- လူငယ်များနှင့် ကလေးငယ်များကို သောင်ဝ်ဟီးဒ်တရား၊ အစ္စလာမ့်ယဉ်ကျေးမှုစသည့် သာသနာရေးကိစ္စများကို သင်ကြားပေးရန် အရေးကြီးသည်။
- လုပ်ရပ်အမျိုးအစားပေါ်မူတည်၍ အကျိုးရလဒ်ရရှိသည်။
- အလ္လာဟ်အရှင်မြတ်အပေါ် မှီခိုအားထားရန်နှင့် အရှင်မြတ်မှအပ အခြားမည်သူ့ကိုမျှ ယုံပုံအားကိုးခြင်းမပြုရန် အမိန့်ပေးထားသည်။ ထိုအရှင်မြတ်သည် အကောင်းဆုံး ယုံပုံအားထားရာ အရှင်ဖြစ်တော်မူသည်။
- (သက္ကဒီရ်) သတ်မှတ်ဆုံးဖြတ်ချက်အပေါ် အီမာန်သက်ဝင်ယုံကြည်ပြီး ထိုအပေါ်ကျေနပ်နှစ်သက်ရမည်။ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် အရာရာတိုင်းကို နှိုင်းချိန်သတ်မှတ်ထားတော်မူသည်။
- အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏အမိန့်ကို မလိုက်နာလျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူအား လျစ်လျူရှုတော်မူပြီး ထိန်းသိမ်းစောင့်ရှောက်တော်မူမည်မဟုတ်ပေ။