- ဆွဟာဗဟ်များသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)နှင့်အတူ ထိုင်ရန် စိတ်အားထက်သန်ကြသည်။
- အီမာန်ရှင်များသည် ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်ကို ဧကန်မလွဲ ဖူးမြင်ရမည်ဖြစ်ကြောင်း သတင်းကောင်းကို အတည်ပြုတင်ပြထားသည်။
- အလ္လာဟ်အရှင်မြတ်အား ဖူးမြင်ခြင်းကို အဓိပ္ပါယ် လွှဲပြောင်းဖွင့်ဆိုသူများ၊ ငြင်းပယ်သူများ၏ အဆိုနှင့် ဆန့်ကျင်ဘက် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော် မိန့်ကြားထားသည့်အတိုင်း အလ္လာဟ်အရှင်မြတ်အား အမှန်တကယ် ဖူးမြင်ရမည့် အကြောင်းအတည်ပြု တင်ပြထားသည်။
- ဖဂျရ်ဆွလာသ်နှင့် အဆွရ်ဆွလာသ် နှစ်ကြိမ်၏ ထူးမြတ်မှုကိုတင်ပြထားသည်။ ထို့ကြောင့် ၎င်းဆွလာသ်နှစ်ကြိမ်အား စွဲမြဲစွာဆောက်တည်ရန် လိုအပ်သည်။
- ဤ(ဆွလာသ်)အချိန် နှစ်ချိန်အား သီးသန့်တင်ပြထားခြင်းမှာ မလာအိကဟ် ကောင်းကင်တမန်များသည် ထိုနှစ်ချိန်တွင် ဆုံတွေ့ကြပြီး ကျေးကျွန်များ၏ အမလ်ဆောင်ရွက်ချက်များကို (အရှင်မြတ်ထံ)ယူဆောင်သွားကြသည်။ သို့ဖြစ်၍ ဤကြီးကျယ်လှသည့် ထူးမြတ်မှုအား လက်လွတ်မဆုံးရှုံးစေရန်အတွက်ဖြစ်သည်။
- လေးနက်စွာတင်ပြခြင်းနှင့် အားပေးတိုက်တွန်းခြင်းတို့သည် ဒအ်ဝဟ် ဖိတ်ခေါ်မှု နည်းလမ်းများအနက်မှပင်ဖြစ်သည်။