- ဤဟဒီးစ်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ‘ဂျဝါမိအုလ်ကလိမ်’စကားလုံးနည်းပြီး အဓိပ္ပါယ်ကြွယ်ဝသည့် စကားများအနက်မှပင်ဖြစ်သည်။ ထို့ကြောင့် မွတ်စ်လင်မ်တစ်ဦးအနေဖြင့် ကိုယ်တော်မိန့်ကြားသော (ကျွန်တော်မျိုး အလ္လာဟ်အရှင်မြတ်အား အီမာန်သက်ဝင်ယုံကြည်ပါသည်ဟု သင်ပြောကြားပါ။ ၎င်းနောက် ကြံ့ခိုင်စွာရပ်တည်ပါ။)ဟူသည့် စကားရပ်ကို ဆင်ခြင်သုံးသပ်ကြည့်ပါက ယုံကြည်ချက်များနှင့် အမလ်ကျင့်ဆောင်မှုများအားလုံး ထိုစကားတွင် ပါဝင်နေကြောင်း တွေ့ရလိမ့်မည်။
- ဆွဟာဗဟ် (ရဿွိယလ္လာဟုအန်ဟုမ်)တို့သည် သာသနာရေးကိစ္စများ၊ အမှန်တရားနှင့် တရားလမ်းမှန်တို့ကို သိနားလည်ရန် စိတ်အားထက်သန်ကြသည်။ ၎င်းတို့သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား မိမိတို့အတွက် လောကီ၊လောကုတ္တရာ နှစ်ဌာနစလုံးတွင် လွတ်မြောက်အောင်မြင်မှုရရန် အကြောင်းခံဖြစ်စေမည့် ပြည့်စုံလှသည့် အကြောင်းအရာများကို လျှောက်ထားမေးမြန်းကြသည်။
- အိဗာဒသ် ခဝပ်ကိုးကွယ်မှုကို စွဲမြဲစွာပြုလုပ်ရန်နှင့် ထိုအပေါ်တွင် မြဲမြံစွာရပ်တည်ရန် အရေးကြီးကြောင်းသိရသည်။
- မေးခွန်းကောင်းတစ်ခု၏ အရေးပါမှုကိုသိရှိရပြီး ယင်းသည် အသိပညာ၏ ထက်ဝက်ပင်ဖြစ်သည်။ ဟဒီးဆ်တော်တွင် ပါရှိသည့်မေးခွန်းတွင် မေးမြန်းသူ သာဝကကြီး(ရဿွိယလ္လာဟုအန်ဟု)၏ အမြော်အမြင်ရှိမှု၊ ထက်မြက်မှု၊ ဉာဏ်ပညာ ပြည့်ဝမှုနှင့် ပြည့်စုံသည့် မှာတမ်းချက်ကို ရယူရန်ဆန္ဒရှိမှုတို့ ပေါ်လွင်နေသည်။
- ရှရီအဟ် တရားလမ်းစဉ်သည် လွဲမှားနေသည့် ဂိုဏ်းဂဏများကြားတွင် အလယ်အလတ်ကျစွာ တည်ရှိသည်။
- အီမာန်သက်ဝင်ယုံကြည်ပြီးနောက် ‘အိစ်သိကာမဟ်’ရှိခြင်းဟူသည် ပေးထားသည့် အမိန့်တာဝန်များကို စွဲမြဲစွာလိုက်နာကျင့်သုံးခြင်းနှင့် တားမြစ်ချက်များအားလုံးကို ရှောင်ကြဉ်ခြင်းပင်ဖြစ်သည်။
- ရှရီအဟ် တရာလမ်းစဉ်ပေါ်တွင် မြဲမြံစွာရပ်တည်သူကို ‘မွလ်သဇင်မ်’စွဲမြဲစွာလိုက်နာကျင့်သုံးသူဟု ခေါ်ဆိုခြင်းထက် ‘မွတ်စ်သကီးမ်’ကြံ့ခိုင်စွာရပ်တည်သူဟု ခေါ်ဆိုခြင်းသည် ပို၍သင့်မြတ်ပေသည်။