- တမန်တော်မြတ်( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် )၏ ကောင်းမြတ်သည့် ကိုယ်ကျင့်တရားအားတင်ပြထားသည်။ ကိုယ်တော်သည်မိမိ၏ အဆ်ွဟာဗ်တော်များနှင့်အတူ ထိုင်လေ့ရှိပြီး အဆ်ွဟာဗ်တော်များကလည်း ကိုယ်တော်ထံထိုင်ကြသည်။
- စိတ်ကျဉ်းကျပ်ခြင်း၊ ကြောက်ရွံ့ခြင်းတို့မရှိဘဲ မေးခွန်များ မေးမြန်းနိုင်ရန်အတွက် မေးမြန်းသူအား နီးနီးကပ်ကပ်ရှိစေပြီး နူးညံ့စွာဆက်ဆံရမည်။
- ဆရာအပေါ်ထားရှိရမည့် ကျင့်ဝတ်သည် ဂျိဗ်ရီးလ်(အလိုင်ဟိစ္စလာမ်) လုပ်ပြခဲ့သည့်အတိုင်းပင်ဖြစ်သည်။ သူသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် )ထံမှ သင်ယူဆည်းပူးရန်အတွက် ကိုယ်တော်၏ရှေ့မှောက်တွင် ရိုသေစွာထိုင်ခဲ့သည်။
- အစ္စလာမ်၏မဏ္ဍိုင်သည် ငါးခုရှိပြီး၊ အီမာန်၏ အခြေအမြစ်တရားသည် ခြောက်ပါးရှိသည်။
- အီမာန်နှင့် အစ္စလာမ်အား တွဲသုံးထားလျှင် အစ္စလာမ်သည် အပြင်ပိုင်းဆိုင်ရာ ကျင့်ဆောင်မှုများကို ဖွင့်ဆိုခြင်းဖြစ်ပြီး အီမာန်သည် အတွင်းပိုင်းဆိုင်ရာ ကျင့်ဆောင်မှုများကို ဖွင့်ဆိုခြင်းဖြစ်သည်။
- သာသနာတော်တွင် မတူညီသော အဆင့်အတန်းများရှိသည် ပထမအဆင့်မှာ အစ္စလာမ်ဖြစ်ပြီး ဒုတိယအဆင့်မှာ အီမာန်ဖြစ်သည်။ တတိယအဆင့်မှာ အိဟ်စာန်ဖြစ်ပြီး ၎င်းသည် အမြင့်ဆုံးအဆင့်ဖြစ်သည်။
- လူတစ်ဦး မေးမြန်းရခြင်း၏ အဓိကအကြောင်းရင်းမှာ မသိနားမလည်သည့်အတွက်ဖြစ်သည်။ မသိနားမလည်ခြင်းကပင် မေးခွန်းမေးရန် တွန်းအားပေးခြင်းဖြစ်သည်။ ထို့ကြောင့်ပင် (ဂျိဗ်ရီးလ်(အလိုင်းဟိစ္စလာမ်)က) သူကိုယ်တိုင်မေးပြီး သူကိုယ်တိုင်ပြန်ထောက်ခံနေသည့်အတွက် ဆွဟာဗဟ်များ အံ့ဩခဲ့ကြခြင်းဖြစ်သည်။
- အရေးကြီးဆုံးအရာဖြင့် စတင်ပြီး တဆင့်ပြီးတဆင့် အရေးကြီးသောအရာများကို တင်ပြရမည်။ အဘယ့်ကြောင့်ဆိုသော် ကိုယ်တော်သည် အစ္စလာမ်အား ရှင်းပြသည့်အခါ သက်သေခံခြင်းနှစ်ခုဖြင့် စတင်ခဲ့ပြီး အီမာန်ယုံကြည်မှုကို ရှင်းပြသည့်အခါ အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်ခြင်းဖြင့် စတင်ထားသည်။
- အခြားသူကို သင်ကြားပေးရန်အတွက် မေးခွန်းမေးမြန်းသူသည် မိမိသိပြီးသားအရာကို ပညာရှင်တစ်ယောက်အား မေးမြန်းခွင့်ရှိသည်။
- (ကိယာမသ်) ရှင်ပြန်ထမည့်နေ့၏ အသိပညာကို အလ္လာဟ်အရှင်မြတ်က မိမိ၏ အသိပညာ၌သာ ထားရှိသည်။