ပင်မစာမျက်နှာ
ကျွန်ုပ်တို့အကြောင်း
my
العربية - عربي
English - إنجليزي
español - إسباني
português - برتغالي
Kiswahili - سواحيلي
Français - فرنسي
Русский - روسي
اردو - أردو
italiano - إيطالي
Türkçe - تركي
አማርኛ - أمهري
ไทย - تايلندي
සිංහල - سنهالي
Wikang Tagalog - فلبيني تجالوج
Tiếng Việt - فيتنامي
नेपाली - نيبالي
Hausa - هوسا
Wollof - ولوف
বাংলা - بنغالي
ئۇيغۇرچە - أيغوري
অসমীয়া - آسامي
فارسی - فارسي
فارسی دری - دري
azərbaycanca - أذري
Ўзбек - أوزبكي
Deutsch - ألماني
Shqip - ألباني
فلبيني مرناو - فلبيني مرناو
български - بلغاري
ဗမာ - بورمي
bosanski - بوسني
polski - بولندي
தமிழ் - تاميلي
татар теле - تتاري
română - روماني
svenska - سويدي
нохчийн мотт - شيشاني
Soomaali - صومالي
тоҷикӣ - طاجيكي
Pulaar - فولاني
कश्मीरी - كشميري
한국어 - كوري
македонски - مقدوني
bahasa Melayu - ملايو
മലയാളം - مليالم
magyar - هنجاري مجري
हिन्दी - هندي
Èdè Yorùbá - يوربا
ελληνικά - يوناني
қазақ тілі - كازاخي
עברית - عبري
中文 - صيني
Bahasa Indonesia - إندونيسي
dansk - دنماركي
پښتو - بشتو
أنكو - أنكو
Luganda - لوغندي
తెలుగు - تلقو
日本語 - ياباني
ትግርኛ - تجريني
Кыргызча - قرغيزي
Kurdî - كردي
Nederlands - هولندي
čeština - تشيكي
українська - أوكراني
eesti - إستوني
suomi - فنلندي
Адыгэбзэ - شركسي
Norwegian - نرويجي
ქართული - جورجي
tamashaq - طارقي
ދިވެހި - ديفهي
slovenčina - سلوفاكي
Türkmençe - تركماني
башҡорт теле - بلوشي
afaan oromoo - أورومو
ភាសាខ្មែរ - خميرية
ಕನ್ನಡ - كنادي
Bassa - الباسا
Lingala - لينغالا
lietuvių - ليتواني
bamanankan - بامبارا
Soninke - سوننكي
Malagasy - ملاغاشي
Mandinka - مندنكا
Sängö - سانجو
Српски - صربي
Afaraf - عفري
Kinyarwanda - كينيارواندا
Jóola - جوالا
Bi zimanê Kurdî - كردي كرمنجي
Akan - أكاني
Chichewa - شيشيوا
ગુજરાતી - غوجاراتية
Mõõré - موري
créole - كريولي
ພາສາລາວ - لاو
ပင်မစာမျက်နှာ
ကျွန်ုပ်တို့အကြောင်း
Contact Us
အိဗ်နုအဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် စဂ်ျဒဟ် နှစ်ခုကြားတွင် "...
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏ဆွလာသ်၌ စဂ်ျဒဟ်နှစ်ခုကြားတွင် ဤတောင်းဆုတော်ငါးခုကို အမြဲတမ်းတောင်းခံလေ့ရှိသည်။ ထိုတောင်းဆုတော်များသည...
ဟိသ်သွာန်ဗင်န် အဗ္ဗဒုလ္လာဟ် အလ်ရကာရှီးက ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် အဗူမူစာအရှ်အရီ (ရဿွိယလ္လာဟုအန်ဟု)နှင့်အတူ ဆွလာသ်ဆောက်တည်ခဲ့သည်။ ၎င်းက (သရှဟ်ဟုဒ်ဖ...
သာဗီအီးန် တစ်ပါးဖြစ်သူ ဟိသ်သွာန်ဗင်န် အဗ္ဗဒုလ္လာဟ် အလ်ရကာရှီးက ပြောကြားခဲ့သည်။ ကျွန်တော်သည် အဗူမူစာအရှ်အရီ (ရဿွိယလ္လာဟုအန်ဟု)နှင့်အတူ ဆွလာသ်ဆောက်တည်ခဲ...
အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်မသည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်ကို ကြားသိခ...
အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အစားအသောက်များ အသင့်ရောက်ရှိနေပြီး ဆွလာသ်ဝတ်ပြုသူ၏ စိတ်သည် ထိုအစားအသောက်အပေါ် အာရုံရော...
အွတ်စ်မာန်ဗင်န် အဗီအာဆ်ွ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ သူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ လာရောက်၍ အို - အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန...
အွတ်စ်မာန်ဗင်န် အဗီအာဆ်ွ(ရဿွိယလ္လာဟုအန်ဟု)သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ လာရောက်လျှောက်ထားသည်မှာ အို - အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော...
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်။ မိမိဆွလာသ်အား ခိုးဝှက်သူ...
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်မှာ မိမိဆွလာသ်အား ခိုးဝှက...
ဧကန်အမှန် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် စဂ်ျဒဟ် နှစ်ခုကြားတွင် " اللَّهمَّ اغْفِرْ لي، وارْحَمْنِي، وعافِني، واهْدِني، وارزقْنِي " (အဓိပ္ပါယ်- အို-အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ၊ ကရုဏ...
အိဗ်နုအဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် စဂ်ျဒဟ် နှစ်ခုကြားတွင် " اللَّهمَّ اغْفِرْ لي، وارْحَمْنِي، وعافِني، واهْدِني، وارزقْنِي " (အဓိပ္ပါယ်- အို-အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ၊ ကရုဏာပြုတော်မူပါ၊ ငြိမ်းချမ်းမှုအဖြာဖြာ ချီးမြှင့်တော်မူပါ၊ လမ်းမှန်တရားချီးမြှင့်တော်မူပါ၊ စားနပ်ရိက္ခာချီးမြှင့်တော်မူပါ။)ကို အမြဲတောင်းခံလေ့ရှိ၏။
Hadeeth details
အသင်တို့ ဆွလာသ်ဆောက်တည်သည့်အခါ ဆွဖ်အတန်းများကို ညီညာစွာ စီတန်းကြပါ။ ထို့နောက် အသင်တို့အနက်မှတစ်ဦးအား သင်တို့အတွက် အိမာမ်ရှေ့ဆောင်အဖြစ် သတ်မှတ်ပါ။ ၎င်းက ‘သက္ကဗီရ်’ဆိုလျှင် အသင်တို့လည်း ‘သက္ကဗီရ်’ဆိုကြပါ။...
ဟိသ်သွာန်ဗင်န် အဗ္ဗဒုလ္လာဟ် အလ်ရကာရှီးက ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် အဗူမူစာအရှ်အရီ (ရဿွိယလ္လာဟုအန်ဟု)နှင့်အတူ ဆွလာသ်ဆောက်တည်ခဲ့သည်။ ၎င်းက (သရှဟ်ဟုဒ်ဖတ်ရန်) ထိုင်သည့်အခါ (ဆွလာသ်ဆောက်တည်နေသည့်) လူတို့အနက်မှတစ်ဦးက ဆွလာသ်သည် ကောင်းမှုဖြင့်လည်းကောင်း၊ ဇကာသ်ဖြင့်လည်းကောင်းတွဲ၍ အမိန့်ပေးခြင်းခံရသည် ဟုဆိုလိုက်သည်။ ဆင့်ပြန်သူက ပြောပြသည်မှာ အဗူမူစာအရှ်အရီ(ရဿွိယလ္လာဟုအန်ဟု)သည် စလာမ် လှည့်၍ ဆွလာသ်ကို အဆုံးသတ်ပြီးသည့်အခါ နောက်သို့လှည့်၍ အသင်တို့အနက် ဒီလို ဒီလိုစကားလုံးမျိုး မည်သူပြောကြားပါသနည်းဟု မေးမြန်းခဲ့သည်။ လူတို့သည် တိတ်ဆိတ်စွာပင် ရှိနေခဲ့ကြသည်။ ထို့နောက် ၎င်းက အသင်တို့အနက် ဒီလို ဒီလိုစကားလုံးမျိုး မည်သူပြောကြားပါသနည်းဟု ထပ်၍ မေးမြန်းခဲ့သည်။ လူတို့သည် တိတ်ဆိတ်စွာပင် ရှိနေခဲ့ကြသည်။ ထို့ကြောင့် ၎င်းက အို - ဟိသ်သွာန် ထိုစကားကို သင်ပြောလိုက်တာ ဖြစ်နိုင်တယ်ဟု ပြောကြားခဲ့သည်။ ဟိသ်သွာန်က ထိုစကားကို ကျွန်တော်မပြောခဲ့ပါ။ ထိုစကားကြောင့် သင်ကျွန်တော့်အား အပြစ်တင်မည်ကို စိုးရိမ်မိပါသည်ဟု ဖြေကြားခဲ့သည်။ ထိုအခါ လူတို့အနက်မှတစ်ဦးက ထိုစကားကိုကျွန်တော်ပြောခဲ့ပါသည်။ ကျွန်တော်သည် အကောင်းကိုသာ ရည်ရွယ်ခဲ့ပါသည်ဟု ပြောကြားခဲ့သည်။ ထိုအခါ အဗူမူစာ (ရဿွိယလ္လာဟုအန်ဟု)က ပြောကြားသည်မှာ အသင်တို့၏ဆွလာသ်ထဲတွင် မည်သို့ရွတ်ဆိုရမည် သင်တို့မသိကြလေသလော။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကျွန်ုပ်တို့အား ‘ခွသ်ဗဟ်’ တရားဟောကြားတော်မူကာ ကျွန်ုပ်တို့(လိုက်နာရမည့်) စွန္နဟ်တော်များကို ရှင်းပြတော်မူပြီး ကျွန်ုပ်တို့၏ဆွလာသ်နှင့်ပတ်သက်၍ သင်ကြားပေးတော်မူခဲ့သည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ- အသင်တို့ ဆွလာသ်ဆောက်တည်သည့်အခါ ဆွဖ်အတန်းများကို ညီညာစွာ စီတန်းကြပါ။ ထို့နောက် အသင်တို့အနက်မှတစ်ဦးအား သင်တို့အတွက် အိမာမ်ရှေ့ဆောင်အဖြစ် သတ်မှတ်ပါ။ ၎င်းက ‘သက္ကဗီရ်’ဆိုလျှင် အသင်တို့လည်း ‘သက္ကဗီရ်’ဆိုကြပါ။ ၎င်းက (غَيْرِ ٱلْمَغْضُوبِ عَلَيْهِمْ وَلَا ٱلضَّآلِّينَ) (စူရဟ် ဖာသိဟဟ် :၇)ကို ရွတ်ဆိုသည့်အခါ အသင်တို့ အာမီးန် ဆိုကြပါ။ အသင်တို့ (၏တောင်းဆု)ကို အလ္လာဟ်အရှင်မြတ် လက်ခံတော်မူမည်။ ၎င်းက သက္ကဗီရ်ဆိုပြီး ဦးညွှတ်သည့်အခါ အသင်တို့လည်း သက္ကဗီရ်ဆိုပြီး ဦးညွှတ်ကြပါ။ ဧကန်အမှန်ပင် အိမာမ်ရှေ့ဆောင်သည် အသင်တို့အလျင် ဦးညွှတ်ရမည်ဖြစ်ပြီး အသင်တို့ထက်အလျင် ပြန်ထရမည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ (ဦးညွှတ်ရာတွင် အိမာမ်နှင့် နောက်လိုက်တို့၏)ကြာမြင့်ချိန် နှစ်ခုသည် အတူတူပင်ဖြစ်သည်။ အိမာမ်က ‘စမိအလ္လာဟု လိမန်ဟမိဒဟ်’ (ချီးမွမ်းထောမနာပြုသူ၏ ချီးမွမ်းခြင်းကို အရှင်မြတ်လက်ခံတော်မူပါ)ဟု ဆိုလျှင် အသင်တို့က ‘အလ္လာဟွမ္မ ရဗ္ဗနာလကလ်ဟမ်ဒ်’(အို ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင် ချီးမွမ်းထောမနာခြင်းအပေါင်းသည် အသင်အရှင်မြတ်အဖို့သာလျှင်ဖြစ်ပါ၏)ဟု ဆိုကြပါ။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့(၏ တောင်းဆု)ကိုကြားသိတော်မူ၏။ ဧကန်မုချ မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော အလ္လာဟ်အရှင်မြတ်သည် မိမိအားချီးမွမ်းထောမနာပြုသူ၏ ချီးမွမ်းထောမနာပြုမှုကို လက်ခံတော်မူကြောင်း မိမိ၏တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ နှုတ်တော်မှတဆင့် အမိန့်ရှိတော်မူခဲ့သည်။ အိမာမ်က သက္ကဗီရ်ဆိုပြီး ဦးချသည့်အခါ အသင်တို့လည်း ဦးချကြပါ။ ဧကန်အမှန်ပင် အိမာမ်ရှေ့ဆောင်သည် အသင်တို့အလျင် ဦးချရမည်ဖြစ်ပြီး အသင်တို့ထက်အလျင် ပြန်ထရမည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ (ဦးချရာတွင် အိမာမ်နှင့် နောက်လိုက်တို့၏)ကြာမြင့်ချိန် နှစ်ခုသည် အတူတူပင်ဖြစ်သည်။ ‘သရှဟ်ဟုဒ်’ ဖတ်ရန် ထိုင်သည့်အခါ အသင်တို့အနက်လူတိုင်းပထမဦးဆုံးရွတ်ဖတ်ရမည့် အရာမှာ- “အသ်သဟိယ္ယာသုသ် သွိုင်ယိဘားသုဆ် ဆွလဝါးသု လိလ္လာဟိ အတ်စ်စလာမုအလိုင်းက အိုက်ယုဟန်နဘိယ္ယု ဝရဟ်မသုလ်လာဟိ ဝဗရကားသုဟူ အတ်စ်စလားမုအလိုင်းနာ ဝအလာ အိဗာဒိလ္လာဟိဆ် ဆွာလိဟီးန်၊ အရှ်ဟဒုအန်လာအိလားဟအိလ်လလ္လာဟု ဝအရှ်ဟဒုအန်နမုဟမ္မဒန် အဗ်ဒုဟူဝရစူလုဟ်” (နှုတ်မှရွတ်ဆိုရသော ချီးမွမ်းခြင်းများသည်လည်းကောင်း၊ သန့်စင်သော စိတ်စေတနာနှင့်ပြုသော ကောင်းမှုများသည်လည်းကောင်း၊ ကိုယ်ခန္ဓာဖြင့်ပြုသော ခဝပ်မှုများသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အဖို့သာလျှင် ဖြစ်တော်မူပါ၏။ ငြိမ်းချမ်းသာယာခြင်းအပေါင်းနှင့် အရှင်မြတ်၏ ရဟ်မသ်ကရုဏာတော်အပေါင်းသည်လည်းကောင်း၊ ထိုအရှင်မြတ်၏ ဗရ်ကသ်ချီးမြှင့်ခြင်းများသည်လည်းကောင်း၊ နဗီတမန်တော်မြတ်အပေါ်သို့ သက်ရောက်ပါစေ။ ထိုငြိမ်းချမ်းသာယာခြင်းအပေါင်းသည် ကျွန်တော်မျိုးတို့အပေါ်နှင့် အရှင်မြတ်၏ ကျွန်များဖြစ်သော သူတော်စင်သူတော်ကောင်းများ အပေါ်သို့သက်ရောက်ပါစေ။ ကျွန်တော်မျိုးသည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ထိုက်သောအရှင်မရှိကြောင်း သက်သေခံပါ၏။ မုဟမ္မဒ်(ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အရှင်မြတ်၏ အစေတော်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းကို ကျွန်တော်မျိုး သက်သေခံပါသည်။)
Hadeeth details
အစားအသောက် အသင့်ရောက်ရှိနေသောအခါ ဆွလာသ်မဆောက်တည်ရ၊ ကျင်ကြီး၊ ကျင်ငယ်ကို ချုပ်တည်း၍ ဆွလာသ်မဆောက်တည်ရ။...
အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်မသည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ အစားအသောက် အသင့်ရောက်ရှိနေသောအခါ ဆွလာသ်မဆောက်တည်ရ၊ ကျင်ကြီး၊ ကျင်ငယ်ကို ချုပ်တည်း၍ ဆွလာသ်မဆောက်တည်ရ။
Hadeeth details
ဤသည် ခင်န်ဇဗ်ဟုခေါ်သည့် ရှိုင်သွာန်ပင်ဖြစ်သည်။ အသင်သည် ထိုကဲ့သို့ခံစားရပါက ၎င်းရန်မှကင်းဝေးစေရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ခိုလှုံမှုရယူပါ။ သင်၏ဘယ်ဘက်သို့ တံတွေး သုံးကြိမ်ထွေးလိုက်ပါ။...
အွတ်စ်မာန်ဗင်န် အဗီအာဆ်ွ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ သူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ လာရောက်၍ အို - အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ဧကန်အမှန်ပင် ရှိုင်သွာန်သည် ကျွန်တော်မျိုးနှင့် ကျွန်တော်မျိုး၏ ဆွလာသ်ကြားတွင် အတားအဆီးပြုခဲ့ပြီး ကျွန်တော်မျိုး၏ ကိရာအသ် ရွတ်ဖတ်မှုကိုရောထွေးစေခဲ့သည်ဟု လျှောက်ထားခဲ့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ဤသည် ခင်န်ဇဗ်ဟုခေါ်သည့် ရှိုင်သွာန်ပင်ဖြစ်သည်။ အသင်သည် ထိုကဲ့သို့ခံစားရပါက ၎င်းရန်မှကင်းဝေးစေရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ခိုလှုံမှုရယူပါ။ သင်၏ဘယ်ဘက်သို့ တံတွေး သုံးကြိမ်ထွေးလိုက်ပါ။ ၎င်းကဆက်လက်ပြောပြသည်မှာ ကျွန်တော်သည် ထိုအတိုင်းပြုလုပ်ခဲ့ရာ အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ကျွန်တော့်ထံမှ ဖယ်ရှားပေးခဲ့သည်။
Hadeeth details
မိမိဆွလာသ်အား ခိုးဝှက်သူသည် အဆိုးရွာဆုံး ခိုးဝှက်သူပင်ဖြစ်သည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်။ မိမိဆွလာသ်အား ခိုးဝှက်သူသည် အဆိုးရွားဆုံးခိုးဝှက်သူပင်ဖြစ်သည်။ ထိုအခါ သာဝကကြီးက ဆွလာသ်အား မည်သို့ခိုးဝှက်ပါသနည်းဟု မေးလျှောက်ခဲ့ရာ ကိုယ်တော်က ‘ရုကူအ်’ ဦးညွှတ်ခြင်းနှင့် ‘စဂ်ျဒဟ်’ ဦးချခြင်းတို့အား ကောင်းမွန်ကျနစွာ မပြုခြင်းပင်ဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။
Hadeeth details
“အလ္လာဟွမ္မ အန်သတ်စ် စလာမု ဝမင်န်ကတ်စ် စလာမု သဗာရက်သ ယာဇလ်ဂျလားလိ ဝလ်အိက်ရာမ်”ကို ရွတ်ဆိုလေ့ရှိသည်။ (အဓိပ္ပာယ် - အို အလ္လာဟ်အရှင်မြတ်၊ အသင်အရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှကင်းစင်တော်မူသော အရှင်ဖြစ်တော်မူ၏။ ငြိမ်းချမ်းသာယာမှုအပေါင်းသည် အသင်...
ဆောင်ဗာန်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏ဆွလာသ်အား အဆုံးသတ်ပြီးသည့်အခါ “အတ်စ်သဂ်ဖိရုလ္လာဟ်” သုံးကြိမ်နှင့် “အလ္လာဟွမ္မ အန်သတ်စ် စလာမု ဝမင်န်ကတ်စ် စလာမု သဗာရက်သ ယာဇလ်ဂျလားလိ ဝလ်အိက်ရာမ်”ကို ရွတ်ဆိုလေ့ရှိသည်။ (အဓိပ္ပာယ် - အို အလ္လာဟ်အရှင်မြတ်၊ အသင်အရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှကင်းစင်တော်မူသော အရှင်ဖြစ်တော်မူ၏။ ငြိမ်းချမ်းသာယာမှုအပေါင်းသည် အသင်အရှင်မြတ်၏ထံတော်မှ ကျရောက်လာခြင်းသာဖြစ်၏။ အို- အနန္တတန်ခိုးတော်ရှင်၊ ကျေးဇူးပြုတော်မူသောအရှင်၊ အသင်အရှင်မြတ်သည် မင်္ဂလာအပေါင်းနှင့်ပြည့်စုံတော်မူသောအရှင်ဖြစ်တော်မူပါ၏။ ) ဝလီးဒ် ကပြောပြခဲ့သည်။ ကျွန်တော်က အောင်ဇာအီအား အစ္စသိဂ်ဖာရ် မည်သို့ ဖတ်ရမည်နည်းဟု မေးမြန်းခဲ့ရာ ၎င်းက “အတ်စ်သဂ်ဖိရုလ္လာဟ်” “အတ်စ်သဂ်ဖိရုလ္လာဟ်” ဟူ၍ဖတ်ပါဟု ပြောကြားခဲ့သည်။
Hadeeth details
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်တိုင်း၏နောက်တွင် ထိုကလိမဟ်တော်များကို ရွတ်ဆိုခဲ့သည်။...
အဗူဇုဗိုင်းရ်က ဆင့်ပြန်ခဲ့သည်။ အစ်ဗ်နုဇုဗိုင်းရ် (ရဿွိယလ္လာဟုအန်ဟု)သည် စလာမ်လှည့်ပြီးသည့်အခါ ဆွလာသ်တိုင်း၏နောက်တွင် ဤသို့ရွတ်ဆိုလေ့ရှိသည်။ «لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، لَهُ الْمُلْكُ وَلَهُ الْحَمْدُ وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ، لَا حَوْلَ وَلَا قُوَّةَ إِلَّا بِاللهِ، لَا إِلَهَ إِلَّا اللهُ، وَلَا نَعْبُدُ إِلَّا إِيَّاهُ، لَهُ النِّعْمَةُ وَلَهُ الْفَضْلُ وَلَهُ الثَّنَاءُ الْحَسَنُ، لَا إِلَهَ إِلَّا اللهُ مُخْلِصِينَ لَهُ الدِّينَ وَلَوْ كَرِهَ الْكَافِرُونَ» အဓိပ္ပာယ်။ အလ္လာဟ်အရှင်မြတ်သည် အတုမဲ့အနှိုင်းမဲ့၍ ဆည်းကပ်ကိုးကွယ်မှုအပေါင်းကို ခံထိုက်တော်မူသောအရှင်ဖြစ်၏။ စိုးပိုင်ခြင်းဟူသမျှသည် ထိုအရှင်မြတ်အဖို့သာဖြစ်၏။ ချီးမွမ်းထောမနာခြင်းဟူသမျှသည်လည်း ထိုအရှင်မြတ်အဖို့သာဖြစ်၏။ ထိုအရှင်မြတ်သည် အရာခပ်သိမ်းအလုံးစုံကို စွမ်းဆောင်နိုင်တော်မူသောအရှင်ဖြစ်သည်။ မကောင်းမှုမှ ရှောင်ကြဉ်နိုင်ခြင်းနှင့် ကောင်းမှုများ ပြုကျင့်နိုင်ခြင်းသည် အလ္လာဟ်အရှင်မြတ်၏ စွမ်းအားပေးသနားတော်မူခြင်းကြောင့်သာ ဖြစ်တော်မူသည်။ အလ္လာဟ်အရှင်မြတ်မှအပ မှန်ကန်သည့် ကိုးကွယ်ရာအရှင်ဟူ၍အလျင်းမရှိ။ ၎င်းအပြင် ကျွန်တော်မျိုးတို့သည် ထိုအရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ်ပါ၏။ နိအ်မသ် စည်းစိမ်အပေါင်းနှင့် ကျေးဇူးတရားအဖြာဖြာတို့သည် ထိုအရှင်မြတ်ထံတော်ပါးမှသာလျှင် ဖြစ်တော်မူသည်။ ချီးမွမ်းထောမနာပြုခြင်းဟူသမျှသည် ထိုအရှင်မြတ်အဖို့သာဖြစ်၏။ အလ္လာဟ်အရှင်မြတ်မှအပ မှန်ကန်သည့် ကိုးကွယ်ရာအရှင်ဟူ၍အလျင်းမရှိ။ ကာဖိရ်များ မနှစ်သက်ကြစေကာမူ ကျွန်တော်မျိုးတို့သည် အလ္လာဟ်အရှင်မြတ်အား အိခ်လာဆွ်ဖြင့် ခဝပ်ကိုးကွယ်ပါ၏။ ထို့နောက် ၎င်းကပြောပြသည်မှာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်တိုင်း၏နောက်တွင် ထိုကလိမဟ်တော်များကို ရွတ်ဆိုခဲ့သည်။
Hadeeth details
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဖရ်ဿွ်ဆွလာသ်ဝတ်ပြုပြီးတိုင်း ဤသို့ရွတ်ဆိုလေ့ရှိတော်မူသည်။(လာအိလာဟ အိလ်လလ္လာဟုဝဟ်ဒဟူလာရှရီကလဟူ လဟုလ်မုလ်ကု ဝလဟုလ်ဟမ်ဒု ဝဟုဝအလာ ကုလ်လိရှိုင်အင်န်ကဒီးရ်)...
မုဂီရဟ်ဗင်န်ရှုအ်ဗဟ်(ရဿွိယလ္လာဟုအန်ဟု)၏စာရေး ဝရ်ရားဒ်က ဆင့်ပြန်ပြောကြားခဲ့သည်။ မုဂီရဟ်ဗင်န်ရှုအ်ဗဟ်(ရဿွိယလ္လာဟုအန်ဟု)သည် မုအာဝိယဟ်(ရဿွိယလ္လာဟုအန်ဟု)ထံ ပေးပို့မည့်စာတစ်စောင်တွင် ရေးသားရန်ဤသို့နှုတ်တိုက်ပြောကြားခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဖရ်ဿွ်ဆွလာသ်ဝတ်ပြုပြီးတိုင်း ဤသို့ရွတ်ဆိုလေ့ရှိတော်မူသည်။ (လာအိလာဟ အိလ်လလ္လာဟုဝဟ်ဒဟူလာရှရီကလဟူ လဟုလ်မုလ်ကု ဝလဟုလ်ဟမ်ဒု ဝဟုဝအလာ ကုလ်လိရှိုင်အင်န်ကဒီးရ်၊ အလ္လာဟုမ်မ လာမာနိအ လိမာအအ်သွိုင်းသ ဝလာမုအ်သွိယ လိမာမနအ်သ ဝလာယန်ဖအုဇလ်ဂျဒ်ဒိ မင်န်ကလ်ဂျဒ်ဒု) တုဖက်ယှဉ်ဖက်မရှိဘဲ တစ်ပါးတည်းဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ထိုက်သောအရှင်ဟူ၍ အလျဉ်းမရှိ၊ စိုးပိုင်မှုဟူသမျှသည် ထိုအရှင်မြတ်အဖို့သာဖြစ်တော်မူ၏။ ချီးမွမ်းထောမနာခြင်းအပေါင်းတို့သည်လည်း ထိုအရှင်မြတ်အဖို့သာဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် အရာခပ်သိမ်းကိုစွမ်းဆောင်နိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။ အို - အလ္လာဟ်အရှင်မြတ် အရှင်မြတ်ပေးကမ်းချီးမြှင့်တော်မူသောအရာကို တားဆီးပိတ်ပင်နိုင်သူမရှိပါ။ အရှင်မြတ် တားဆီးပိတ်ပင်ထားသောအရာကိုလည်း ပေးကမ်းချီးမြှင့်နိုင်သူမရှိပါ။ ဥစ္စာဓနသည် ဥစ္စာဓနရှင်အား အရှင်မြတ်နှင့်ဆန့်ကျင်၍ အကျိုးမပြုနိုင်ပါ။
Hadeeth details
အသင်တို့အနက် တစ်ဦးတစ်ယောက်သည် ဗလီဝတ်ကျောင်းတော်သို့ ဝင်ရောက်သောအခါ မထိုင်မီအလျင် ဆွလာသ်နှစ်ရကအသ်ဆောက်တည်ပါ။...
အဗူကသာဒဟ်အတ်စ်စလမီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည် ဗလီဝတ်ကျောင်းတော်သို့ ဝင်ရောက်သောအခါ မထိုင်မီအလျင် ဆွလာသ်နှစ်ရကအသ်ဆောက်တည်ပါ။
Hadeeth details
သောကြာနေ့ အိမာမ် ခွသ်ဗဟ် မိန့်ခွန်းပြောနေစဉ် သင့်နံဘေးတွင် ရှိသောသူကို ဆိတ်ဆိတ်နေပါဟု အသင်ပြောဆိုလျှင် အမှန်တကယ် အသင်သည် အချည်းနှီးကိစ္စတစ်ခုကို ပြုလုပ်လိုက်ခြင်းဖြစ်သည်။...
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ သောကြာနေ့ အိမာမ် ခွသ်ဗဟ် မိန့်ခွန်းပြောနေစဉ် သင့်နံဘေးတွင် ရှိသောသူကို ဆိတ်ဆိတ်နေပါဟု အသင်ပြောဆိုလျှင် အမှန်တကယ် အသင်သည် အချည်းနှီးကိစ္စတစ်ခုကို ပြုလုပ်လိုက်ခြင်းဖြစ်သည်။
Hadeeth details
အသင်ရပ်၍ ဆွလာသ် ဆောက်တည်ပါ အကယ်၍ အသင် (ရပ်၍ ဆွလာသ်ဆောက်တည်ရန်)မစွမ်းနိုင်လျှင် ထိုင်၍ ဆောက်တည်ပါ။ အကယ်၍ အသင် (ထိုင်၍ ဆွလာသ်ဆောက်တည်ရန်) မစွမ်းနိုင်လျှင် လဲလျောင်း၍ ဆောက်တည်ပါ။...
အင်မ်ရာန် ဗင်န် ဟုဆွိုင်န်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်တော့်တွင် လိပ်ခေါင်းရောဂါရှိနေသည်။ ထို့ကြောင့် ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ဆွလာသ် ဆောက်တည်မှုနှင့်စပ်လျဉ်း၍ မေးမြန်းလျှောက်ထားခဲ့ရာ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ- အသင်ရပ်၍ ဆွလာသ် ဆောက်တည်ပါ အကယ်၍ အသင် (ရပ်၍ ဆွလာသ်ဆောက်တည်ရန်)မစွမ်းနိုင်လျှင် ထိုင်၍ ဆောက်တည်ပါ။ အကယ်၍ အသင် (ထိုင်၍ ဆွလာသ်ဆောက်တည်ရန်) မစွမ်းနိုင်လျှင် လဲလျောင်း၍ ဆောက်တည်ပါ။
Hadeeth details
ငါကိုယ်တော်၏ ဤဗလီဝတ်ကျောင်းတော်၌ ဆွလာသ်တစ်ကြိမ်ဆောက်တည်ခြင်းသည် မတ်စ်ဂျိဒ်ဟရာမ်ဝတ်ကျောင်းတော်မှအပ အခြားဗလီဝတ်ကျောင်းတော်၌ ဆွလာသ်အကြိမ်ပေါင်းတစ်ထောင်ဆောက်တည်ခြင်းထက် သာပိုမွန်မြတ်သည်။...
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ငါကိုယ်တော်၏ ဤဗလီဝတ်ကျောင်းတော်၌ ဆွလာသ်တစ်ကြိမ်ဆောက်တည်ခြင်းသည် မတ်စ်ဂျိဒ်ဟရာမ်ဝတ်ကျောင်းတော်မှအပ အခြားဗလီဝတ်ကျောင်းတော်များ၌ ဆွလာသ်အကြိမ်ပေါင်းတစ်ထောင်ဆောက်တည်ခြင်းထက် သာပိုမွန်မြတ်သည်။
Hadeeth details
‹
1
2
...
6
7
8
9
10
11
12
...
16
17
›
Share
Use the QR code to easily share the message of Islam with others
Copy Link
copied!
ကျွန်ုပ်တို့နှင့် ဆက်သွယ်ရန်
×
အမည်
အီးမေးလ်
စာသားမက်ဆေ့ခ်ျ
ကျွန်ုပ်တို့နှင့် ဆက်သွယ်ရန်
×
ကျွန်ုပ်တို့ကို ဆက်သွယ်သည့်အတွက် ကျေးဇူးတင်ပါတယ်။ အင်န်ရှာအလ္လာဟ်၊ သင့်စာကို ကြည့်ရှုစစ်ဆေးလိုက်ပါမည်။
Share