- အလ္လာဟ်အရှင်မြတ် နှစ်သက်ကျေနပ်ပြီး လိုက်နာရန်အမိန့်ပေးထားသော ရစူလ်တမန်တော်များ၏ စွန္နသ်တော်များတွင် ပြီးပြည့်စုံမှု၊ သန့်ရှင်းမှုနှင့် လှပတင့်တယ်ခြင်းတို့ရှိသည်။
- ဤအချက်များကို အလေးထားဆောင်ရွက်ရန်နှင့် မေ့လျော့ခြင်း မရှိစေရန် ပြဌာန်းထားသည်။
- ဤအကျင့်များတွင် လောကီ၊ လောကုတ္တရာ နှစ်ဌာနစလုံး၏ ကောင်းကျိုးများရှိသည်။ ၎င်းတို့အနက်အချို့မှာ ရုပ်ဆင်းလှပခြင်း၊ ခန္ဓာကိုယ်သန့်ရှင်းစင်ကြယ်ခြင်း၊ သန့်ရှင်းစင်ကြယ်မှုကို အလေးထားခြင်း၊ ကာဖိရ်တို့နှင့်ဆန့်ကျင်ခြင်း၊ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်ကို နာခံခြင်းတို့ဖြစ်သည်။
- ဤငါးခုအပြင် အခြားသော လူသား၏ သဘာဝများရှိကြောင်း အခြားဟဒီးဆ်တော်များတွင် ဖော်ပြထားသည်။ ဥပမာ - မုတ်ဆိတ်မွေးကို လွှတ်ထားခြင်း၊ တံပူတိုက်ခြင်း စသည်တို့ဖြစ်သည်။