- အကြင်သူသည် (ရှိရ်က်)ယှဥ်တွဲကိုးကွယ်မှု ကျူးလွန်၍ သေဆုံးခဲ့လျှင် ဂျဟန္နမ်ငရဲသို့လားရမည်။ သို့ရှိရာ အကယ်၍ ၎င်းသည် ရှိရ်က်အကြီးစား(အစ္စလာမ့်ဘောင်အပြင်သို့ ရောက်စေသည့် ရှိရ်က်အမျိုးအစား)ကို ကျူးလွန်ပါက ဂျဟန္နမ်ငရဲတွင် အမြဲထာဝစဉ်နေရမည်ဖြစ်သည်။ အကယ်၍ ရှိရ်က်အသေးစား (အစ္စလာမ့်ဘောင်အပြင်သို့မရောက်စေသည့် ရှိရ်က်အမျိုးအစား)ကို ကျူးလွန်ပါက ၎င်းသည် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသည်အထိ ပြစ်ဒဏ်ပေးခြင်းခံရပြီးနောက် ဂျဟန္နမ်ငရဲမှ ထွက်ရမည်ဖြစ်သည်။
- လုပ်ရပ်များ၏ အကျိုးဆက်သည် ၎င်း၏ နိဂုံးလုပ်ဆောင်ချက်များပေါ်တွင် မူတည်သည်။
- ဧကန်အမှန် ဒုအာဆုတောင်းခြင်းသည် (အိဗာဒသ်)ခဝပ်ကိုးကွယ်မှုဖြစ်သည့်အတွက် ၎င်းအား အလ္လာဟ်အရှင်မြတ်အတွက်သာ သုံးစွဲခွင့်ရှိသည်။