- ရှိုင်သွာန်သည် လူသားအား ၎င်း၏ဆွလာသ်ထဲတွင် လွှမ်းမိုးပြီး ဆွလာသ်၌ရောထွေးစေကာ ဒွိဟသံသယဖြစ်စေရန် ကြိုးစားကြောင်း ရှင်းပြထားသည်။
- ဆွလာသ်ထဲတွင် ရှိုင်သွာန်ဘက်မှလာသည့် ‘ဝတ်စ်ဝစဟ်’သံသယယစိတ်ဖြစ်ပေါ်လာပါက ရှိုင်သွာန်၏နှောက်ယှက်မှုမှ ကင်းဝေးရန် ခိုလှုံမှုရယူကာ ဘယ်ဘက်သို့ တံတွေးသုံးကြိမ်ထွေးခြင်း မွတ်စ်သဟဗ်ဖြစ်သည်။
- ဆွဟာဗဟ် (ရဿွိယလ္လာဟုအန်ဟုမ်)တို့သည် မိမိတို့၌ ပြဿနာများပေါ်ပေါက်လာပါက ထိုပြဿနာများကို မိမိတို့အတွက်သာမက အွမ္မထုတစ်ရပ်လုံးအတွက်ပါ ဖြေရှင်းပေးရန်အတွက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံသို့တင်ပြကြသည်။
- ဆွဟာဗဟ် သာဝကကြီးများ၏နှလုံးသားသည် ရှင်သန်လျက်ရှိပြီး ၎င်းတို့၏ သောကသည် နောင်တမလွန် အာခိရသ်အတွက်သာဖြစ်သည်။