- ဒုအာ ဆုတောင်းခြင်းသည် အိဗာဒသ် ခဝပ်ကိုးကွယ်မှု၏ အခြေခံအုတ်မြစ်ဖြစ်သောကြောင့် အလ္လာဟ်အရှင်မြတ်မှအပ အခြားမည့်သူ့ထံတွင်မျှ ဒုအာတောင်းခံခွင့်မရှိပါ။
- ဒုအာဆုတောင်းခြင်း၌ ကျွန်ပီသခြင်း၊ အလ္လာဟ်အရှင်မြတ်၏ ပြည့်စုံကြွယ်ဝမှုနှင့် အရှင်မြတ်၏ စွမ်းဆောင်နိုင်မှုတို့ကို ဝန်ခံခြင်း၊ ကျေးကျွန်သည် အရှင်မြတ်ကို အမြဲလိုအပ်လျက်ရှိကြောင်းဖော်ပြခြင်းတို့ ပါဝင်သည်။
- အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ်ခြင်း၊ အရှင်မြတ်ထံ ဒုအာဆုတောင်းခြင်းတို့မပြုဘဲ မာနထာင်လွှားသူများကို ပြင်ပြင်းထန်ထန် သတိပေးခြိမ်းခြောက်ထားသည်။ အလ္လာဟ်အရှင်မြတ်ထံ ဒုအာဆုတောင်းခြင်းမှ မာနထာင်လွှားသူများသည် သေးသိမ်သောသူများအဖြစ်နှင့် ဂျဟန္နမ်ငရဲသို့ မကြာမီ ဝင်ရောက်ကြရမည်။