- စူရဟ်ဖာသိဟဟ်၏ ကြီးကျယ်မြင့်မြတ်မှုကို ဖော်ပြထားသည်။ အလ္လာဟ်အရှင်မြတ်သည် ယင်းစူရဟ်အား ‘ဆွလာသ်’ဟု အမည်ပေးခဲ့သည်။
- အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျွန်အား ဂရုစိုက်တော်မူကြောင်း ဖော်ပြထားသည်။ အရှင်မြတ်သည် မိမိကျွန်အား သူ၏ချီးမွမ်းမှု၊ ချီးကျူးထောမနာပြုမှု၊ ကြီးကဲမြတ်ထွတ်ကြောင်း မြွက်ဟမှုတို့ကြောင့် ချီးကျူးတော်မူပြီး ၎င်းတောင်းခံသည့်အရာကို ပေးသနားမည်ဖြစ်ကြောင်း ကတိပြုတော်မူခဲ့သည်။
- ဤမြင့်မြတ်လှသည့် စူရဟ်၌ အရှင်မြတ်အား ချီးကျူးထောမနာပြုခြင်း၊ တရားစီရင်မည့်နေ့အကြောင်း တင်ပြခြင်း၊ အလ္လာဟ်အရှင်မြတ်ထံတော်တွင် ဆုတောင်းခြင်း၊ အရှင်မြတ်အတွက်သာ သီးသန့် အိဗာဒဟ် ခဝပ်ကိုးကွယ်မှုပြုခြင်း၊ ဖြောင့်မတ်မှန်ကန်သောလမ်းကို ညွှန်ကြား ပြသပေးရန် တောင်းခံခြင်း၊ မှားယွင်းသောလမ်းကို လျှောက်လှမ်းခြင်းမပြုရန် သတိပေးတားမြစ်ခြင်းတို့ပါဝင်သည်။
- ဆွလာသ်ဝတ်ပြုသူအနေဖြင့် ဤဟဒီးဆ်တော်အပါ် အာရုံစူးစိုက်မှုထားကာ စူရဟ်ဖာသိဟဟ်ကို ဖတ်ရွတ်ပါက ဆွလာသ်၌ အရှင်မြတ်အား ကြောက်ရွံ့ရိုကျိုးမှု ပို၍တိုးလာမည်ဖြစ်သည်။