ပင်မစာမျက်နှာ
ကျွန်ုပ်တို့အကြောင်း
my
العربية - عربي
English - إنجليزي
español - إسباني
português - برتغالي
Kiswahili - سواحيلي
Français - فرنسي
Русский - روسي
اردو - أردو
italiano - إيطالي
Türkçe - تركي
አማርኛ - أمهري
ไทย - تايلندي
සිංහල - سنهالي
Wikang Tagalog - فلبيني تجالوج
Tiếng Việt - فيتنامي
नेपाली - نيبالي
Hausa - هوسا
Wollof - ولوف
বাংলা - بنغالي
ئۇيغۇرچە - أيغوري
অসমীয়া - آسامي
فارسی - فارسي
فارسی دری - دري
azərbaycanca - أذري
Ўзбек - أوزبكي
Deutsch - ألماني
Shqip - ألباني
فلبيني مرناو - فلبيني مرناو
български - بلغاري
ဗမာ - بورمي
bosanski - بوسني
polski - بولندي
தமிழ் - تاميلي
татар теле - تتاري
română - روماني
svenska - سويدي
нохчийн мотт - شيشاني
Soomaali - صومالي
тоҷикӣ - طاجيكي
Pulaar - فولاني
कश्मीरी - كشميري
한국어 - كوري
македонски - مقدوني
bahasa Melayu - ملايو
മലയാളം - مليالم
magyar - هنجاري مجري
हिन्दी - هندي
Èdè Yorùbá - يوربا
ελληνικά - يوناني
қазақ тілі - كازاخي
עברית - عبري
中文 - صيني
Bahasa Indonesia - إندونيسي
dansk - دنماركي
پښتو - بشتو
أنكو - أنكو
Luganda - لوغندي
తెలుగు - تلقو
日本語 - ياباني
ትግርኛ - تجريني
Кыргызча - قرغيزي
Kurdî - كردي
Nederlands - هولندي
čeština - تشيكي
українська - أوكراني
eesti - إستوني
suomi - فنلندي
Адыгэбзэ - شركسي
Norwegian - نرويجي
ქართული - جورجي
tamashaq - طارقي
ދިވެހި - ديفهي
slovenčina - سلوفاكي
Türkmençe - تركماني
башҡорт теле - بلوشي
afaan oromoo - أورومو
ភាសាខ្មែរ - خميرية
ಕನ್ನಡ - كنادي
Bassa - الباسا
Lingala - لينغالا
lietuvių - ليتواني
bamanankan - بامبارا
Soninke - سوننكي
Malagasy - ملاغاشي
Mandinka - مندنكا
Sängö - سانجو
Српски - صربي
Afaraf - عفري
Kinyarwanda - كينيارواندا
Jóola - جوالا
Bi zimanê Kurdî - كردي كرمنجي
Akan - أكاني
Chichewa - شيشيوا
ગુજરાતી - غوجاراتية
Mõõré - موري
créole - كريولي
ພາສາລາວ - لاو
ပင်မစာမျက်နှာ
ကျွန်ုပ်တို့အကြောင်း
Contact Us
အဗူအဗ်ဒိရ်ရဟ်မာန် အတ်စ်စုလမီ(ရဟိမဟုလ္လာဟ်)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ အဆ်ွဟာဗ်တော်များအနက် ကျွန်ုပ်တို့အား ကုရ်အာန်ကျ...
ဆွဟာဗဟ်သာဝကကြီးများသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ အာယာသ်တော်ဆယ်ပိုဒ်ကို နားထောင်ပြီးနောက် ထိုအာယသ်တော်များတွင်ပါရှိသည့် ‘အိလ်မ်’အသိ...
အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမ...
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်မှ အက္ခရာတစ်လုံးဖတ်ရွတ်သည့် မွတ်စ်လင်မ်တိုင်းသည် အက္ခရာတစ်လ...
အဗ်ဒုလ္လာဟ်ဗင်အမ်ရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ကုရ်အာန်ကျွမ်...
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။ ကုရ်အာန်ကျမ်းမြတ်ကို ဖတ်ရွတ်သူ၊ ကျမ်းလာအတိုင်း အမလ်ကျင့်ဆောင်သူ၊ ကုရ်အာန်ကျမ်းမြတ်ကိ...
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အသင်တို့အနက် တစ်ဦးတစ်ယ...
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူခဲ့သည်မှာ- ဆွလာသ်အတွင်း၌အာယသ်တော်သုံးပိုဒ် ဖတ်ခြင်း၏အကျိုးကုသိုလ်သည် လူတစ်ဦး မိမိ၏အိမ်တွင် ဝဖြ...
အဗူမူစာ အရှ်အရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့သည် ကုရ်အာန်ကျမ်းမြတ်ကို စွ...
ကုရ်အာန်ကျမ်းမြတ်ကို မိမိစိတ်နှလုံးသားထဲတွင် အလွတ်ကျက်မှတ်ပြီးနောက် ပြန်လည်မမေ့လျော့စေရန်အတွက် စွဲစွဲမြဲမြဲ ရွတ်ဖတ်နေရန် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိ...
ဧကန်အမှန် ၎င်းတို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ အာယသ်တော်ဆယ်ပိုဒ်ကို နားထောင်ပြီးနောက် ထိုအာယသ်တော်များတွင်ပါရှိသည့် ‘အိလ်မ်’အသိပညာနှင့် အမလ်ကျင့်ဆောင်မှုများကို မသင်ယူမချင်း နောက်ထပ်အာယသ်တော်ဆယ်ပိုဒ်ကို သင်ယူခြင်းမရှိခဲ...
အဗူအဗ်ဒိရ်ရဟ်မာန် အတ်စ်စုလမီ(ရဟိမဟုလ္လာဟ်)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ အဆ်ွဟာဗ်တော်များအနက် ကျွန်ုပ်တို့အား ကုရ်အာန်ကျမ်းမြတ်ကို ဖတ်ကြား(သင်)ပြခဲ့သည့်သူများက ကျွန်ုပ်တို့အား ဆင့်ပြန်ပြောကြားခဲ့သည်။ ဧကန်အမှန် ၎င်းတို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ အာယသ်တော်ဆယ်ပိုဒ်ကို နားထောင်ပြီးနောက် ထိုအာယသ်တော်များတွင်ပါရှိသည့် ‘အိလ်မ်’အသိပညာနှင့် အမလ်ကျင့်ဆောင်မှုများကို မသင်ယူမချင်း နောက်ထပ်အာယသ်တော်ဆယ်ပိုဒ်ကို သင်ယူခြင်းမရှိခဲ့ပေ။ သာဝကကြီးများက ကျွန်တော်တို့သည် ‘အိလ်မ်’အသိပညာနှင့် အမလ်ကျင့်ဆောင်မှုများကို သင်ယူခဲ့ကြသည်ဟု ပြောကြားခဲ့ကြသည်။
Hadeeth details
မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ကျမ်းတော်မှ အက္ခရာတစ်လုံးကို ရွတ်ဖတ်ခဲ့လျှင် ထိုသူသည် ကောင်းမှုတစ်ခု ရရှိမည်ဖြစ်သည်။ ကောင်းမှုတစ်ခုသည် ကောင်းမှုဆယ်ခုနှင့်ညီမျှသည်။...
အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ကျမ်းတော်မှ အက္ခရာတစ်လုံးကို ရွတ်ဖတ်ခဲ့လျှင် ထိုသူသည် ကောင်းမှုတစ်ခု ရရှိမည်ဖြစ်သည်။ ကောင်းမှုတစ်ခုသည် ကောင်းမှုဆယ်ခုနှင့်ညီမျှသည်။ ငါကိုယ်တော်သည်(အလိဖ် လာမ် မီးမ်)ကို အက္ခရာတစ်လုံးဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်။ သို့သော် (အလိဖ်)သည် အက္ခရာတစ်လုံး (လာမ်)သည် အက္ခရာတစ်လုံး (မီးမ်)သည် အက္ခရာတစ်လုံးဖြစ်သည်။
Hadeeth details
ကုရ်အာန်ကျွမ်းကျင်သူအား ပြောမည်မှာ- ဖတ်ပါ၊ တက်ပါ၊ အသင်လောက၌ ရှိစဥ်အခါက သရ်သီလ်နှင့်ဖတ်ခဲ့သည့်အတိုင်း သရ်သီလ်နှင့်ဖတ်ပါ။အသင်၏ အဆင့်အတန်းသည် သင်နောက်ဆုံး ဖတ်ရွတ်လိုက်သည့် အာယသ်တော်နှင့်အညီ ရှိနေမည်ဖြစ်သည်။...
အဗ်ဒုလ္လာဟ်ဗင်အမ်ရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ကုရ်အာန်ကျွမ်းကျင်သူအား ပြောမည်မှာ- ဖတ်ပါ၊ တက်ပါ၊ အသင်လောက၌ ရှိစဥ်အခါက သရ်သီလ်နှင့်ဖတ်ခဲ့သည့်အတိုင်း သရ်သီလ်နှင့်ဖတ်ပါ။အသင်၏ အဆင့်အတန်းသည် သင်နောက်ဆုံး ဖတ်ရွတ်လိုက်သည့် အာယသ်တော်နှင့်အညီ ရှိနေမည်ဖြစ်သည်။
Hadeeth details
အသင်တို့အနက် တစ်ဦးတစ်ယောက်သည် မိမိ၏ မိသားစုထံပြန်ရောက်သောအခါ ဝဖြိုးပြီးဇီးရှိသော ကုလားအုတ်မသုံးကောင်တွေ့ရှိခြင်းအား နှစ်သက်ပါသလားဟု မေးမြန်းတော်မူသည်။...
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည် မိမိ၏ မိသားစုထံပြန်ရောက်သောအခါ ဝဖြိုးပြီးဇီးရှိသော ကုလားအုတ်မသုံးကောင်တွေ့ရှိခြင်းအား နှစ်သက်ပါသလားဟု မေးမြန်းတော်မူသည်။ ကျွန်တော်တို့က ဟုတ်ကဲ့ နှစ်သက်ပါသည်ဟုဖြေကြားခဲ့ကြသည်။ ကိုယ်တော်ကမိန့်ကြားတော်မူသည်မှာ- သင်တို့အနက်တစ်ဦးတစ်ယောက်သည် မိမိ၏ဆွလာသ်အတွင်း၌ အာယာသ်တော်သုံးပိုဒ် ဖတ်မည်ဆိုပါက ဝဖြိုး၍ဇီးရှိသော ကုလားအုတ်မသုံးကောင်ရရှိခြင်းထက် ပို၍ကောင်းမြတ်ပေသည်။
Hadeeth details
အသင်တို့သည် ကုရ်အာန်ကျမ်းမြတ်ကို စွဲမြဲစွာ ရွတ်ဖတ်ကြပါ။ အကြင်အရှင်၏ လက်တော်တွင် မုဟမ္မဒ်၏ အသက်ဝိညာဉ်ရှိပြီး ထိုအရှင်မြတ်အား တိုင်တည်၍ပြောမည် ကြိုးပြေ၍ ထွက်ပြေးသွားသည့် ကုလားအုတ်ထက် ကုရ်အာန်ကျမ်းမြတ်သည် ပိုမိုလျင်မြန်စွာ မေ့လျော့သွားတတ်သည်။...
အဗူမူစာ အရှ်အရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့သည် ကုရ်အာန်ကျမ်းမြတ်ကို စွဲမြဲစွာ ရွတ်ဖတ်ကြပါ။ အကြင်အရှင်၏ လက်တော်တွင် မုဟမ္မဒ်၏ အသက်ဝိညာဉ်ရှိပြီး ထိုအရှင်မြတ်အား တိုင်တည်၍ပြောမည် ကြိုးပြေ၍ ထွက်ပြေးသွားသည့် ကုလားအုတ်ထက် ကုရ်အာန်ကျမ်းမြတ်သည် ပိုမိုလျင်မြန်စွာ မေ့လျော့သွားတတ်သည်။
Hadeeth details
အသင်တို့သည် မိမိတို့၏အိမ်များကို ကဗရ်သင်္ချိုင်းများအဖြစ် မပြုလုပ်ကြလေနှင့်။ ဧကန်မုချ ရှိုင်သွာန်သည် စူရဟ်ဗကရဟ်ရွတ်ဖတ်သော အိမ်မှထွက်ပြေးသည်။...
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့သည် မိမိတို့၏အိမ်များကို ကဗရ်သင်္ချိုင်းများအဖြစ် မပြုလုပ်ကြလေနှင့်။ ဧကန်မုချ ရှိုင်သွာန်သည် စူရဟ်ဗကရဟ်ရွတ်ဖတ်သော အိမ်မှထွက်ပြေးသည်။
Hadeeth details
အို-အဗုလ်မွန်ဇိရ် အသင့်၌ရှိသော အလ္လာဟ်အရှင်မြတ်၏ကျမ်းတော်တွင် မည်သည့်အာယသ်တော်သည် အကြီးမြတ်ဆုံးဖြစ်သည်ကို အသင်သိပါသလားဟု မေးတော်မူသည်။ ကျွန်တော်က (ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَ ٱلْحَىُّ ٱلْقَيُّومُ) (စူရဟ် ဗကရဟ်- ၂၅၅) (အာယသုလ်ကုရ်စီ) ဖြစ...
အုဗိုင်းယ္ယုဗ်နုကအ်ဗ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အို-အဗုလ်မွန်ဇိရ် အသင့်၌ရှိသော အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်တွင် မည်သည့်အာယသ်တော်သည် အကြီးမြတ်ဆုံးဖြစ်သည်ကို အသင်သိပါသလား။ ကျွန်တော်က အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ရစူလ်တမန်တော်သာ အသိဆုံးဖြစ်ပါသည်ဟု ဖြေကြားခဲ့သည်။ တဖန်ကိုယ်တော်က အို-အဗုလ်မွန်ဇိရ် အသင့်၌ရှိသော အလ္လာဟ်အရှင်မြတ်၏ကျမ်းတော်တွင် မည်သည့်အာယသ်တော်သည် အကြီးမြတ်ဆုံးဖြစ်သည်ကို အသင်သိပါသလားဟု မေးတော်မူသည်။ ကျွန်တော်က (ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَ ٱلْحَىُّ ٱلْقَيُّومُ) (စူရဟ် ဗကရဟ်- ၂၅၅) (အာယသုလ်ကုရ်စီ) ဖြစ်သည်ဟု ဖြေကြားခဲ့သည်။ထိုအခါ ကိုယ်တော်သည်ကျွန်ုပ်၏ရင်ဘတ်ကိုပုတ်၍ မိန့်တော်မူသည်မှာ “အို-အဗုလ်မွန်ဇိရ် သင့်အတွက် အသင်၏အိလ်မ်အသိပညာသည် မင်္ဂလာရှိပါစေ။”
Hadeeth details
မည်သူမဆို စူရဟ်ဗကရဟ်၏ နောက်ဆုံးနှစ်အာယသ်ကို ည၌ရွတ်ဖတ်လျှင် ၎င်းသူအတွက် လုံလောက်သွားပြီဖြစ်သည်။...
အဗူမတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို စူရဟ်ဗကရဟ်၏ နောက်ဆုံးနှစ်အာယသ်ကို ည၌ရွတ်ဖတ်လျှင် ၎င်းသူအတွက် လုံလောက်သွားပြီဖြစ်သည်။
Hadeeth details
ဧကန်အမှန်ပင်(ဒုအာ) ဆုတောင်းခြင်းသည် အိဗာဒသ် ခဝပ်ကိုးကွယ်မှုပင်ဖြစ်သည်။
အန်နုအ်မာန်ဗင်န် ဗရှီးရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစ္စလမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ ဧကန်အမှန်ပင်(ဒုအာ) ဆုတောင်းခြင်းသည် အိဗာဒသ် ခဝပ်ကိုးကွယ်မှုပင်ဖြစ်သည်။ ထို့နောက် ကိုယ်တော်သည် ဤအာယသ်တော်ကို ရွတ်ဖတ်တော်မူသည်။ “ထို့ပြင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် (ဤသို့)မိန့်ကြားတော်မူခဲ့၏။ အသင်တို့သည် ငါအရှင်မြတ်ထံတော်တွင် ဆုတောင်း ပတ္ထနာပြုကြလေကုန်။ ငါအရှင်မြတ်သည် အသင်တို့၏ ဆုတောင်းပတ္ထနာပြုချက်ကို လက်ခံတော်မူမည်။ ဧကန်စင်စစ် ငါအရှင်မြတ်အား ဆည်းကပ်ကိုးကွယ်ခြင်းမှ မောက်မာကြကုန်သောသူတို့မှာမူကား မကြာမြင့်မီပင် ဂုဏ်အသရေယုတ်ညံ့စွာနှင့် ‘ဂျဟန္နမ်’ငရဲဘုံသို့ ဝင်ရောက်ကြကုန်အံ့သတည်း။” ကုရ်အာန် (၄၀:၆၀)
Hadeeth details
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်အား အချိန်တိုင်း သတိရတသလျက်ရှိသည်။...
အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ပြောကြားခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်အား အချိန်တိုင်း သတိရတသလျက်ရှိသည်။
Hadeeth details
အလ္လာဟ်အရှင်မြတ်ထံတော်၌ ဒုအာဆုမွန်တောင်းခံခြင်းထက် ပို၍မြင့်မြတ်သောအရာဟူ၍မရှိ။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ်ထံတော်၌ ဒုအာဆုမွန်တောင်းခံခြင်းထက် ပို၍မြင့်မြတ်သောအရာဟူ၍မရှိ။
Hadeeth details
ဧကန်အမှန်ပင် အဝတ်အထည်သည် ဟောင်းနွမ်းသွားသကဲ့သို့ အသင်တို့အနက်မှ တစ်ဦးတစ်ယောက်၏(နှလုံသား) အတွင်း၌ရှိသော အီမာန်သည်လည်း ဟောင်းနွမ်းသွားသည်။ ထို့ကြောင့် အသင်တို့နှလုံးသားအတွင်း၌ရှိသော အီမာန်အား သစ်လွင်လန်းဆန်းလာစေရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ...
အဗ်ဒုလ္လာဟ်ဗင်န် အမ်ရ် ဗင်န်အာဆ်ွ (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ ဧကန်အမှန်ပင် အဝတ်အထည်သည် ဟောင်းနွမ်းသွားသကဲ့သို့ အသင်တို့အနက်မှ တစ်ဦးတစ်ယောက်၏(နှလုံသား) အတွင်း၌ရှိသော အီမာန်သည်လည်း ဟောင်းနွမ်းသွားသည်။ ထို့ကြောင့် အသင်တို့နှလုံးသားအတွင်း၌ရှိသော အီမာန်အား သစ်လွင်လန်းဆန်းလာစေရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ဒုအာတောင်းခံကြပါ။
Hadeeth details
‹
1
2
...
8
9
10
11
12
13
14
15
16
17
›
Share
Use the QR code to easily share the message of Islam with others
Copy Link
copied!
ကျွန်ုပ်တို့နှင့် ဆက်သွယ်ရန်
×
အမည်
အီးမေးလ်
စာသားမက်ဆေ့ခ်ျ
ကျွန်ုပ်တို့နှင့် ဆက်သွယ်ရန်
×
ကျွန်ုပ်တို့ကို ဆက်သွယ်သည့်အတွက် ကျေးဇူးတင်ပါတယ်။ အင်န်ရှာအလ္လာဟ်၊ သင့်စာကို ကြည့်ရှုစစ်ဆေးလိုက်ပါမည်။
Share