- ‘အိစ်သိဂ်ဖာရ်’အပြစ်များမှ ခွင့်လွှတ်ချမ်းသာခွင့်တောင်းခံခြင်း၏ မွန်မြတ်မှုကို ဖော်ပြထားပြီး ခွင့်လွှတ်ချမ်းသာခွင့်တောင်းခံရန် တိုက်တွန်းနှိုးဆော်ထားသည်။
- ခွင့်လွှတ်ချမ်းသာခွင့် တောင်းခံခြင်းကို လက်ခံရန်အတွက် စည်းကမ်းချက်တစ်ရပ်မှာ ခွင့်လွှတ်ချမ်းသာခွင့်တောင်းခံသူသည် အပြစ်များကို စွန့်လွှတ်လိုက်ရမည်ဖြစ်သည်။
- အလီဗင်န် အဗီသွာလိဗ်(ရဿွိယလ္လာဟုအန်ဟု)၏မွန်မြတ်မှုနှင့် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ဟဒီးဆ်တော်များအားလိုက်နာကျင့်သုံးရန်နှင့် နားထောင်ရန်အတွက် သူ၏အလိုဆန္ဒပြင်းပြမှုတို့ကို သိရှိရသည်။
- ကြားသိရသမျှကို မှန်ကန်မှုရှိ၊ မရှိ အတည်ပြုခြင်းသည် ဆွဟာဗဟ်(ရဿွိယလ္လာဟုအန်ဟုမ်)တို့၏ ခေတ်ကပင်ရှိခဲ့ကြောင်း သိရှိရသည်။
- ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ ခွင့်လွှတ်ချမ်းသာပေးမှုသည် ကျယ်ဝန်းလှပြီး အရှင်မြတ်သည်‘သောင်ဝ်ဗဟ်’ အမှားဝန်ချတောင်းပန်ခြင်းနှင့် အိစ်သိဂ်ဖာရ်ပြုခြင်းတို့ကို လက်ခံတော်မူသည်။