- အီမာန်တွင် အဆင့်အတန်းများစွာရှိပြီး အချို့ကအချို့ထက် ပို၍မွန်မြတ်သည်။
- အီမာန်ဟူသည် နှုတ်ဖြင့်ဝန်ခံခြင်း၊ လက်တွေကျင့်ဆောင်ခြင်း၊ နှလုံးသားမှ ယုံကြည်ခြင်းတို့ဖြစ်သည်။
- အလ္လာဟ်အရှင်မြတ်အပေါ် အရှက်တရားထားခြင်းဟူသည် အရှင်မြတ်၏ တားမြစ်ချက်များကို သင်ကျူးလွန်နေကြောင်း အရှင်မြတ်ကမမြင်တွေ့ရ
- ခြင်းနှင့် အရှင်မြတ်က အမိန့်ပေးထားသည့် ကိစ္စအား ပျက်ကွက်မှုမရှိခြင်းတို့ဖြစ်သည်။
- ဟဒီးဆ်တော်၌ အရေအတွက်ကို တင်ပြခြင်းသည် ထိုအရေအတွက်ဖြင့်သာ ကန့်သတ်ထားခြင်း မဟုတ်ပေ။ သို့သာမက အီမာန်နှင့်သက်ဆိုင်သည့် အမလ်ကျင့်ဆောင်မှုများသည် အများအပြားရှိကြောင်း ညွှန်ပြနေခြင်းဖြစ်သည်။ အရဗ်တို့သည် တစ်စုံတစ်ရာနှင့် ပတ်သက်၍ အရေအတွက် ဖော်ပြသည့်အခါ ထိုအရေအတွက်အပြင် နောက်ထပ်မရှိတော့ကြောင်း ရည်ရွယ်ခြင်းမရှိပါ။