- ကုရ်အာန်ကျမ်းမြတ်ကို စွန္နဟ်(ဟဒီးဆ်)ဖြင့် အကျယ်ဖွင့်ဆိုထားသည်။
- တမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ အွမ္မသ်နောက်လိုက်များ၏ မွန်မြတ်မှုနှင့် ၎င်းတို့သည် အသိပညာနှင့်အမလ်ကျင့်သုံးမှု ပေါင်းစည်းထားသော ဖြောင့်မတ်မှန်ကန်သည့် တရားလမ်းစဉ်ပေါ်တွင်ရှိကြောင်း ဖော်ပြထားသည်။
- ကျွန်တော်တို့အား ဖြောင့်မတ်မှန်ကန်သည့် တရားလမ်းမှန်ကို ညွှန်ကြားပြသတော်မူရန်နှင့် ယဟူဒီများ၊ နဆွ်ရာနီများကဲ့သို့ မဖြစ်ကြစေရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် တောင်းခံရမည်။
- မည်သူမဆို အသိပညာရှိပြီး ထိုအပေါ်လိုက်နာခြင်းမရှိဘဲ စိတ်အလိုရမ္မက်နောက်သို့လိုက်ပါက ၎င်းသည် အမျက်တော်ရှခြင်းခံရသူဖြစ်ပြီး ယဟူဒီများတွင် ပါဝင်သွားမည်။ ထို့ပြင် အသိပညာမရှိဘဲ အလ္လာဟ်အရှင်မြတ်အားခဝပ်မှုပြုသူတိုင်းသည် လမ်းမှားသူပင်ဖြစ်ပြီး ၎င်းသည် နဆ်ွရာနီများတွင် ပါဝင်သွားမည်ဖြစ်သည်။