- ဖရ်ဿွ် ဆွလာသ်ပြီးတိုင်း ဤဇိက်ရ်တော်ကို စွဲစွဲမြဲမြဲဖတ်ရွတ်ခြင်း မွတ်စ်သဟဗ်ဖြစ်သည်။
- ကာဖိရ်များ မနှစ်သက်ကြလျှင်လည်း မွတ်စ်လင်မ်သည် မိမိ၏သာသနာဖြင့် ဂုဏ်ယူပြီး သာသနာတော်၏ အထိမ်းအမှတ်များကို ထုတ်ဖော်နေရမည်။
- ဟဒီးဆ်တော်၌ “ဆွလာသ်၏နောက်တွင်” ဟူသော အသုံးအနှုန်းဖြင့် ဇိက်ရ်တစ်ခုကို ဖော်ပြထားလျှင် ဤသည်စလာမ်လှည့်ပြီးနောက် ရွတ်ဆိုရန် ဆိုလိုခြင်းဖြစ်ပြီး၊ ဒုအာတစ်ခုကို ဖော်ပြထားလျှင် ဤသည်ဆွလာသ်အတွင်း၌ စလာမ်မလှည့်မီ တောင်းဆုပြုရန် ဆိုလိုခြင်းဖြစ်သည်။