- သောဝ်ဟီးဒ်တရား၏မွန်မြတ်မှုကို ဖော်ပြထားသည်။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို ယှဉ်တွဲကိုးကွယ်ခြင်းမပြုဘဲ မုအ်မင်န်အဖြစ် သေဆုံးခဲ့ပါက ဂျန္နသ် သုခဘုံသို့ဝင်ရောက်ရမည်။
- ရှိရ်က်၏အန္တရာယ်ကို ဖော်ပြထားသည်။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို ယှဉ်တွဲကိုးကွယ်၍ သေဆုံးခဲ့ပါက ဂျဟန္နမ်ငရဲဘုံသို့ ဝင်ရောက်ရမည်။
- သော်ဝ်ဟီးဒ်တရားကို လက်ခံကျင့်သုံးသူများအနက်မှ အပြစ်အကုသိုလ်ကျူးလွန်သူတို့အခြေအနေသည် အလ္လာဟ်အရှင်မြတ်၏အလိုတော်အတိုင်းသာဖြစ်လိမ့်မည်။ အကယ်၍ အလ္လာဟ်အရှင်မြတ်က ၎င်းတို့အားအပြစ်ပေးလိုကပေးတော်မူမည်ဖြစ်ပြီး၊ ခွင့်လွှတ်လိုက ခွင့်လွှတ်တော်မူမည်ဖြစ်သည်။ ထို့နောက် ၎င်းတို့ပြန်လှည့်ရာနေရာဌာနသည် ဂျန္နသ်သုခဘုံသာဖြစ်သည်။