- ‘လာအိလာဟ အိလ္လလ္လာဟ်’ ရွတ်ဆိုခြင်းနှင့် အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ရာတိုင်းကို ငြင်းပယ်ခြင်းသည် အစ္စလာမ်သာသနာသို့ ဝင်ရောက်ရန်အတွက် သတ်မှတ်ထားသည့် စည်းကမ်းချက်ဖြစ်သည်။
- ‘လာအိလာဟ အိလ္လလ္လာဟ်’၏ အဓိပ္ပာယ်မှာ အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်းခံနေရသော အရာများဖြစ်သည့် ရုပ်တုများ၊ သင်္ချိုင်းများနှင့် အခြားအရာများကို ငြင်းပယ်ခြင်း၊ ချို့တဲ့မှုအပေါင်းမှကင်းစင်တော်မူသော အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းကိုသာ ခဝပ်ကိုးကွယ်ခြင်းဖြစ်သည်။
- အကြင်သူသည် သောင်ဟီးဒ်ကိုလက်ခံပြီး ရှရီအသ်အမိန့်ပညတ်ချက်များကို ပေါ်လွင်ထင်ရှားစွာ လိုက်နာကျင်းသုံးနေပါက ယင်းနှင့်ဆန်ကျင်ဘက် အရာတစ်ခုခု သူ့ထံမှ မပေါ်လွင်လာသေးသမျှ ၎င်းအား ထိခိုက်နစ်နာအောင်ပြုခွင့်မရှိပေ။
- တရားတော်က သတ်မှတ်ထားသည့် ခိုင်လုံသော သက်သေ အထောက်အထားမရှိဘဲ မွတ်စ်လင်မ်တစ်ဦး၏ အသက်၊ ဥစ္စာပစ္စည်း၊ ဂုဏ်သိက္ခာတို့အား ထိခိုက်နစ်နာအောင် ပြုလုပ်ခွင့်မရှိပါ။
- လောကီ၏ တရားစီရင်ရေးသည် ထင်သာမြင်သာရှိသော အပြင်ပိုင်းကိုသာ အခြေခံသော်လည်း နောင်တမလွန်ဘဝ၌မူ ရည်စူးချက်များနှင့် ရည်ရွယ်ချက်များပေါ်မူတည်၍ တရားစီရင်မည်ဖြစ်သည်။