- ဗလီဝတ်ကျောင်းတော်တွင် ဂျမာအသ်ဖြင့် ဆွလာသ်မဆောက်တည်ခြင်း၏ ဆိုးကျိုးကို ဖော်ပြထားသည်။
- မုနာဖိက်တို့သည် ၎င်းတို့၏ခဝပ်ကိုးကွယ်မှုအား ပြစားရန်နှင့် ကျော်ကြားရန်အတွက်သာ ပြုလုပ်ကြသည်။ ၎င်းတို့သည် လူများမြင်တွေ့သည့်အချိန်တွင်သာ ဆွလာသ်ဆောက်တည်ရန် လာကြသည်။
- အိရှာနှင့် ဖဂျရ် ဆွလာသ်နှစ်ကြိမ်အား ဂျမာအသ်ဖြင့် ဆောက်တည်ခြင်း၏ အကျိုးကုသိုလ်မှာ ကြီးကျယ်မားလှသည်။ ထိုဆွလာသ်နှစ်ကြိမ်အတွက် လေးဖက်ထောက်လာရလျှင်လည်း လာရောက်ရန် ထိုက်တန်ပေသည်။
- အိရှာဆွလာသ်နှင့် ဖဂျရ်ဆွလာသ်ကို စွဲမြဲစွာဝတ်ပြုသူများသည် နိဖာက် အရေခြုံမှုမှ လွတ်ကင်းမည်ဖြစ်သည်။ ထိုဆွလာသ်နှစ်ကြိမ်မှ နောက်ချန်နေခြင်းသည် မုနာဖိက် အရေခြုံမွတ်စလင်မ်၏ လက္ခဏာများတွင် ပါဝင်သည်။