- စူရဟ်ဗကရဟ်၏ နောက်ဆုံးအာယသ်တော်များ၏ မွန်မြတ်မှုကို တင်ပြထားသည်။ ယင်းအာယသ်တော်များမှာ (...آمن الرسول) အာယသ်မှ စူရဟ် ဗကရဟ် အဆုံးထိဖြစ်သည်။
- စူရဟ်ဗကရဟ်၏ နောက်ဆုံးအာယသ်တော်များအား ည၌ဖတ်ရွတ်ခဲ့ပါက ထိုအာယသ်တော်များသည် ဖတ်ရွတ်သူအား ဘေးအန္တရာယ်များ၊ ဆိုးကျိုးများနှင့် ရှိုင်သွာန်များမှ ကာကွယ်ပေးမည်ဖြစ်သည်။
- ညသည် နေဝင်သည့်အချိန်မှစ၍ ဖဂျရ်အလင်းရောင် ပေါ်ထွက်လာသည့်အခါ ကုန်ဆုံးသည်။