- မည်သည့်ကိစ္စတွင်မဆို အစွန်းရောက်ခြင်း၊ အတိုင်းထက်အလွန်ပြုခြင်းတို့ကို တားမြစ်ထားပြီး ကိစ္စတိုင်းတွင် ထိုလုပ်ရပ်မျိုးမှ ရှောင်ကြဥ်ရန် တိုက်တွန်းနှိုးဆော်ထားသည်။ အထူးသဖြင့် ခဝပ်ကိုးကွယ်မှုများနှင့် သူတော်စင် သူတော်ကောင်းတို့အား ကြည်ညိုရာတွင် အစွန်းရောက်ခြင်းမှ ရှောင်ကြဉ်ရမည်။
- ခဝပ်ကိုးကွယ်မှုတွင်ဖြစ်စေ၊ အခြားကဏ္ဍများတွင်ဖြစ်စေ ကောင်းမွန်ပြည့်စုံစွာ ဆောင်ရွက်ခြင်းသည် ချီးမွမ်းထိုက်သည့် ကိစ္စဖြစ်သည်။ ထိုသို့ပြည့်စုံမှုသည် ရှရိအဟ်တရားတော်နှင့် ကိုက်ညီမှသာ ရရှိနိုင်မည်ဖြစ်သည်။
- အရေးကြီးသော ကိစ္စရပ်အား တိကျသေချာအောင်ပြုခြင်းသည် (မွတ်စ်သဟဗ်) ကောင်းမွန်သည့်လုပ်ရပ်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အထက်ပါစကားအား သုံးကြိမ်မိန့်ကြားတော်မူခဲ့သည်။
- အစ္စလာမ်သည် လွယ်ကူသော သာသနာဖြစ်ကြောင်း ဖော်ပြထားသည်။