- ဆွလာသ်အား ကောင်းမွန်ပြည့်စုံစွာ ဆောက်တည်ခြင်း၏ အရေးပါမှုနှင့် ဆွလာသ်၏ ရုကွန်များအား အေးဆေးတည်ငြိမ်စွာ ဆောင်ရွက်ရန် အရေးကြီးကြောင်း ဖော်ပြထားသည်။
- ရုကူအ်၊စဂ်ျဒဟ်အား ကောင်းမွန်ပြည့်စုံစွာမပြုလုပ်သူအား ခိုးဝှက်သူဟု ခေါ်ဆိုထားသည်။ သို့သာမက ထိုလုပ်ရပ်ကို ဟရာမ်ဖြစ်ကြောင်း သတိပေးရန်နှင့် ၎င်းမှ ရှောင်ကြဉ်နိုင်စေရန်အတွက် ထိုလုပ်ရပ်ကို အဆိုးရွားဆုံး ခိုးဝှက်ခြင်းဖြစ်သည်ဟု သတ်မှတ်ခဲ့သည်။ ရှရီအဟ် တရားတော်က ၎င်းအား ခိုးဝှက်သူဟု သတ်မှတ်ခဲ့ခြင်းမှာ သူခိုးသည် ဥစ္စာပစ္စည်းအား ခိုးယူခြင်းဖြင့် လျော့နည်းစေသကဲ့သို့ ထိုသူသည်လည်း ဆွလာသ်၏ အချို့ကဏ္ဍများကို ဆောင်ရွက်ပြီး အချို့ကို စွန့်လွှတ်ထားကာ ဆွလာသ်ကို လျော့နည်းစေသည့်အတွက်ကြောင့်ပင်ဖြစ်သည်။
- ‘ရုကူအ်’ ဦးညွှတ်ခြင်းနှင့် ‘စဂ်ျဒဟ်’ ဦးချခြင်းတို့အား အေးဆေးတည်ငြိမ်စွာပြုလုပ်ခြင်းနှင့် ၎င်းတို့မှ ပြန်ထသည့်အခါ ခန္ဓာကိုယ် ဖြောင့်မတ်စွာထားခြင်းကို ဝါဂျိဗ် တာဝန်အဖြစ် မသတ်မှတ်သူအား အတိအလင်း ချေပထားသည်။