- ကုရ်အာန်ကျမ်းမြတ်ကို များမြောင်စွာဖတ်ရွတ်ရန် တိုက်တွန်းထားသည်။
- ကုရ်အာန်ကျမ်းမြတ် ဖတ်ရွတ်သူသည် ၎င်းရွတ်ဖတ်လိုက်သည့် စကားလုံးတိုင်းရှိ အက္ခရာတိုင်းအတွက် ကောင်းမှုတစ်ခုရရှိမည်ဖြစ်ပြီး ထိုကောင်းမှုသည် ကောင်းမှုဆယ်ခုအထိ တိုးသွားမည်ဖြစ်သည်။
- အလ္လာဟ်အရှင်မြတ်၏ ကျယ်ဝန်းလှသော ကရုဏာတော်နှင့် ရက်ရောမှုတို့ကြောင့် အရှင်မြတ်သည် မိမိ၏ကျွန်များအတွက် အကျိုးကုသိုလ်ကို အဆပေါင်းများစွာ တိုးပေးတော်မူသည်။ ဤသည် အရှင့်ထံတော်မှ ကျေးဇူးပြုမှုနှင့် ပေးကမ်းချီးမြှင့်မှုပင်ဖြစ်သည်။
- ကုရ်အာန်ကျမ်းမြတ်သည် အခြားသော စကားများအားလုံးထက် သာပိုမွန်မြတ်သည်။ ကုရ်အာန်ကျမ်းမြတ်သည် အရှင်မြတ်၏ မုက္ခပါဌ်တော်ဖြစ်သည့်အတွက် ထိုကျမ်းမြတ်အား ဖတ်ရွတ်ခြင်းသည် အိဗာဒသ်
- ခဝပ်ကိုးကွယ်မှုပင်ဖြစ်သည်။