- မုအဇ္ဇင်န်၏အဇာန်ဆိုသံကို အဖြေပေးရန်အမိန့်ပေးထားသည်။
- အဇာန်ကို အဖြေပေးပြီးနောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အပေါ် ‘ဆွလာသ်’ပို့သရန် အမိန့်ပေးထားသည်။
- တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အပေါ် ‘ဆွလာသ်’ပို့သပြီးနောက် ကိုယ်တော်မြတ်အတွက်‘ဝစီလဟ်’တောင်းခံပေးရန် အမိန့်ပေးထားသည်။
- ဝစီလဟ်၏အဓိပ္ပါယ်နှင့် ၎င်း၏မြင့်မြတ်သောအဆင့်အတန်းကို လူတစ်ဦးတည်းကိုသာ ချီးမြှင့်မည်ဖြစ်ကြောင်း ရှင်းပြထားသည်။
- ထိုမြင့်မြတ်သည့် အဆင့်အတန်းသည် ကိုယ်တော်မြတ်အတွက်သာ သီးသန့်ဖြစ်ကြောင်းဖော်ပြကာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ မြင့်မြတ်မှုကို တင်ပြထားသည်။
- အကြင်သူသည် အလ္လာဟ်အရှင်မြတ်ထံတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အတွက် ဝစီလဟ်တောင်းခံပေးလျှင် ထိုသူ့အတွက် ‘ရှဖာအဟ်’ ကြားဝင်အသနားခံပေးခြင်းဝါဂျိဗ်ဖြစ်သည်။
- ထိုမြင့်မြတ်လှသည့် (မကာမုမဟ်မူဒ်)အဆင့်အတန်းသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အတွက်သာ ဖြစ်သော်လည်း ထိုအဆင့်အတန်းကိုရရှိရန် မိမိ၏အွမ္မသ်နောက်လိုက်များအား ဒုအာဆုမွန်တောင်းခံစေခြင်းဖြင့် ကိုယ်တော်၏ ကျိုးနွံမှုကိုဖော်ပြထားသည်။
- ဤဟဒီးဆ်တော်သည် ကုရ်အာန်ကျမ်းတော်မြတ်အာယသ်တော်ဖြစ်သည့် (စင်စစ်သော်ကား (အို-နဗီတမန်တော်) ငါအရှင်မြတ်သည် အသင့်အား ကမ္ဘာခပ်သိမ်းတို့အဖို့ ကရုဏာတော်အဖြစ်နှင့်သာလျှင် စေလွှတ်တော်မူခဲ့ပေသည်။) ကုရ်အာန်(၂၁:၁၀၇) ၏အလိုသဘောပင်ဖြစ်သည်။ အကြင်မည်သူမဆို ကိုယ်တော်မြတ်အပေါ် ဆွလာသ်တစ်ကြိမ်ပို့မည်ဆိုလျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အပေါ်၌ ရဟ်မသ်ဆယ်ကြိမ် ချီးမြှင့်တော်မူမည်ဖြစ်သည်။ မည်သူမဆို ကိုယ်တော်အတွက် အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် ‘ဝစီလဟ်’ တောင်ခံပေးပါက ထိုသူ့အတွက် ‘ရှဖာအဟ်’ ကြားဝင်အသနားခံပေးခြင်းဝါဂျိဗ် ဖြစ်မည်။ ၎င်းပြင် အွမ္မသ်နောက်လိုက်များရရှိသည့် မြင့်မားသည့် အဆင့်အတန်း၊ ကြီးကျယ်သည့် အဆင့်အတန်း အားလုံးတို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ရဟ်မသ် ကရုဏာတော်ကြောင့်ပင်ဖြစ်သည်။