- အကြင်သူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကို မကြားသိခဲ့သည့်အပြင်၊ ၎င်းထံသို့ အစ္စလာမ်၏(ဒအ်ဝဟ်) ဖိတ်ခေါ်မှုလည်း မရောက်ခဲ့ပါက ထိုသို့သောသူမျိုးသည် ခြွင်းချက်ဖြစ်သည်။
- တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ နောက်လိုက်ရန် အရေးကြီးသည်။ ကိုယ်တော်၏ ရှရီအဟ်လမ်းစဥ်ဖြင့် လွန်လေပြီးသော ရှရီအဟ်လမ်းစဥ်အားလုံးသည် ပယ်ဖျက်ခြင်းခံလိုက်ရသည်။ သို့ရှိရာ တမန်တော်မြတ်အား ငြင်းပယ်သူသည် အခြားနဗီတမန်တော်(အလိုင်ဟိစ္စလာမ်)များကို အီမာန်သက်ဝင်ယုံကြည်ထားလျှင်လည်း ထိုယုံကြည်ချက်သည် ၎င်းအား အကျိုးမပေးနိုင်ပေ။
- နောင်တမလွန်ကို မတွေ့မြင်ရသေးပါက ရောဂါပြင်းထန်ပြီး ကွယ်လွန်ရန်အလွန်နီးကပ်နေလျှင်လည်း အစ္စလာမ်ကိုလက်ခံခြင်းဖြင့် အကျိုးခံစားနိုင်သည်။
- အကြင်သူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ယူဆောင်လာသည့်သာသနာအနက်မှ အချို့ကို ငြင်းပယ်လျှင် ၎င်းငြင်းပယ်လိုက်သည့်အရာသည်(ကုရ်အာန်၊ဟဒီးစ်၌)ထင်ရှားပြတ်သားသော အထောက်ထားဖြင့် အတည်ဖြစ်လျှင် ထိုသူသည် ကာဖိရ်ဖြစ်ကြောင်း သာသနာ့ပညာရှင်အားလုံးတညီတညွတ်တည်းဖြစ်ကြသည်။