيني
Bahasa Indonesia - إندونيسي
dansk - دنماركي
پښتو - بشتو
أنكو - أنكو
Luganda - لوغندي
తెలుగు - تلقو
日本語 - ياباني
ትግርኛ - تجريني
Кыргызча - قرغيزي
Kurdî - كردي
Nederlands - هولندي
čeština - تشيكي
українська - أوكراني
eesti - إستوني
suomi - فنلندي
Адыгэбзэ - شركسي
Norwegian - نرويجي
ქართული - جورجي
tamashaq - طارقي
ދިވެހި - ديفهي
slovenčina - سلوفاكي
Türkmençe - تركماني
башҡорт теле - بلوشي
afaan oromoo - أورومو
ភាសាខ្មែរ - خميرية
ಕನ್ನಡ - كنادي
Bassa - الباسا
Lingala - لينغالا
lietuvių - ليتواني
bamanankan - بامبارا
Soninke - سوننكي
Malagasy - ملاغاشي
Mandinka - مندنكا
Sängö - سانجو
Српски - صربي
Afaraf - عفري
Kinyarwanda - كينيارواندا
Jóola - جوالا
Bi zimanê Kurdî - كردي كرمنجي
Akan - أكاني
Chichewa - شيشيوا
ગુજરાતી - غوجاراتية
Mõõré - موري
créole - كريولي
ພາສາລາວ - لاو
ပင်မစာမျက်နှာ
ကျွန်ုပ်တို့အကြောင်း
Contact Us
ဗုရိုင်းဒဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ဧကန်အမှန်ပင် ကျွန်ုပ်တို့(မွတ်စ်လင်မ်များ...
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ ဧကန်မုချ အစ္စလာမ်ဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင် မဟုတ်သူများ၊ မုနာဖိက် အရေခြုံများကြား...
ဂျာဗိရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ ဧကန်မုချ လူတစ်ဦး...
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဖရ်ဿ်ွဆွလာသ် စွန့်လွှတ်ခြင်းကို တားမြစ်တော်မူခဲ့သည်။ ၎င်းနောက် လူတစ်ဦးနှင့် ရှိရ်က်၊ကုဖ်ရ်တို့၏အကြား၌ ဆွ...
ဆာလိမ်ဗင်န် အဗီဂျအ်ဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ပုဂ္ဂိုလ်တစ်ဦးက ကျွန်တော်ဆွလာသ်ဆောက်တည်ခဲ့လျင် အေးချမ်းသာယာမှုကိုရရှိမည်ဟု ပြောကြားခဲ့သည်။ လူ...
ဆာလင်မ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ မုချဧကန် ပုဂ္ဂိုလ်တစ်ဦးက ကျွန်တော်ဆွလာသ်ဆောက်တည်ခဲ့လျင် အေးချမ်းသာယာမှုကိုရရှိမည်ဟု ပြောကြားခဲ့သည်။ ဆိုလိုသ...
သာဝကကြီး အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)သည် ဖရ်ဿ်ွ ဆွလာသ်တွင်ဖြစ်စေ၊ နဖ်လ်ဆွလာသ်တွင်ဖြစ်စေ၊ ရမ်ဿွာန်လတွင်ဖြစ်စေ၊ အခြားလများတွင်ဖြစ်စေ ဆွလာသ်တိုင်း၌ သ...
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)သည် ဖရ်ဿ်ွ ဆွလာသ်တွင်ဖြစ်စေ၊ နဖ်လ်ဆွလာသ်တွင်ဖြစ်စေ၊ ရမ်ဿွာန်လတွင်ဖြစ်စေ၊ အခြားလများတွင်ဖြစ်စေ ဆွလာသ်တိုင်း၌ သက္ကဗီရ် ရ...
အစ်ဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူသည်။ ငါကိုယ်တော်သည် အရိုးအဆစ်ခုနှစ်ခုပေါ်တွင...
“ငါကိုယ်တော်သည် စဂ်ျဒဟ်ဦးချရန် အမိန့်ပေးခြင်းခံခဲ့ရသည်။”ဟူသည့် ဩဝါဒတော်အား အခြားဆင့်ပြန်ချက်တစ်ရပ်တွင် “ကျွန်ုပ်တို့ အမိန့်ပေးခံခဲ့ရသည်။”ဟူ၍ လည်းကောင်...
ဧကန်အမှန်ပင် ကျွန်ုပ်တို့(မွတ်စ်လင်မ်များ)နှင့် ၎င်း(မွတ်စ်လင်မ်မဟုတ်သူ)တို့ကြား၌ရှိသည့် ပဋိညာဉ်သည် ဆွလာသ်ပင်ဖြစ်သည်။ သို့ဖြစ်၍ အကြင်သူသည် ဆွလာသ်ဆောက်တည်ခြင်းကို စွန့်လွှတ်ပါက ထိုသူသည်အမှန်ပင် ကာဖိရ်ဖြစ်သွားမည်။...
ဗုရိုင်းဒဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ဧကန်အမှန်ပင် ကျွန်ုပ်တို့(မွတ်စ်လင်မ်များ)နှင့် ၎င်း(မွတ်စ်လင်မ်မဟုတ်သူ)တို့ကြား၌ရှိသည့် ပဋိညာဉ်သည် ဆွလာသ်ပင်ဖြစ်သည်။ သို့ဖြစ်၍ အကြင်သူသည် ဆွလာသ်ဆောက်တည်ခြင်းကို စွန့်လွှတ်ပါက ထိုသူသည်အမှန်ပင် ကာဖိရ်ဖြစ်သွားမည်။
Hadeeth details
ဧကန်မုချ လူတစ်ဦးနှင့် ရှိရ်က်၊ကုဖ်ရ်၏ အကြား၌ ဆွလာသ်စွန့်လွှတ်ခြင်းသာ ခြားနားသည်။
ဂျာဗိရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ ဧကန်မုချ လူတစ်ဦးနှင့် ရှိရ်က်၊ကုဖ်ရ်၏ အကြား၌ ဆွလာသ်စွန့်လွှတ်ခြင်းသာ ခြားနားသည်။
Hadeeth details
အို - ဗိလာလ် ဆွလာသ်အတွက် အိကာမသ်ဆိုပါ၊ ၎င်းဖြင့် ကျွန်ုပ်တို့အား အေးချမ်းသာယာစေပါ။
ဆာလိမ်ဗင်န် အဗီဂျအ်ဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ပုဂ္ဂိုလ်တစ်ဦးက ကျွန်တော်ဆွလာသ်ဆောက်တည်ခဲ့လျင် အေးချမ်းသာယာမှုကိုရရှိမည်ဟု ပြောကြားခဲ့သည်။ လူတို့က သူ၏ထိုစကားအပေါ် အပြစ်ပြောခဲ့ကြသည်။ ထိုအခါ ၎င်းကပြောကြားခဲ့သည်မှာ- ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ အို - ဗိလာလ် ဆွလာသ်အတွက် အိကာမသ်ဆိုပါ၊ ၎င်းဖြင့် ကျွန်ုပ်တို့အား အေးချမ်းသာယာစေပါ။
Hadeeth details
အကြင်အရှင်မြတ်၏လက်တော်တွင် ကျွန်ုပ်၏အသက်ဝိဉာဉ်ရှိ၏။ ထိုအရှင်မြတ်ကို တိုင်တည်၍ပြောမည်။ ဧကန်အမှန်ပင် ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ဆွလာသ်ဝတ်ပြုမှုနှင့် အတူဆုံးအနီးစပ်ဆုံး ဝတ်ပြုသူဖြစ်သည်။ ဤဆွလာသ်ဝတ်...
သာဝကကြီး အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)သည် ဖရ်ဿ်ွ ဆွလာသ်တွင်ဖြစ်စေ၊ နဖ်လ်ဆွလာသ်တွင်ဖြစ်စေ၊ ရမ်ဿွာန်လတွင်ဖြစ်စေ၊ အခြားလများတွင်ဖြစ်စေ ဆွလာသ်တိုင်း၌ သက္ကဗီရ် ရွတ်ဆိုလေ့ရှိသည်။ သို့ဖြစ်၍ သာဝကြီးသည် မတ်တတ်ရပ်သည့်အခါ သက္ကဗီရ် ရွတ်ဆိုသည်။ ထို့နောက် ‘ရုကူအ်’ ဦးညွှတ်သည့်အခါ သက္ကဗီရ် ရွတ်ဆိုသည်။ ထို့နောက် ‘စမိအလ္လာဟု လိမန်ဟမိဒဟ်’ ရွတ်ဆိုသည်။ ထို့နောက် ‘စဂ်ျဒဟ်’ဦးမချမီ ‘ရဗ္ဗနာဝလကလ်ဟမ်ဒ်’ ရွတ်ဆိုသည်။ ထို့နောက် ‘စဂ်ျဒဟ်’ဦးချရန် ကိုယ်ကိုကိုင်းညွှတ်သည့်အခါ ‘အလ္လာဟုအက္ကဗရ်’ ရွတ်ဆိုသည်။ ထို့နောက် မိမိဦးခေါင်းကို ‘စဂ်ျဒဟ်’ဦးချရာမှ ပြန်ကြွသည့်အခါ သက္ကဗီရ်ရွတ်ဆိုသည်။ ထို့နောက် ‘စဂ်ျဒဟ်’ဦးချသည့်အခါ သက္ကဗီရ်ရွတ်ဆိုသည်။ ထို့နောက် မိမိဦးခေါင်းကို ‘စဂ်ျဒဟ်’ဦးချရာမှ ပြန်ကြွသည့်အခါ သက္ကဗီရ်ရွတ်ဆိုသည်။ ထို့နောက် နှစ်ရကအသ်၌ ထိုင်ပြီးနောက် ပြန်လည်မတ်တတ်ရပ်သည့်အခါ သက္ကဗီရ်ရွတ်ဆိုသည်။ သူသည် ဆွလာသ်ပြီးဆုံးသည်အထိ ရကအသ်တိုင်းတွင် ထိုအတိုင်းပင်ပြုလုပ်လေသည်။ ထို့နောက် ဆွလာသ်ပြီးဆုံးသွားသည့်အခါ ၎င်းကပြောကြားသည်မှာ အကြင်အရှင်မြတ်၏လက်တော်တွင် ကျွန်ုပ်၏အသက်ဝိဉာဉ်ရှိ၏။ ထိုအရှင်မြတ်ကို တိုင်တည်၍ပြောမည်။ ဧကန်အမှန်ပင် ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ဆွလာသ်ဝတ်ပြုမှုနှင့် အတူဆုံးအနီးစပ်ဆုံး ဝတ်ပြုသူဖြစ်သည်။ ဤဆွလာသ်ဝတ်ပြုမှုသည် တမန်တော်မြတ် ‘ဒွန္နယာ’လောကကို ခွဲခွါသွားသည့် အချိန်အထိ ဝတ်ပြုတော်မူခဲ့သော ဆွလာသ်ဝတ်ပြုမှုကဲ့သို့ပင်ဖြစ်သည်။
Hadeeth details
ငါကိုယ်တော်သည် အရိုးအဆစ်ခုနှစ်ခုပေါ်တွင် စဂ်ျဒဟ်ဦးချရန် အမိန့်ပေးခြင်းခံခဲ့ရသည်။ နဖူး၊ (ကိုယ်တော်သည် မိမိ၏လက်ဖြင့် မိမိနှာခေါင်းအား ညွှန်ပြခဲ့သည်။) လက်နှစ်ဖက်၊ ဒူးနှစ်ဖက်နှင့်ခြေထောက်နှစ်ဖက်၏ ခြေချောင်းများဖြစ်သည်။ ထို့နောက် ကျွန်တော်တို့သည...
အစ်ဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူသည်။ ငါကိုယ်တော်သည် အရိုးအဆစ်ခုနှစ်ခုပေါ်တွင် စဂ်ျဒဟ်ဦးချရန် အမိန့်ပေးခြင်းခံခဲ့ရသည်။ နဖူး၊ (ကိုယ်တော်သည် မိမိ၏လက်ဖြင့် မိမိနှာခေါင်းအား ညွှန်ပြခဲ့သည်။) လက်နှစ်ဖက်၊ ဒူးနှစ်ဖက်နှင့်ခြေထောက်နှစ်ဖက်၏ ခြေချောင်းများဖြစ်သည်။ ထို့နောက် ကျွန်တော်တို့သည် အဝတ်များ၊ ဆံပင်များကို စုပြီးကိုင်မထားရန် အမိန့်ပေးခြင်းခံရသည်။
Hadeeth details
ဧကန်မုချ အသင်တို့သည် ဤလပြည့်ဝန်းကို တွေ့မြင်ကြရသကဲ့သို့ အသင်တို့၏အရှင်မြတ်အား ဖူးမြင်ကြရမည်ဖြစ်သည်။ ထိုအရှင်မြတ်ကို ဖူးမြင်ရာတွင် အသင်တို့သည် တိုးဝှေ့ကြရမည် မဟုတ်ပေ။...
ဂျရီးရ် ဗင်န် အဗ်ဒုလ္လာဟ် အလ်ဗဂျလီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်တို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့်အတူရှိနေစဉ် ကိုယ်တော်မြတ်ကလပြည့်ည၏ လပြည့်ဝန်းကို ကြည့်ရှုပြီး မိန့်ကြားတော်မူသည်မှာ- ဧကန်မုချ အသင်တို့သည် ဤလပြည့်ဝန်းကို တွေ့မြင်ကြရသကဲ့သို့ အသင်တို့၏အရှင်မြတ်အား ဖူးမြင်ကြရမည်ဖြစ်သည်။ ထိုအရှင်မြတ်ကို ဖူးမြင်ရာတွင် အသင်တို့သည် တိုးဝှေ့ကြရမည် မဟုတ်ပေ။ ထို့ကြောင့် အသင်တို့သည် နေမထွက်မီ(ဖဂျ်ရ်) ဆွလာသ် နှင့် နေမဝင်မီ(အဆွ်ရ်) ဆွလာသ်ကို (လက်လွတ်သည်အထိ မည်သည့်အရာ၏) လွှမ်းမိုးမှုမျှမခံရလေအောင် တတ်စွမ်းနိုင်သမျှ ပြုလုပ်ကြပါ။ အခြားဆင့်ပြန်ချက်တစ်ရပ်တွင် “ကိုယ်တော်သည် ဆယ့်လေးရက်ည လပြည့်ဝန်းကို ကြည့်ရှုတော်မူခဲ့သည်”ဟု လာရှိသည်။
Hadeeth details
အကြင်သူသည် ဖဂျရ် ဆွလာသ်ကို ဆောက်တည်ပါက ၎င်းသည် အလ္လာဟ်အရှင်မြတ်၏ ထိန်းသိမ်းစောင့်ရှောက်မှုအောက်တွင် ရှိနေမည်ဖြစ်သည်။...
ဂျွန်ဒွဗ်ဗင်န်အဗ်ဒုလ္လာဟ် အလ်ကတ်စ်ရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အကြင်သူသည် ဖဂျရ် ဆွလာသ်ကို ဆောက်တည်ပါက ၎င်းသည် အလ္လာဟ်အရှင်မြတ်၏ ထိန်းသိမ်းစောင့်ရှောက်မှုအောက်တွင် ရှိနေမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်၏ ထိန်းသိမ်းစောင့်ရှောက်မှုအောက်၌ရှိသည့် တစ်စုံတစ်ရာအား အပြစ်ကျူးလွန်ခဲ့သည့်အတွက် အသင်တို့အား အရှင်မြတ်က ရှာဖွေအရေးယူရခြင်းမျိုး မဖြစ်ကြစေနှင့်။ အကယ်၍ ထိုသို့ရှာဖွေရမည်ဆိုလျှင် အရှင်မြတ်သည် ၎င်းအားသေချာပေါက် ဖမ်းဆီးမိမည်ဖြစ်ပြီး ၎င်းအား မျက်နှာဖြင့်တရွတ်တိုက်ဆွဲကာ ဂျဟန္နမ်ငရဲသို့ ပစ်ချမည်ဖြစ်သည်။
Hadeeth details
မည်သူမဆို အဆ်ွရ်ဆွလာသ်ကို စွန့်လွှတ်ပါက ၎င်း၏ကောင်းမှုများသည် အမှန်တကယ်ပင် အချည်းနှီးဖြစ်သွားပေမည်။...
ဗုရိုင်ဒဟ်ဗင်န် ဟုဆွိုဗ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။ အသင်တို့သည် အဆ်ွရ်ဆွလာသ်ကို စောလျင်စွာဖတ်ကြလေကုန်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို အဆ်ွရ်ဆွလာသ်ကို စွန့်လွှတ်ပါက ၎င်း၏ကောင်းမှုများသည် အမှန်တကယ်ပင် အချည်းနှီးဖြစ်သွားပေမည်။
Hadeeth details
အကြင်သူသည် ဆွလာသ်ဆောက်တည်ရန် မေ့လျော့သွားပါက ၎င်းအားသတိရသည့်အခါ ပြန်လည်ဆောက်တည်လိုက်ပါ။ ထိုသို့ဆောက်တည်ခြင်းမှလွဲ၍ အပြစ်ကိုချေဖျက်ပေးမည့် အခြားအရာဟူ၍မရှိပေ။...
အနတ်စ် ဗင်န် မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အကြင်သူသည် ဆွလာသ်ဆောက်တည်ရန် မေ့လျော့သွားပါက ၎င်းအားသတိရသည့်အခါ ပြန်လည်ဆောက်တည်လိုက်ပါ။ ထိုသို့ဆောက်တည်ခြင်းမှလွဲ၍ အပြစ်ကိုချေဖျက်ပေးမည့် အခြားအရာဟူ၍မရှိပေ။ (ထို့ပြင် အသင်သည် ငါအရှင်မြတ်အား သတိရခြင်းငှာ ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ပါလေ။) ကုရ်အာန် (၂၀:၁၄)
Hadeeth details
မုနာဖိက် (အရေခြုံမွတ်စလင်မ်) တို့အပေါ်တွင် အိရှာဆွလာသ်နှင့် ဖဂျရ်ဆွလာသ်သည် အလေးလံဆုံး ဆွလာသ်ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ထိုဆွလာသ်နှစ်ကြိမ်၏ အကျိုးကုသိုလ်အား သိရှိကြလျှင် (လမ်းမလျှောက်နိုင်သဖြင့်) လေးဖက်ထောက်လာရမည်ဆိုလျှင်လည်း မုချလာကြလိမ့်မည...
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မုနာဖိက် (အရေခြုံမွတ်စလင်မ်) တို့အပေါ်တွင် အိရှာဆွလာသ်နှင့် ဖဂျရ်ဆွလာသ်သည် အလေးလံဆုံး ဆွလာသ်ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ထိုဆွလာသ်နှစ်ကြိမ်၏ အကျိုးကုသိုလ်အား သိရှိကြလျှင် (လမ်းမလျှောက်နိုင်သဖြင့်) လေးဖက်ထောက်လာရမည်ဆိုလျှင်လည်း မုချလာကြလိမ့်မည်။ အမှန်တကယ်ပင် ငါကိုယ်တော်သည် ဆွလာသ်ဆောက်တည်ရန် အမိန့်ပေးတော်မူမည်။ အိကာမသ်ဆိုပြီးသည့်အခါ လူတို့အားဦးဆောင် ဆွလာသ်ဆောက်တည်ရန် ပုဂ္ဂိုလ်တစ်ဦးအား အမိန့်ပေးတော်မူမည်။ ထို့နောက် ငါကိုယ်တော်သည် ထင်းစီးများပါရှိသော လူတို့နှင့်အတူ(ဂျမာအသ်ဖြင့်)ဆွလာသ်ဆောက်တည်ရန် မလာကြသူများထံသွားပြီး ၎င်းတို့နှင့်အိမ်ကိုပါ မီးရှို့ပစ်ရန် ဆန္ဒရှိတော်မူသည်။
Hadeeth details
ချီးမွမ်းထောမနာပြုသူ၏ ချီးမွမ်းခြင်းကို အလ္လာဟ်အရှင်မြတ်မှ လက်ခံတော်မူပါ။ အို - အလ္လာဟ်အရှင်မြတ်၊ အို - ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ချီးမွမ်းထောမနာခြင်းအပေါင်းသည် အသင်အရှင်မြတ်အဖို့သာ ဖြစ်ပါ၏။ အရှင်မြတ်သည် မိုးကောင်း...
အစ်ဗ်နုအဗီအောင်ဖဟ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ရုကူအ် ဦးညွှတ်ရာမှ မိမိ၏ကျောကိုပြန်ကြွသည့်အခါ ဤဇိက်ရ်ကို ရွတ်ဆိုလေ့ရှိတော်မူသည်။ “စမိအလ္လာဟု လိမန်ဟမိဒဟ်၊ အလ္လာဟုမ္မ ရဗ္ဗနာလကလ်ဟမ်ဒ် မိလ်အတ်စ် စမာဝါသိ ဝမိလ်အလ် အရ်ဿွိ ဝမိလ်အ မာရှိအ်သ မင်န်ရှိုင်းအင်န် ဗအ်ဒု” (ချီးမွမ်းထောမနာပြုသူ၏ ချီးမွမ်းခြင်းကို အလ္လာဟ်အရှင်မြတ်မှ လက်ခံတော်မူပါ။ အို - အလ္လာဟ်အရှင်မြတ်၊ အို - ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ချီးမွမ်းထောမနာခြင်းအပေါင်းသည် အသင်အရှင်မြတ်အဖို့သာ ဖြစ်ပါ၏။ အရှင်မြတ်သည် မိုးကောင်းကင်နှင့်အမျှဖြစ်သော၊ မြေပထဝီနှင့်အမျှဖြစ်သော အရှင်မြတ်အလိုရှိတော်မူသည့် နယ်ပယ်အမျှဖြစ်သော ချီးမွမ်းထောမနာခြင်းအပေါင်းကို ခံယူထိုက်တော်မူသော အရှင်ဖြစ်တော်မူသည်။)
Hadeeth details
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် စဂ်ျဒဟ်နှစ်ခုကြားတွင် “ ရဗ်ဗိဂ် ဖိရ်လီး၊ ရဗ်ဗိဂ် ဖိရ်လီး” (အို - အရှင်မြတ် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ၊ အို - အရှင်မြတ် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ။) ကို ရွတ်ဆိုလေ့ရှိတော်မူသည်။...
ဟုဇိုင်ဖဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် စဂ်ျဒဟ်နှစ်ခုကြားတွင် “ ရဗ်ဗိဂ် ဖိရ်လီး၊ ရဗ်ဗိဂ် ဖိရ်လီး” (အို - အရှင်မြတ် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ၊ အို - အရှင်မြတ် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ။) ကို ရွတ်ဆိုလေ့ရှိသည်။
Hadeeth details
‹
1
2
...
5
6
7
8
9
10
11
...
16
17
›
Share
Use the QR code to easily share the message of Islam with others
Copy Link
copied!
ကျွန်ုပ်တို့နှင့် ဆက်သွယ်ရန်
×
အမည်
အီးမေးလ်
စာသားမက်ဆေ့ခ်ျ
ကျွန်ုပ်တို့နှင့် ဆက်သွယ်ရန်
×
ကျွန်ုပ်တို့ကို ဆက်သွယ်သည့်အတွက် ကျေးဇူးတင်ပါတယ်။ အင်န်ရှာအလ္လာဟ်၊ သင့်စာကို ကြည့်ရှုစစ်ဆေးလိုက်ပါမည်။
Share