- အလ္လာဟ်အရှင်မြတ်က မိမိ၏ကျေးကျွန်များအပေါ် လိုက်နာရန် သတ်မှတ်ထားသည့် အရှင်မြတ်နှင့်သက်ဆိုင်သည့် တာဝန်ကို ရှင်းလင်းတင်ပြထားသည်။ ၎င်းမှာ အလ္လာဟ်အရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ရန်နှင့် အရှင်မြတ်နှင့်အတူ မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်မှု မပြုရန်ဖြစ်သည်။
- အလ္လာဟ်အရှင်မြတ်သည် ကျေးကျွန်များအပေါ် ကျေးဇူးပြုသည့်အနေဖြင့် မိမိအပေါ်မိမိ သတ်မှတ်ထားသည့် တာဝန်ကို ရှင်းလင်းတင်ပြထားသည်။ ၎င်းမှာ ကျေးကျွန်တို့အား အပြစ်မပေးဘဲ ဂျန္နသ်သုခဘုံသို့ ဝင်ရောက်စေခြင်းဖြစ်သည်။
- အလ္လာဟ်အရှင်မြတ်နှင့်အတူ မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်ခြင်းမပြုသော သောင်ဝ်ဟီးဒ်တရားကို သက်ဝင်ယုံကြည်သူများနှင့် ပတ်သတ်၍ ဤဟဒီးဆ်တော်၌ ကြီးကျယ်သည့်သတင်းကောင်းပါရှိသည်။ ထိုသူတို့၏ နောက်ဆုံးပြန်လှည့်ရာနေရာသည် ဂျန္နသ်ဝင်ရောက်ရခြင်းပင်ဖြစ်သည်။
- မုအာဇ်(ရဿွိယလ္လာဟုအန်ဟု)သည် အသိပညာကို ဖုံးကွယ်ထားသည့် အပြစ်အကုသိုလ်ကိုကြောက်ရွံ့သည့်အတွက် မကွယ်လွန်မီ ဤဟဒီးဆ်တော်အား ဆင့်ပြန်ခဲ့ခြင်းဖြစ်သည်။
- ကျင့်စဉ်ကျင့်ရပ်များ၊ ရှရီအဟ်၏အမိန့်ပညတ်ချက်များမပါသော အချို့ဟဒီးဆ်ဩဝါဒတော်များကို အဓိပ္ပါယ်နားမလည်နိုင်မည့်လူအချို့အား ဆင့်ပြန်ခြင်းမပြုရန်သတိပေးထားသည်။
- သော်ဝ်ဟီးဒ်တရားကို လက်ခံကျင့်သုံးသူများအနက်မှ အပြစ်အကုသိုလ်ကျူးလွန်သူတို့အခြေအနေသည် အလ္လာဟ်အရှင်မြတ်၏အလိုတော်အတိုင်းသာဖြစ်လိမ့်မည်။ အကယ်၍ အလ္လာဟ်အရှင်မြတ်က ၎င်းတို့အားအပြစ်ပေးလိုကပေးတော်မူမည်ဖြစ်ပြီး၊ ခွင့်လွှတ်လိုကခွင့်လွှတ်တော်မူမည်ဖြစ်သည်။ ထို့နောက် ၎င်းတို့ပြန်လှည့်ရာနေရာဌာနသည် ဂျန္နသ်သုခဘုံသာဖြစ်သည်။