- စကားအစတွင် ကိန်းဂဏန်းများဖြင့် အစချီခြင်းသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏လမ်းစဉ်ပင်ဖြစ်သည်။ ထိုသို့အစချီခြင်းဖြင့် နားထောင်နေသူအား ရေတွက်ပြမည့် အရာများကို သေချာနားလည်စေရန်နှင့် သိချင်စိတ်ဖြစ်ပေါ်လာစေရန် တွန်းအားပေးပြီး ၎င်း၏စိတ်ထဲ၌ ထိုအကြောင်းအရာများကို သိလိုစိတ်၊ မှတ်သားနာယူလိုစိတ် ဖြစ်ပေါ်စေသည်။ အကယ်၍ ထိုအကြောင်းရာများအနက် အချက်တစ်ချက် လွတ်သွားလျှင်လည်း ၎င်းသည် ထိုအချက်ကို သိအောင်ကြိုးစားမည်ပင်ဖြစ်သည်။
- သက်သေခံခြင်းနှစ်ခုအား အတူတွဲ၍ သက်သေခံရန်အရေးကြီးသည်။ အကယ်၍ ထိုနှစ်ခုအနက် တစ်ခုလျော့သွားလျှင် သက်သေခံသူအား မည်သို့မျှအကျိုးပေးနိုင်မည်မဟုတ်ပါ။
- သက်သေခံခြင်းနှစ်ခုသည် ၎င်းတို့ပင်ကို၌ပင် အခြေခံအုတ်မြစ်ဖြစ်သကဲ့သို့ အခြားမဏ္ဍိုင်များနှင့် အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်မှုရရှိရန် ကျင့်ဆောင်သော အမလ်ကောင်းမှုတိုင်းအတွက် အခြေခံအုတ်မြစ်လည်းဖြစ်သည်။ အကယ်၍ အမလ်ကျင့်ဆောင်မှုတိုင်းသည် သက်သေခံခြင်းနှစ်ခု အပေါ် တည်ဆောက်ထားခြင်းမရှိပါက ထိုအမလ်ကျင့်ဆောင်မှုသည် ပြုလုပ်သူထံ ပြန်လည်အပ်နှင်းခြင်းခံရမည်ဖြစ်ပြီး လက်ခံသဘောတူခြင်းခံရမည်မဟုတ်ပေ။ ထို့အပြင် ထိုအမလ်အား ကျင့်ဆောင်သူသည် အလ္လာဟ်အရှင်မြတ်ထံတော်တွင် မည်သည့်အကျိုးမျှ ခံစားခွင့်ရမည်မဟုတ်ပေ။
- သက်သေခံခြင်းနှစ်ခု၌ သာသနာတော်တရပ်လုံး၏ အပြင်ပိုင်းဆိုင်ရာ အမလ်ကျင့်ဆောင်မှုများနှင့် အတွင်းပိုင်းဆိုင်ရာ အမလ်ကျင့်ဆောင်မှုများ အားလုံးပါဝင်သည်။
- ပထမ အရေးအကြီးဆုံး အကြောင်းအရာဖြင့်အစပြု၍ ထို့နောက် ဒုတိယ အရေးအကြီးသောအကြောင်းအရာ စသည်ဖြင့် တစ်ဆင့်ပြီးတစ်ဆင့် တင်ပြရန်ညွှန်ပြထားသည်။
- ဆွလာသ်အား မှန်ကန်သောပုံစံဖြင့် ဆောက်တည်ရန် အရေးကြီးကြောင်းတင်ပြထားသည်။
- ဆွိယာမ်ဥပုသ် စောင့်ထိန်းခြင်း၊ ဇကာသ်ပေးခြင်း၊ ဟဂ်ျပြုလုပ်ခြင်းတို့၏ အရေးကြီးပုံကို တင်ပြထားသည်။ မည်သူမဆို ထိုကဏ္ဍများအနက် တစ်စုံတစ်ရာလျော့နည်းသွားပါက ၎င်း၏ သာသနာရေးသည်လည်း လျော့နည်းသွားမည်ဖြစ်သည်။
- ဤဟဒီးဆ်တော်သည် သာသနာတော်အား နားလည်သဘောပေါက်ရန်အတွက် ကြီးကျယ်လှသည့် အခြေခံအုတ်မြစ်ဖြစ်ပြီး ဤဟဒီးဆ်ပေါ်တွင် သာသနာတော်တစ်ရပ်လုံး ရပ်တည်နေကာ သာသနာ့မဏ္ဍိုင်များ အားလုံးကို စုစည်းတင်ပြထားသည်။
- ဤဖရ်ဿ်ွ တာဝန်ငါးခုသည် တစ်ဦးခြင်းပေါ်တွင် တာဝန်ရှိသော ဖရ်ဿ်ွတာဝန်များဖြစ်သည်။ ထို့ကြောင့် ၎င်းတာဝန်များကို လူအချို့က ကျေပွန်လိုက်ခြင်းဖြင့် အခြားသူများတာဝန်မှ လွတ်ကင်းသွားမည်မဟုတ်ပေ။