- အထက်ပါဇိက်ရ်တော်အား ဆွလာသ်များ၏နောက်တွင် ရွတ်ဖတ်ခြင်း မွတ်စ်သဟဗ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုဇိက်ရ်တော်တွင် သောင်ဟီးဒ် အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းသာ ခဝပ်ကိုးကွယ်ခြင်းခံထိုက်ကြောင်း ဖော်ပြသည့်စာသားများပါရှိပြီး တားမြစ်ခြင်း၊ ပေးကမ်းခြင်းနှင့် အလုံးစုံကို ဆောင်ရွက်နိုင်ခြင်းကဲ့သို့ အလ္လာဟ်အရှင်မြတ်၏ လုပ်ဆောင်မှုများနှင့်ပတ်သက်၍လည်း ဖော်ပြထားသည်။
- စွန္နသ်တော်များကို အကောင်ထည်ဖော်ခြင်း၊ ဖြန့်ချိခြင်း စသည်တို့ကို အစောတလျင်ဆောင်ရွက်ရမည်။
- အိဂျာဇဟ် ခွင့်ပြုချက်မရရှိထားလျင်လည်း ဟဒီးဆ်တော်များကိုရေးသားခွင့်ရှိသည်။ ထိုသို့ရေးသားခြင်းသည် ဟဒီးဆ်ဆင့်ပြန်ချက်ကို နားထောင်ခြင်းနှင့် အလားတူသည်။ ပြောင်းလဲခြင်းမခံရဘဲ မူရင်းအတိုင်းရှိနေမည်ဟု စိတ်ချရပါက ထိုသို့ရေးမှတ်ခြင်းပြုပိုင်သည်။
- စိတ်ချယုံကြည်ရသော ပုဂ္ဂိုလ်တစ်ဦးက ဆင့်ပြန်ထားသောဟဒီးဆ်ကို အားကိုးအားထားပြုနိုင်သည်။ ၎င်းနှင့်အမျိုးအစားတူ ဟဒီးဆ်တော်များ အများအပြားရှိပေသည်။