- အပြစ်အကုသိုလ်များကို ကြီးလေးသောအပြစ်အကုသိုလ်နှင့် သေးငယ်သောအပြစ်အကုသိုလ် ဟူ၍ ခွဲခြားထားသည်။
- သေးငယ်သော အပြစ်အကုသိုလ်များ ပလပ်ခံရရန်အတွက် ကြီးလေးသော အပြစ်အကုသိုလ်များကို ရှောင်ကြဉ်ရမည်ဟူ၍ စည်းကမ်းသတ်မှတ်ထားသည်။
- ကြီးလေးသော အပြစ်အကုသိုလ်ဆိုသည်မှာ ဤလောက၌ ပြစ်ဒဏ်ပေးရန် သတ်မှတ်ထားသော အပြစ်အကုသိုလ်များ သို့မဟုတ် နောင်တမလွန်တွင် အဇာဗ်ပြစ်ဒဏ်ပေးခံရမည် သို့မဟုတ် အရှင်မြတ်၏ အမျက်ဒေါသကျရောက်မည်ဟု ခြိမ်းခြောက်ထားသော အပြစ်အကုသိုလ်များ သို့မဟုတ် ကျူးလွန်သူအပေါ် လအ်နသ်ကျရောက်မည်ဟု သတိပေးခြိမ်းခြောက်ထားသော အပြစ်အကုသိုလ်များကို ခေါ်ဆိုသည်။ ဥပမာ- တရားမဝင်ကာမကျူးလွန်ခြင်း၊ အရက်သောက်ခြင်းစသည်တို့ဖြစ်သည်။