- ဤဟဒီးဆ်တော်သည် မကောင်းမှုအား တားမြစ်သည့်အဆင့်များနှင့်စပ်လျဉ်း၍ အခြေခံမူတစ်ရပ်ဖြစ်သည်။
- မကောင်းမှုကိုတားမြစ်ရာ၌ တဆင့်ပြီးတဆင့်ပြီးတားမြစ်ရန်အမိန့်ပေးထားပြီး လူတိုင်းသည်မိမိတတ်စွမ်းနိုင်သမျှတားမြစ်ရမည်။
- မကောင်းမှုမှတားမြစ်ခြင်းသည် သာသနာတော်၌ကြီးကျယ်လှသည့် ကဏ္ဍတစ်ရပ်ဖြစ်ပြီး ဤတာဝန်နှင့် မည်သူမျှမလွတ်ကင်းပေ။ မွတ်စ်လင်မ်တိုင်းသည် မိမိတတ်စွမ်းမှုနှင့်အညီ တာဝန်ပေးအပ်ခြင်းခံထားရသည်။
- ကောင်းမှုကို ညွှန်ကြားခြင်း၊ မကောင်းမှုမှ တားမြစ်ခြင်းသည် အီမာန်၏ လက္ခဏာဖြစ်ပြီး အီမာန်သည် တိုးတက်ခြင်း လျော့နည်းခြင်းရှိသည်။
- မကောင်းမှုကိုတားမြစ်ခြင်း၌ ရှိရမည့်အချက်တစ်ချက်မှာ ထိုလုပ်ရပ်သည် မကောင်းမှုဖြစ်ကြောင်း အခိုင်အမာသိရှိထားခြင်း ဖြစ်သည်။
- မကောင်းမှုကိုတားမြစ်ခြင်း၌ စည်းကမ်းချက်တစ်ခုရှိသည်။ ၎င်းမှာ မကောင်းမှုကိုတားမြစ်ရာ၌ ထို့ထက်ပို၍ဆိုးသော မကောင်းမှု ဖြစ်ပေါ်လာခြင်းမရှိစေရပါ။
- မကောင်းမှုကို တားမြစ်ခြင်းတွင် စည်းကမ်းချက်များ၊ ကျင့်ဝတ်များရှိသောကြောင့် မွတ်စ်လင်တစ်ဦးအနေဖြင့် ၎င်းတို့အား လေ့လာသင်ယူရမည်။
- မကောင်းမှုကို တားမြစ်ရာ၌ ရှရီအဟ်၏မူဝါဒ၊ အသိပညာနှင့် ခိုင်လုံသောသက်သေများ ရှိရန်လိုအပ်ပေသည်။
- မကောင်းမှုအား နှလုံးသားဖြင့်ပင် မတားမြစ်ခြင်းသည် အီမာန်အားနည်းမှုကို ညွှန်ပြနေသည်။