- အစီးအနင်းပေါ်တွင် မုအာဇ် (ရဿွိယလ္လာဟုအန်ဟု)အား မိမိ၏နောက်မှ လိုက်ပါစီးနင်းစေခြင်းသည် တမန်တော်မြတ်(ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ရိုကျိုးနှိမ့်ချမှုကို ဖော်ပြနေသည်။
- တမန်တော်မြတ်(ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်) ပညာသင်ကြားပေးသည့် နည်းစနစ်ကို သိရှိရသည်။ ကိုယ်တော်သည် မိမိပြောမည့်စကားကို အာရုံစိုက်စေရန် မုအာဇ် (ရဿွိယလ္လာဟုအန်ဟု)အား ထပ်တလဲလဲခေါ်ဆိုခဲ့သည်။
- “လာအိလာဟ အိလ္လလ္လာဟ် မုဟမ္မဒုရ် ရစူလွလ္လာဟ်”(အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိ၊ မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်သည်။)ကိုသက်သေခံရာတွင် စည်းကမ်းချက်တစ်ချက်မှာ ကလိမဟ်တော်ကို ဝန်ခံသက်သေထွက်ဆိုသူသည် သံသယဖြစ်ခြင်း၊ အပေါ်ယံဟန်ဆောင်ဖတ်ခြင်းမျိုး မဟုတ်ဘဲ ယုံကြည်ချက်နှင့်တကွ မှန်ကန်စွာ သက်သေခံရမည်။
- သောင်ဟီးဒ်တရားတော်ကို သက်ဝင်ယုံကြည်သူများသည် ဂျဟန္နမ်ငရဲမီး၌ အမြဲထာဝစဉ်နေထိုင်ရမည် မဟုတ်ပေ။ အကယ်၍ အပြစ်အကုသိုလ်များကြောင့် ဂျဟန္နမ်ငရဲသို့ ကျရောက်ခဲ့လျှင်လည်း အပြစ်များမှ သန့်စင်ခြင်းခံရပြီးနောက် ဂျဟန္နမ်မှ ထွက်ရမည်ဖြစ်သည်။
- သက်သေခံခြင်းနှစ်မျိုးကို မှန်ကန်စွာသက်သေခံခြင်း၏ အကျိုးကျေးဇူးကိုဖော်ပြထားသည်။
- ဆိုးကျိုးဖြစ်ပေါ်လာနိုင်လျှင် အချို့သောအခြေအနေများ၌ ဟဒီးဆ်တစ်ပုဒ်အား မဆင့်ပြန်ပဲနေခွင့်ရှိသည်။