- အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်း သက်သေခံခြင်း၏ အလိုသဘောမှာ အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းကိုသာ ခဝပ်ကိုးကွယ်ပြီး အရှင်မြတ်မှအပ အခြားမည်သည့်အရာကိုမျှ ခဝပ်ကိုးကွယ်မှု မပြုခြင်းဖြစ်သည်။
- မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းသက်သေခံခြင်း၏ အလိုသဘောမှာ ကိုယ်တော်နှင့်ကိုယ်တော်ယူဆောင်လာခဲ့သည့်အရာများကို အီမာန်သက်ဝင်ယုံကြည်ခြင်း၊ တမန်တော်မြတ်သည် လူသားတို့ထံ စေလွှတ်ခြင်းခံရသည့် အလ္လာဟ်အရှင်မြတ်၏ နောက်ဆုံးစေတမန်တော်ဖြစ်ကြောင်း သက်ဝင်ယုံကြည်ခြင်းဖြစ်သည်။
- ပညာရှိသူ၊ စောဒကများသူကို ပြောဆိုတင်ပြခြင်းသည် ပညာမဲ့အား ပြောဆိုတင်ပြခြင်းနှင့် မတူပေ။ ထို့ကြောင့် ကိုယ်တော်က မုအာဇ်(ရဿွိယလ္လာဟုအန်ဟု)အား (ဧကန်မုအမှန်ပင် သင်သည် ကျမ်းရပုဂ္ဂိုလ်များထံသွားရောက်နေသည်)ဟု အသိပေးမိန့်ကြားတော်မူခြင်းဖြစ်သည်။
- မွတ်စ်လင်မ်တစ်ဦးသည် သံသယရှိသူတို့၏ ဒွိဟသံသယများမှ ကင်းဝေးနိုင်ရန် မိမိသာသနာအား အထောက်အထားနှင့်တကွ သိနားလည်ထားရှိရန် အရေးကြီးသည်။ ဤသည် သာသနာ့ပညာသင်ယူဆည်ပူးခြင်းဖြင့်သာ ရရှိနိုင်မည်ဖြစ်သည်။
- တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)စေလွှတ်ခံရပြီးနောက်
- ယဟူဒီနှင့် နဆ်ွရာနီတို့၏ သာသနာသည် တရားမဝင်တော့ပေ။ ၎င်းတို့သည် တမန်တော် မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အပေါ် အီမာန်သက်ဝင်ယုံကြည်ကာ အစ္စလာမ်သာသနာ့သို့ မဝင်ရောက်မချင်း ကိယာမသ်ရှင်ပြန်ထမည့်နေ့တွင် လွတ်မြောက်အောင်မြင်မည့်သူများတွင် ပါဝင်မည်မဟုတ်ပါ။