- စီရင်ဆုံးဖြတ်သူတစ်ဦး၏ စီရင်ဆုံးဖြတ်ချက်သည် (သာသနာ့)အမိန့်တစ်ခု၏ အနှစ်သာရသဘောကို မပြုပြင်မပြောင်းလဲနိုင်ပေ။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်က “ငါတမန်တော်၏ အမိန့်မပါရှိခဲ့လျှင်”ဟုမိန့်တော်မူထားသည်။ “အမိန့်”ဟူသည် သာသနာကို ဆိုလိုသည်။
- အစ္စလာမ်သာသနာတော်သည် ရှရီအဟ်တရားလမ်းစဥ်အပေါ်၌ တည်ဆောက်ထားသည်။
- ယုံကြည်ချက်ဆိုင်ရာ တရားသစ်တီထွင်မှုနှင့် အမလ် ကျင့်ဆောင်မှုပိုင်းဆိုင်ရာ တရားသစ် တီထွင်မှုတိုင်းသည် မှားယွင်းသည်။ ဥပမာအားဖြင့် အလ္လာဟ်အရှင်မြတ်၏ ဂုဏ်တော်၊ နာမတော်များ၏ အဓိပ္ပါယ်ကို ငြင်းပယ်ခြင်း၊ (အိရ်ဂျအ်) အီမာန်သက်ဝင်ယုံကြည်ထားပါက မည်သည့် အပြစ်အကုသိုလ်ကို ကျူးလွန်သည်ဖြစ်စေ မည်သို့မျှဆိုးကျိုးမရှိဟု ယုံကြည်ခြင်း၊ သက္ကဒီရ် အကောင်း၊အဆိုး ဟူသ၍ကို အရှင်မြတ်က သတ်မှတ်ရေးဆွဲထားကြောင်းကို ငြင်းပယ်ခြင်း၊ အပြစ်အကုသိုလ် ကျူးလွန်ရုံမျှနှင့် ကာဖိရ်ဖြစ်သည်ဟု ယုံကြည်ခြင်း၊ ခဝပ်ကိုးကွယ်မှုတွင် တရားသစ်တီထွင်ခြင်း စသည်တို့ဖြစ်သည်။
- သာသနာသည် အတွေးခေါ် အယူအဆနှင့် ကောင်းသည်ဟု ထင်မြင်ချက်တို့ဖြင့် ပြဌာန်းထားခြင်း မဟုတ်ပေ။
- အစ္စလာမ်သည် ပြီးပြည့်စုံသော သာသနာဖြစ်ကြောင်း ညွှန်ပြထားသည်။
- သာသနာတော်တွင် ရှရီအဟ်နှင့် မကိုက်ညီသောတရားသစ်တီထွင်မှုတိုင်းသည် ပယ်ချခြင်းခံရမည်။ ဒုတိယဆင့်ပြန်ချက်တွင် တရားသစ်တီထွင်မှုတိုင်းသည်ပယ်ချခြင်းခံရမည်ဖြစ်ကြောင်း အတိအလင်းပါရှိသည်။ ၎င်းတရားသစ်သည် ပြုလုပ်သူက အသစ်တီထွင်ထားသည်ဖြစ်စေ သို့မဟုတ် ယခင်ကပင် ရှိနေခဲ့သည်ဖြစ်စေ အတူတူပင်ဖြစ်သည်။
- တရားတော်က တားမြစ်ထားသည့် ကတိကဝတ်၊စာချုပ်ဟူသမျှသည် အချည်းနှီးသာဖြစ်ပြီး ၎င်း၏ အကျိုးရလဒ်များကိုလည်း ခံစားခွင့် မရှိပါ။
- (ကိစ္စတစ်ခုကို)တားမြစ်ခြင်းသည် (ယင်းကိစ္စ အတည်မဖြစ်ကြောင်း) ပျက်ပြယ်ကြောင်းကို ဖေါ်ပြနေသည်။အဘယ်ကြောင့်ဆိုသော် တားမြစ်ခံရသော ကိစ္စတိုင်းသည် သာသနာ့ကိစ္စ မဟုတ်သည့်အတွက် ၎င်းတို့ကို ပစ်ပယ်ရန် တာဝန်ရှိသည်။