- ဆွလာသ်အတွင်း၌ အခြေအနေတစ်ခုမှ တစ်ခုသို့ပြောင်းသည့်အခါ သက္ကဗိရ်ရွတ်ဆိုရမည်။ သို့သော် ရုကူအ် ဦးညွှတ်ရာမှပြန်ထသည့်အခါ ‘စမိအလ္လာဟု လိမန်ဟမိဒဟ်’ရွတ်ဆိုရမည်။
- ရုကူအ် ဦးညွှတ်သည့်အခါ သက္ကဗီရ်ဆိုရမည်။
- ရုကူအ် ဦးညွှတ်ရာမှပြန်ထသည့်အခါ ရွတ်ဆိုရန် သတ်မှတ်ထားသည့် ဇိက်ရ်တော်မှာ ‘စမိအလ္လာဟု လိမန်ဟမိဒဟ်’ ဖြစ်ကြောင်း ရှင်းပြထားသည်။
- ရုကူအ် ဦးညွှတ်ရာမှ ပြန်ထပြီးနောက် ရွတ်ဆိုရမည့်ဇိက်ရ်မှာ ‘ရဗ္ဗနာဝလကလ်ဟမ်ဒ်’ ဖြစ်သည်။ ဤဇိက်ရ်တော်သည် အခြားစာသားဖြင့်လည်း လာရှိထားသည်။
- နှစ်ရကအသ်ပြီးထိုင်၍ ပထမသရှဟ်ဟုဒ်ဖတ်ပြီးနောက် ပြန်ထသည့်အခါ သက္ကဗီရ်ရွတ်ဆိုရမည်ဖြစ်ကြောင်း ရှင်းပြထားသည်။
- သာဝကကြီး အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)၏ မွန်မြတ်မှုကို ဖော်ပြထားသည်။