- သရှဟ်ဟုဒ်၏ စာသားများအနက်မှ တစ်မျိုးကို ဖော်ပြထားသည်။
- ဆွလာသ်၌ ရွတ်ဖတ်ရမည့် စာသားများနှင့် လုပ်ရပ်များသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သတ်မှတ်ထားသည့်အတိုင်းသာဖြစ်ရမည်။ သို့ဖြစ်၍ မည်သူမျှပင် ဆွလာသ်အတွင်း၌ စွန္နသ်တော်တွင် အတည်ပြုထားခြင်းမရှိသော လုပ်ရပ်ကိုဖြစ်စေ၊ ရွတ်ဆိုမှုကိုဖြစ်စေ အသစ်တီထွင်ပိုင်ခွင့်မရှိပေ။ ထို့ကြောင့် အဗူမူစာ (ရဿွိယလ္လာဟုအန်ဟု)က အသင်တို့၏ ဆွလာသ်အတွင်း၌ မည်သို့ရွတ်ဖတ်ရမည်ကို မသိကြလေသလောဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
- ဆွလာသ်၌ အိမာမ်ရှေ့ဆောင်ထက် အလျင်ပြုလုပ်ပိုင်ခွင့်မရှိပါ။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူထားသည်မှာ “အိမာမ်ရှေ့ဆောင်သည် အသင်တို့ထက်အလျင် ရုကူအ်ဦးညွှတ်ရမည်။ အသင်တို့ထက်အလျင် ဦးခေါင်းပြန်ကြွရမည်။”
- တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် သာသနာကို ပို့ချရန်နှင့် မိမိ၏အွမ္မသ်သားတို့အား သာသနာ့အမိန့်ပညတ်ချက်များ သင်ကြားပေးရန် အလွန်အလေးအနက်ထားကြောင်း ဖော်ပြထားသည်။
- အိမာမ်ရှေ့ဆောင်သည် နောက်လိုက်များအတွက် စံနမူနာပင်ဖြစ်သည်။ ထို့ကြောင့် နောက်လိုက်များသည် အိမာမ်ထက်အလျင်ပြုခြင်း၊ အတူတကွပြုခြင်း၊ နောက်ကျပြီးမှပြုခြင်းတို့ မပြုရပေ။ ထို့ပြင် အိမာမ်ရှေ့ဆောင်သည် လုပ်ရပ်တစ်ခုအား ရည်ရွယ်၍ ဆောင်ရွက်လိုက်ကြောင်း သေချာသိလိုက်သည်နှင့် ၎င်းနောက်မှ ချက်ချင်းလိုက်လုပ်ရမည်။ ဆွလာသ်၌ အိမာမ်ရှေ့ဆောင်အား နောက်လိုက်ခြင်း စွန္နသ်ဖြစ်သည်။
- ဆွလာသ်၏ရုကွန်များကို ဆောင်ရွက်ရာတွင် အိမာမ်က နောက်လိုက်များထက် အလျင်ပြုလိုက်သည့် အခိုက်အတန့်ကို နောက်လိုက်များက ထိုအတိုင်းအတာခန့် နောက်ကျပြီးမှဆောင်ရွက်ခြင်းဖြင့် အိမာမ်နှင့်နောက်လိုက်တို့၏ကြာချိန်သည် တူညီသွားကြောင်းရှင်းပြထားသည်။ ဥပမာ- အိမာမ်သည် ရုကူအ်ပြုရာတွင် နောက်လိုက်များထက် အလျင်ပြုပြီး ရုကူအ်မှ ပြန်ထရာတွင် နောက်လိုက်များထက် အလျင်ပြန်ထရသည်။ သို့ဖြစ်၍ အိမာမ်က ရုကူအ်၌ အနည်းငယ်စော၍ ပြုလိုက်သည့် အချိန်အခိုက်အတန့်သည် ရုကူအ်မှ အိမာမ်က ပြန်ထသွားပြီးနောက် နောက်လိုက်များက ရုကူအ်၌ ဆက်လက်ကျန်ရှိနေခဲ့သော အချိန်အခိုက်အတန့်နှင့် ကြာချိန်တူသဖြင့် အိမာမ်နှင့် နောက်လိုက်များ ရုကူအ်တွင် ကြာမြင့်ချိန် တူသွားသည်။
- အိမာမ်ရှေ့ဆောင်က စူရဟ်ဖာသိဟဟ် ဖတ်ပြီးသည့်အခါ အာမီးန် ဆိုကြရန်တိုက်တွန်းထားသည်။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် ဤတောင်းဆုတော်ကို လက်ခံတော်မူသည်။
- ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် ချီးမွမ်းထောမနာပြုသူ၏ ချီးမွမ်းမှုကို ကြားတော်မူပြီး ထိုအပေါ် အကျိုးကုသိုလ် ချီးမြှင့်တော်မူသည်။
- (ဂျမာအသ်ဖြင့်) ဆွလာသ် ဆောက်တည်သည့်အခါ ဆွဖ်အတန်းများ စီတန်းရန်သတ်မှတ်ထားသည်။