- အဆ်ွရ် ဆွလာသ်ကို ပထမဦးဆုံးအချိန်တွင်အမြဲတမ်း ဝတ်ပြုရန်နှင့် အချိန်ဝင်သည်နှင့် စောလျင်စွာ ဝတ်ပြုရန်တိုက်တွန်းထားသည်။
- အဆွ်ရ် ဆွလာသ် စွန့်လွှတ်သူအဖို့ ပြင်းထန်သော သတိပေးခြိမ်းခြောက်မှုရှိသည်။ အဆ်ွရ်ဆွလာသ် ကို သူ့အချိန်တွင်ဝတ်မပြုပဲ စွန့်လွှတ်ခြင်းသည် အခြားသော ဆွလာသ်များကို စွန့်လွှတ်ခြင်းထက် ပို၍ပြင်းထန်သည်။ အဘယ့်ကြောင့်ဆိုသော် အလယ်ဆွလာသ်နှင့် ပတ်သက်၍ သီးသန့် အမိန့်လာရှိထားသည့်အတွက်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - (အသင်တို့သည် (ယေဘုယျအားဖြင့်) အားလုံးသော ဆွလာတ်ဝတ်ပြုခြင်းတို့ကိုလည်းကောင်း၊ (အထူးသဖြင့်) အလယ်ဖြစ်သော ဆွလာသ် ဝတ်ပြုမှုကိုလည်းကောင်း၊ စောင့်ရှောက်ထိန်းသိမ်းကြလေကုန်။ ) (ကုရ်အာန် ၂:၂၃၈)